Friday, September 6, 2013

လွှတ်တော်အမတ်ကို iPad ပေးထားတော့ ဘာဖြစ်သွားသလဲ


ထိုင်းလွှတ်တော်မှာ အမတ်မင်း 
တယောက် iPad ကနေ ဖွယ်ဖွယ်
 ရာရာတွေ ကြည့်နေခြင်းအကြောင်း
ကို ဘန်ကောက်ပို့စ် သတင်း တပုဒ်မှာ ဖတ်လိုက်ရပါတယ်။
လွှတ်တော်အစည်းအဝေးမှာ ပြော
ဆိုဆွေးနွေးနေကြတဲ့ ဆန် သယ်ယူပို့ဆောင်စရိတ်အကြောင်း            ရှာဖွေဖို့ iPad ကို ပွတ်သပ်စဉ်မှာ ဒီပုံ
ထွက်လာတယ်လို့ အဲဒီ လွှတ်တော်အမတ်ကရှင်းပါတယ်။
ဒီ iPad က သူ့အတွက် အသစ်အဆန်းဖြစ်နေတယ်၊ ဖက်ရှင်ပုံတွေရှိတဲ့ အင်တာနက်လိပ်စာတွေကို ကလစ် မိရာကနေ ဖွယ်ဖွယ်ရာရာပုံများ ထွက်လာခြင်းပါ လို့ ဆိုပါတယ်။အဲဒီပုံတွေ က ဝတ်လစ် စလစ်ပုံတွေ မဟုတ်ဘူး၊ သို့သော်လည်း ရေကူးဝတ်စုံ ဝတ်ထားတဲ့ အမျိုးသမီး ပုံတွေ ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။သူက ဒီ မတော်တဆမှုအတွက် တောင်းပန်လိုက်ပါ တယ်။ဒီ iPad ကို ထပ်သုံးဖို့ လန့်သွား ပါပြီ တဲ့။ထိုင်းလွှတ်တော်က ကိုယ်စားလှယ်များအားလုံးကို iPad ကိုယ်စီ ပေး သုံး ထား တယ်၊ သူကတော့ ဒီ iPad ကို ပြန်အပ်ပါမယ်လို့ ဆိုတယ်။ဘန်ကောက်ပို့စ် သတင်းစာ သတင်းတပုဒ် http://www.bangkokpost.com/news/politics/365138/mp-caught-with-ipad-porn ကို ပြန်ပြောပြ တာပါ။


No comments:

Post a Comment