Friday, September 20, 2013

ကစားပုံ အကူးအပြောင်းတွင် အားနည်းချက်များ ရှိနေခဲ့ဟု ဂျပန်အသင်း နည်းပြချုပ် ထောက်ပြ





မန်မာ အမျိုးသမီး အသင်းအနေတွင် ကစားသမားကောင်းများ ပိုင်ဆိုင်ထားပြီး တိုက်စစ်နှင့် ခံစစ်ပိုင်း တောင့်တင်းသော်လည်း တိုက်စစ်မှ ခံစစ်၊ ခံစစ်မှ တိုက်စစ်သို့ ရုတ်တရက် ကူးပြောင်းရာတွင် အားနည်းခဲ့သောကြောင့် မိမိတို့ အသင်းကို ရှုံးနိမ့်ခဲ့ ရခြင်း ဖြစ်ကြောင်း ဂျပန် အမျိုးသမီး အသင်း၏ နည်းပြချုပ် ဟိုရီနို ဟီရိုယူ ကီက ပြော
ကြားခဲ့သည်။
မြန်မာ အသင်းသည် ဂျပန် အသင်းနှင့် အုပ်စုဗိုလ် နေရာအတွက် အရေးကြီးသည့် ပွဲစဉ်တွင် ပွဲချိန် ပထမပိုင်း၌ ဂျပန် အသင်းကို ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂျပန်၏ တိုက်စစ်ဆင်မှုကို တောင့်ခံနိုင်ခြင်း မရှိဘဲ ဂိုးများ ပေးရကာ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်း ရှုံးနိမ့်ခဲ့ရခြင်းနှင့် ပတ်သက်၍ ဂျပန် နည်းပြချုပ် ဟီရိုယူကီက "မြန်မာ အသင်းက ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းပါ။ တိုက်စစ်ပိုင်း ကစားပုံ ကောင်းပြီးတော့ ခံစစ်ပိုင်းလည်း တောင့်တင်းပါတယ်။ ကွင်းလယ်ပိုင်းကတော့ သာမာန်လောက်ပဲ ရှိတယ်လို့ ထင်ပါတယ်။ မြန်မာ အသင်းရဲ့ အဓိက အားနည်းချက်ကတော့ တိုက်စစ်ကနေ ခံစစ်ကို ရုတ် တရက် ကူးပြောင်းတဲ့ နေရာနဲ့ ခံစစ်ကနေ တိုက်စစ်ကို ကူးပြောင်းတဲ့ နေရာတွေ မှာ နှေးကွေး တာပါပဲ။ ဒါကြောင့် လျှင်လျှင်မြန်မြန် ထိုးဖောက်လာတဲ့ တိုက်စစ်ကို မတားနိုင်ခဲ့ သလို ဘောလုံး ရချိန်မှာလည်း ပြန်ပြီးတော့ အခွင့်အရေး မယူနိုင်ခဲ့ပါဘူး"ဟု သုံးသပ် ပြောကြား ခဲ့သည်။ ဆက် လက်၍ ဟီရိုယူကီက မြန်မာ အသင်းအနေဖြင့် အဆိုပါ အားနည်းချက် ကို ပြင် ဆင်နိုင် ပါက ယခု ထက်ပိုမို၍ တိုးတက်လာမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

ဂျပန် အသင်း နည်းပြချုပ် ဟီရိုယူကီ (၀ဲအစွန်)ကို တွေ့ရစဉ်  

ဂျပန် နည်းပြချုပ်၏ အဆိုပါ မှတ်ချက် စကားကို မြန်မာ အသင်းနည်းပြချုပ် ကုမာဒါကလည်း လက် ခံ ခဲ့ပြီး မြန်မာ အသင်း၏ အဆိုပါ အားနည်းချက်ကို ပြင်ဆင်ရန် ကြိုးပမ်းနေခဲ့သည်မှာ (၂)နှစ် ခန့် ရှိပြီ ဖြစ်ကြောင်း၊ အာဆီယံ ဒေသတွင်း အသင်း အချင်းချင်း တွေ့ဆုံချိန်တွင် ထိုအား နည်း ချက်မှာ မသိသာသော်လည်း အဆင့်မြင့် ပြိုင်ဘက်များနှင့် တွေ့ဆုံချိန် တွင် ပေါ်လွင် လာခြင်း ဖြစ်ကြောင်း၊ မြန်မာအသင်းမှာအာရှအဆင့်သို့ တိုးဝင်နေသည့် အသင်းဖြစ်သောကြောင့် ထို အားနည်းချက်ကို ကြိုးစား ပြင်ဆင်သွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

 

No comments:

Post a Comment