Thursday, September 5, 2013

KIA ကဲ့သို့သော သောင်းကျန်းသူများအပေါ် အမြစ်ပြုတ်တိုက်ရန် သမ္မတဦးသိန်းစိန်ကို တရုတ်အစိုးရ တိုက်တွန်း


KIA ကဲ့သို့သော အဖွဲ့အစည်းများအပေါ် နယ်             
စပ်ဒေသလုံခြုံရေးအတွက် အမြစ်ပြုတ်တိုက်
 ရန် သမ္မတဦးသိန်းစိန်ကို တရုတ်အစိုးရ တိုက်
တွန်း
တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် အတွက် နယ်စပ်လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် တရုတ်အစိုးရက နန်နင်းသို့ ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို တိုက်တွန်း ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။
နှစ်နိုင်ငံနယ်စပ်ဒေသများ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်နိုင်မှသာ နှစ်နိုင်ငံ ရေရှည် တည်မြဲသော ဆက်ဆံရေး ကို ဖော်ဆောင် နိုင် လိမ့်မည်ဟု တရုတ်ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် လီကာကျန်းက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ပြောကြားခဲ့ကြောင်း ရှင်ဟွာ သတင်းကဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံ နန်နင်းမြို့တွင် စက်တင်ဘာလ ၂ရက်နေ့က ကျင်းပသည့် (၁၀) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် ခရီးစဉ်အတွင်း တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီကာကျန်းနှင့် တွေ့ဆုံစဉ် ၄င်းက ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ အနောက် တောင်ပိုင်းဒေသ တစ်လျှောက်တွင် မြန်မာအစိုးရက စီးပွားရေးနှင့် လူမှုဘဝ တည်ဆောက်ရေး လုပ်ငန်းများ ဆောက်ရွက်နေချိန်တွင် တရုတ်နိုင်ငံကလည်း ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောက်ရွက်နေကြောင်း အဆိုပါ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်တစ်လျှောက် ဈေးကွက်များစွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံ အပြန်အလှန် အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်ကြောင်း ၄င်းက ရှင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် တပ်မတော်နှင့် ကေအိုင်အေ တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့မှု ကြောင့် တရုတ်နယ်မြေ အတွင်းသို့ အမြောက်ကျည်များ၊ ဗုံးများ ကျရောက်ခဲ့၍ မြန်မာနိုင်ငံကို နယ်စပ်လုံခြုံရေး ကိစ္စများကို အရေးတယူ ဆောင်ရွက်ရန် အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့ဖူးသည်။

Ref- The Voice

No comments:

Post a Comment