Thursday, September 5, 2013

ထိုင်း မဟီဒေါတက္ကသိုလ် မြန်မာကျောင်းသား ၃၀ ပညာသင်ဆုပေးမည်

နော်ဝေအစိုးရ၏ ပညာသင်ဆု ထောက်ပံ့ရေး
 အစီအစဉ်များထဲမှ ပထမဆုံး စီမံချက်တစ် 
ခုဖြစ်သော ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်
 (Mahidol) တွင် သင်ကြားရန် မြန်မာနိုင်ငံမှ
 ဘွဲ့လွန်တန်း ကျောင်း သား၊ ကျောင်းသူ ၃၀    ဦးကို ပညာသင်ဆုပေးမည့်
အစီအစဉ်ကို ယခုလအတွင်းစတင် ပြီ ဖြစ်ကြောင်း မြန် မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက ထုတ်ပြန်သည်။
နော်ဝေအစိုးရသည် ထိုင်းနိုင်ငံ AIT တက္ကသိုလ်တွင် တက်ရောက် လိုသည့် မြန်မာဘွဲ့လွန် ကျောင်းသား ၁၂၀ ဦးအတွက် ပညာသင်ဆု ထောက်ပံ့မည့် အစီအစဉ်ကို ၂၀၁၂ ခုနှစ်တွင် စတင်ခဲ့ပြီးနောက်ပိုင်း မဟီဒေါ တက္ကသိုလ်အတွက် ပညာသင်ဆုပေးမှု အစီအစဉ်ကို ထပ်မံပြုလုပ်ခဲ့သည်။
ပညာသင်ဆု လျှောက်ထားလိုသည့် ကျောင်းသားများသည် ယင်းတက္ကသိုလ်ရှိ Life Science & Health၊ Social & Population Science၊ Human Rights & Peace Studies နှင့် Environmental Science ဘာသာရပ်တို့အနက်မှ စိတ်ကြိုက် ဘာသာရပ် များကို ရွေး ချယ်လျှောက် ထားနိုင်ကြောင်း နော်ဝေအစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပညာသင်ဆု လျှောက်ထားရန် လိုအပ်ချက်များကို http://www.grad.mahidol.ac.th/grad/evaluation/sch/home.php?main
index=g eneral.php တွင် ကြည့်ရှုနိုင်ပြီး၊
ဆက်သွယ်မေးမြန်းလိုပါက အဆိုပါ မဟီဒေါတက္ကသိုလ်ရှိ တွဲဖက်ပါမောက္ခ ဒေါက်တာ Anadi Nitithamyong ၏ အီးမေးလ် anadi.nit@mahidol.ac.th သို့မဟုတ် naowarat.imi@ mahidol.ac.th ကို တိုက်ရိုက် မေးမြန်းနိုင်သည်။

No comments:

Post a Comment