Monday, September 9, 2013

နိုင်ငံရေး အမည်ခံ လုပ်စားများအား ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့

ယခုတလော မည်သည့်နေရာ၊ မည်သည့်ပွဲပဲဖြစ်ဖြစ် ရှေ့ဆုံးမှမြောက်ကြွမြောက်ကြွမိုက်ကိုင်ပြီး တက်ရောက်လာသူ ပရိတ်သတ်များ စိတ်ပျက်ဖွယ်ကောင်းလောက်အောင်ပြောဆိုနေ ကြ သည် မှာနိုင် ငံရေးသမားယောင်ယောင်၊  ဟိုယောင်ယောင်   ဒီယောင်ယောင်ထောင်ထွက်များ ပင်ဖြစ် သည် နိုင်ငံတော်သမ္မတကြီး၏ စေတနာဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေ သည့် ကာလတွင် နိုင်ငံ့အကျိုးကို တစ်တပ်တစ်အား ကျရာနေရာမှ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ ၄င်းတို့အား လွှတ်ပေးခဲ့သည့်အချိန်က ပြည်သူအများမှ မျှော်လင့်တကြီးဖြင့် ကြိုဆိုခဲ့ကြဖူးသည်။
သို့သော်.....တဖြည်းဖြည်းဖြင့်အချိန်ကာလကြာရှည်သောအခါ မယောင်ရာဆီလူးများ၊ တိုင်းပြည် ၏ တိုးတက်ရာတိုးတက်ကြောင်းကို ဖျက်ဆီးနေကြသူများ၊ ၄င်းတို့ ရောက်ရှိသည့်နေရာတိုင်းတွင်   ကောင်းကျိုးများဖြစ်လာသည်မရှိဘဲ မတည်မငြိမ်မှုများဖြစ်ပေါ်ခြင်း၊ အမျိုးမျိုးသောဆန္ဒပြပွဲ များ ကို လုပ်ဆောင်နေသူများအဖြစ်    ပြည်သူများက သတိပြုမိလာခဲ့ပြီဖြစ်သည်။
အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍လည်း ယခုအပါတ်ထုတ် First News    ပြည်တွင်း ထုတ်ဂျာနယ်တစ်စောင်မှလည်း နိုင်ငံရေးအမည်ခံလုပ်စားများအကြောင်းဖော်ထုတ်ရေးသားခဲ့ သည်ကို တွေ့ရမည်ဖြစ်ပေသည်...။

No comments:

Post a Comment