Thursday, September 5, 2013

ရွှေမာလာရိပ်မွန်က အနှိပ်ခန်းကို ရဲဝင်ဖမ်းလိုက်ပြီ

ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်း၊ ရွှေမာလာရိပ်မွန်တွင် ဖွင့်လှစ်ထားသော အနှိပ်ခန်းကို စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ပူးပေါင်းဖမ်းဆီး လိုက် သည် ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။“Crystal” ဟုအမည်ရှိသော အဆိုပါ အနှိပ်ခန်း တရားမ၀င်လုပ်ကိုင်နေကြောင်း သတင်းရရှိသဖြင့် ယင်းနေ့ည ၈ နာရီကျော်တွင် ၀င်ဖမ်း လိုက်ခြင်းဖြစ်ကြောင်း ရဲဌာနကဆိုထားသည်။ထိုသို့ဖမ်းဆီးစဉ် ဆိုင်မန်နေဂျာနှင့် အတူ ဧည့်သည် အမျိုးသားများကို နှိပ်ပေးနေသော အနှိပ်သမအမျိုး သမီးကိုးဦးကို လည်း ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။ထို့ပြင်တိုက်အဆောက်အဦ၏ ပထမ ထပ်ရှိ အခန်း လွတ်အတွင်း၌လည်း ဧည့်သည် အမျိုး သားများ ကို နှိပ်ပေးရန်စောင့်ဆိုင်းနေသော အနှိပ်သမ ခုနစ်ဦးနှင့် အတူ ဧည့်ကြိုအမျိုးသားတစ်ဦး တို့ကို ဖမ်းဆီးခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဆက်လက်ဖော်ပြထားသည်။
ရဲများက အနှိပ်ခန်းတွင်အသုံးပြုသော စာရင်းဇယားများ၊ မွေ့ယာများ၊ ခေါင်းအုံး များနှင့် ငွေသား ကျပ် သုံးသောင်းတို့ကို သက်သေခံအဖြစ်သိမ်းဆည်းခဲ့သလို ဆိုင်မန်နေဂျာအပါအ၀င် အနှိပ်ခန်း အတွင်း ဖမ်းမိ သူ ၁၇ ဦးကိုလည်း ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်တိုင် တန်း ထားသည်။ထိုသို့တိုင်တန်းမှုကြောင့် မြို့နယ်ရဲစခန်းက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈၊ က/ခ ဖြင့် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးကလည်းရာကြီး အမှတ် ၄၃၂/၂၀၁၃ ဖြင့် လက် ခံဆောင်ရွက် လျက်ရှိ သည်ဟု တိုင်းရဲဌာန က ထုတ်ပြန်ထားသည်။

No comments:

Post a Comment