Monday, September 9, 2013

ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် နိုင်ငံတကာအကြံပေးအဖွဲ့ ရွေးချယ်မည်

Photo: ။KYL

ရခိုင်ပြည်နယ်တွင်
 ဖော်ဆောင်မည့်
 ကျောက်ဖြူအထူး
စီးပွားရေးဇုန်အတွက်
ရင်းနှီးမြုပ်နှံသူများ
 ခေါ်ယူရာတွင် လိုက်
နာရမည့် အပြည်ပြည်
ဆိုင်ရာ စံချိန်စံညွန်း များကို ရေးဆွဲရန်အ
တွက်နိုင်ငံတကာ အကြံပေးအဖွဲ့တစ်ခုကို
ရွေးချယ်သွားမည်ဟု

စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးမြင့်သိန်းက ပြောသည်။" ဒီစီမံကိန်းက အစိုးရအချင်းချင်းလုပ်မဲ့ စီမံကိန်း မဟုတ်ဘူး ဒီတော့ ရင်းနှီးမြုပ်နှံသူတွေကို တင်ဒါခေါ်တဲ့အခါ နိုင်ငံတကာ စံညွန်းအတိုင်းဖြစ်အောင်
Terms  of conditionတွေ terms of reference တွေကို ရေးဆွဲဖို့အတွက် အတွေ့အကြုံရှိတဲ့ နိုင်ငံ တကာ အကြံပေး အဖွဲ့ကို အရင်ရွေးရမယ် " ဟု ၄င်းကပြောသည် ။အပြည်ပြည်ဆိုင်ရာ အကြံပေးအဖွဲ့ အ တွက် တင်ဒါကို စက်တင်ဘာလ ၂၃ရက်နေ့တွင်စတင်လက်ခံသွားမည်ဖြစ်ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တင်ဒါအောင်အဖွဲ့ကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည် ။ထို့နောက် ကျော်ဖြူအထူးစီးပွားရေးဇုန်အတွက် ရင်းနှီးမြုပ်နှံမှု တင်ဒါကို ၂၀၁၃ ဒီဇင်ဘာလတွင် ခေါ်ယူကာ ၂၀၁၄ မတ်လတွင် တင်ဒါအောင် ကုမ္ပဏီအား ထုတ်ပြန်ကြေညာမည် ဖြစ်သည် ။၂၀၁၄ ဧပြီလမှာ စီမံကိန်း စတင်အကောင်အထည်ဖေါ်မယ် ဟု ဘဏ္ဏာရေးဒုဝန်ကြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကြံပေးအဖွဲ့ ဒု ဥက္ကဌ ဦးမောင်မောင်သိမ်း က ပြော သည် ။


.. www.MyanmarExpress.net

No comments:

Post a Comment