Thursday, September 19, 2013

ယခင် Day Club များနှင့် ပါတီပွဲများ ပြုလုပ်ခဲ့သည့် နေရာများကို ရဲတပ်ဖွဲ့က အမြဲတမ်း စောင့်ကြည့်နေပြီး ဖွင့်လှစ်ခဲ့ပါက ပိုင်ရှင်နှင့် စီစဉ်သူကို အရေးယူမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယခင်က Day Club နှင့် Day ပါတီပွဲများ ပြုလုပ်ခဲ့သည့် နေရာများကို ရဲတပ် 
ဖွဲ့က အမြဲတမ်း စောင့်ကြည့်နေပြီး ပြုလုပ်နေသည်
ဟု စစ်ဆေးတွေ့ရှိပါက ဆိုင်ပိုင်ရှင်နှင့် ပွဲစီစဉ် သူကို အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေ
သကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၏ ပြောကြား ချက်အရ သိရသည်။
ယင်းကဲ့သို့ ရန်ကုန်မြို့အတွင်း ယခင်က Day Club နှင့် Dayပါတီပွဲများ ပြုလုပ်ခဲ့သည့် နေရာများမှာအနည်းဆုံးငါးနေရာမှ ၁၀ နေရာအ ထိ ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မြင့်အေးက ''ခရိုင်အတွင်း မှာတော့ အရင်က Day Club ဖွင့်ခဲ့တဲ့ နှစ်နေရာရှိတယ်။အဲဒီနေ ရာကို အမြဲတမ်း စောင့်ကြည့်နေတယ်။ အရင်က ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ဒီလုပ်ငန်းတွေ လုပ်နေတယ်။ အခုတော့ အမိန့်စာ ထုတ်ထားတဲ့အတွက် ထိရောက်စွာ အရေးယူနေပါပြီ။ ဖမ်းဆီး ရခြင်းရဲ့ အဓိက အကြောင်း ရင်းကတော့ ကျောင်းနေအရွယ် ကလေးတွေ ပျက်စီးလာ တာတွေကြောင့် ဖြစ်တယ်။ ဒါကြောင့် ဖွင့်တယ်လို့ စစ်ဆေးတွေ့ရှိရင်တော့ ပိုင်ရှင်၊ ပွဲစီစဉ်သူနဲ့ ကျင်းပခဲ့တဲ့နေရာကို နှစ်အကန့်အသတ်နဲ့ပိတ်သွားပါမယ်''ဟုစက်တင်ဘာ၁၈ရက်နံနက်က  ပြော ကြားသည်။
Day Club ဖွင့်တယ်လို့ သံသယရှိတဲ့ နေရာသုံးနေရာ ရှိတယ်။ ဥပမာ ပုလဲကွန်ဒို၊ ရန်ကုန်အင်တာနေ ရှင်နယ် ဟိုတယ်တို့ဖြစ်ပြီး သံသယရှိတဲ့ နေရာတွေကိုလည်း အမြဲတမ်း စောင့်ကြည့်နေတယ်။ လုပ် တယ် ဆိုရင် ဖမ်းဆီးသွားမှာပါ'' ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာ ၀န်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၈ ရက် နံနက်က ပြောကြားသည်။
ယင်းကဲ့သို Day Club များကို စစ်ဆေး အရေးယူနိုင်ရန် အတွက် စုံစမ်းဖမ်းဆီးရေး အဖွဲ့တွင် သက် ဆိုင်ရာ မြို့နယ်အများအလိုက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး မှူးနှင့် မြို့နယ်ရဲ တပ်ဖွဲ့မှူးများ ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်က ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်တွင် ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်နေသည့် Black & White Day Club ကို ၀င်ရောက်စစ်ဆေးကာ အရေးယူခဲ့ကြောင်း သိရသည်။

No comments:

Post a Comment