Wednesday, September 25, 2013

ရခိုင်လူထုအား သူရဦးရွှေမန်း တွေ့ဆုံမည်

ရခိုင်လူထုနှင့် ပြည်ထောင်စု
လွှတ်တော်နာယက သူရဦးရွှေမန်းတွေ့
ဆုံပွဲကို ယခုလ ၂၉ ရက်နေ့တွင် ရန်ကုန်
 ၌ ကျင်းပမည်ဖြစ်သည်။ ထိုတွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် 
၁၇ မြို့နယ်မှ တစ်မြို့နယ်လျှင် ကိုယ်စား
လှယ် ၃ဦးစီ၊ ရခိုင်တိုင်း ရင်းသား ၀န်ကြီး ၊
 ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့်
 ပါတီကိုယ်စားလှယ်များ တတ်ရောက်မည် ဟုသိရ သည်။ ထိုတွေ့ဆုံပွဲတွင် ဒေသဖွံ့ဖြိုးမှုအတွက်
ရံပုံငွေကိစ္စ၊ တိုင်းရင်းသားဥပဒေကိစ္စများ ကို ဆွေးနွေးရန်ရှိကြောင်း ထိုတွေ့ဆုံပွဲသို့တတ်ရောက်မည့် ဒေသကိုယ်စားလှယ်များထံမှ သိရ သည်။ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးဦးဇော်အေးမောင် က တွေ့ဆုံပွဲသည် သာမန်တွေ့ဆုံပွဲသာဖြစ်ပြီး သူရဦးရွှေမန်း ရခိုင်ပြည်နယ်သို့ မလာဖြစ်သည့်အ တွက် ရန်ကုန်တွင်ပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောသည်။ MyanmarExpress

No comments:

Post a Comment