Saturday, September 7, 2013

ခင်ဝင့်ဝါ ဆု (၄) ဆု ရရှိ

Miss Supranational ပြိုင်ပွဲ ရဲ့ Official Webpage        မှာမိမိနှစ်သက်ရာ ပြိုင်ပွဲဝင်ကို အနဲဆုံး သတ် မှတ်ထားတဲ့၁၀မဲကို ၅ဒေါ်လာပေြး ပီးတော့ Credit/Debit Card Payment System နဲ့ငွေချေပြီးတော့မဲပေးရတဲ့ Online Voting ပြိုင်ပွဲကတော့ပြီးဆုံးသွားပါပြီ။
Miss Myanmar Khin Wint Wah ကမဲ အရေအတွက် 3600 နဲ့ကျန်တဲ့ပြိုင် ပွဲ ၀င်တွေအားလုံးကိုအပြတ်အသတ်ဖြတ်           ကျော်ြ ပီး Miss Supranational Internet! ဆုကိုရရှိသွားပါတယ်။
Miss Supranational Internet! ဆုကိုရရှိသွားတဲ့အတွက်ခင်ဝင့်ဝါ ဟာ ဒီညမှာကျင်းပမဲ့ Miss Supranational       ပြိုင်ပွဲရဲ့Final ပွဲစဉ်မှာ Top (20)        စာရင်းထဲကို အလိုအလျောက်ပါပြီး  သားဖြစ်သွားပါပြီ။ မူရင်းပြိုင်ပွဲ ကပေး              တဲ့ Miss Supranational Internet! ဆုအပြင်
Missosology website ကနေပေးတဲ့
People Choice Award! Face of Miss Supranational 2013!
Belarus website ကပေးတဲ့ Most Beautiful Girl in the World! စတဲ့ Title (4)ခုကို
လက်ရှိအချိန်မှာ ခင်ဝင့်ဝါ တစ်ယောက်ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။
Miss Myanmar Khin Wint Wah ရရှိခဲ့တဲ့ဆုလေးခုစလုံးဟာအွန်လိုင်းမဲအရေအတွက် အများဆုံးရရှိမှုကိုဆုံးဖြတ်ပြီးပေးအပ်ချီးမြှင့်တာဖြစ်တဲ့အတွက်Voteလုပ်ပေးခဲ့ကြတဲ့ပရိတ်သတ် များရဲ့ကျေးဇူးကြောင့်ရရှိခဲ့တာလိုပြောရင်လွန်မယ်မထင်ပါဘူး။
ခင်ဝင့်ဝါက Miss Supranational ပြိုင်ပွဲကြီးမှ ချီးမြှင့်တဲ့ Miss Internet ဆုအပြင်မြန်မာ ပရိ သတ်များအားလုံးInternetConnectionမကောင်းတဲ့ကြားကအိပ်ရေးအပျက်ခံ၊ မောက်စ်ပျက်အောင်
အားကြိုးမာန်တက် မဲပေးရွေးချယ်အားပေးခဲ့ကြတဲ့ဘီလာရုပ်စ်Website မှ ချီးမြှင့် တဲ့ Most Beautiful Girl In the World ဆုMissosology မှ ချီးမြှင့်ပေးတဲ့ People Choice Award နဲ့ 
Face of Miss Supranational 2013 ဆုတွေကို ပါခင်ဝင့်ဝါက မြန်မာပြည်အတွက် ဂုဏ်ယူစွာ သယ်ဆောင်လာတော့မှာပါ.....

No comments:

Post a Comment