ထုံးစံအတိုင်း မြန်မာ့နိုင်ငံရေး ရာသီဥတုက တိမ်တောင်သဖွယ် မင်းရေးကျယ်နေဆဲပါပဲ။ အဲဒီအထဲမှာမှဖွဲ့ စည်း ပုံအခြေခံ ဥပဒေပြင် ဆင်ရေးနဲ့ ၂၅ ရာခိုင်နှုန်းပါနေတဲ့ တပ်မတော် အခန်းကဏ္ဍ ဖယ်ရှားရေးကိစ္စက အတော်ကြီး ကျယ်ကျယ်လောင်လောင် ဖြစ်လာတာပါ။
သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် တယ်ဆို တာ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ လွှတ်တော်ကပဲ လုပ်ရမယ်။ လွှတ်တော်နဲ့ပြည်သူက ပြင်မယ် ဆိုရင် အစိုးရအနေနဲ့ ကန့်ကွက်စ ရာ
မရှိဘူးလို့ ပြောခဲ့တယ်။ လွှတ်တော်ထဲမှာ လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေးနဲ့ပတ် သက်ပြီးတော့ လေ့လာဆန်း စစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့တယ်။ ဒီ ကော်မတီက လွှတ်တော် က ချမှတ်ထားတဲ့ ဦးတည်ချက် ၃ ရပ်ကို အခြေခံပြီးတော့ မဏ္ဍိုင် ၃ ခုရဲ့ သုံးသပ်ချက်တွေနဲ့ အကြံပြု ချက် တွေကို လွှတ်တော်က တစ်ဆင့် တောင်းခံထားတာကို တွေ့ရပါတယ်။တကယ်တော့ ဒီ ကိစ္စ ကိုလွှတ်တော် ထဲမှာအဆိုပြုခဲ့တာက အနိုင်ရပါတီပါ။ သို့ပေသည့် အံ့သြဖို့ကောင်း တာက ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် အပြိုင် အဆိုင် ပြင် ဆင်ရေးဆွဲနေတဲ့ နိုင်ငံရေး ပါတီက အနည်းဆုံး ၃ ပါတီထက် မနည်းပါဘူးတဲ့။ NLD ကဆိုရင် သူတို့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လူထုအထိ ချပြဖို့လုပ်နေတယ်လို့ သိရတယ်။ လက်နက်ကိုင်အဖွဲ့အစည်း တချို့ကတော့ ရှင်းတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ်ပြန်ရေးတာ လုံးဝလက်မခံနိုင်ပါဘူးတဲ့။ နိုင်ငံတကာ က ကျွမ်းကျင်သူတွေကလည်း အခြေခံ ဥပဒေကိုအသစ်ပြန်ရေးတာဟာ ”လက်တွေ့နဲ့ကင်း ကွာလွန်း တယ်။ အန္တရာယ်များလွန်းတယ် ”လို့ ဝေဖန်ကြ တယ်။တိမ်တောင် သဖွယ်ဖြစ်နေတဲ့ မြန်မာ့နိုင် ငံရေး မှာ ပြောမဆုံးပေါင်ဖြစ်နေတဲ့ အစဉ်အလာရောဂါ တစ်ခု အကြောင်းကိုလည်း မလွဲမသွေ ထည့်ပြောရပါဦးမယ်။ အဲဒါကတော့ ဘယ်တော့မှ မညီညွတ်တဲ့ ပြဿနာပါ။ မြန်မာနိုင်ငံရေးမှာ အသွင်ကူးပြောင်းတဲ့ကာလကို ဖြတ်သန်းလေ တိုင်း ကြုံတွေ့ရတဲ့ မရင့်ကျက်နိုင်တဲ့ (မရင့် ကျက်သေး တဲ့) ပြဿနာပါပဲ။ သမိုင်းထဲမှာ ဖဆပလ (၂) ခြမ်းကွဲတာ ဟာ ‘မူ’ ပြဿနာမဟုတ်ဘူး။ ‘လူ’ပြဿ နာဆိုပြီး ဝါရင့်သမ္ဘာရင့်နိုင်ငံရေးသမားကြီးတွေ သုံးသပ်ခဲ့ကြတယ်။ ဒါကို ဦးသိန်းညွန့် က မြန်မာပြည်နိုင်ငံရေးလောကမှာဖြစ်နေတာက ”သင်သည် ငါမဟုတ်သောကြောင့် သင့်ကိုငါ မထောက်ခံနိုင်”ဆိုတာပဲတဲ့။ ဒီစကားရဲ့ အဓိပ္ပာယ်က ”ငါသည် ငါဖြစ်သောကြောင့် ငါ့ကိုငါ သာထောက်ခံ”ဆိုတဲ့သဘော။ဒီသဘောတွေကို မြန်မာနိုင်ငံရေးစင်မြင့်မှာမရိုးအီနိုင်အောင် တွေ့ နေရတာပါ။ သေချာတာကတော့ ၂ဝ၁၅ အတွက် အားကောင်းမောင်းသန်နိုင်ငံ ရေးပါတီမရှိနိုင်ခြင်းပဲဖြစ်တယ်။ ၂ဝ၁၅ မှာ သမ္မတဖြစ်လိုကြောင်း ကြီးနှစ်ကြီး က ကြေညာထားပါတယ်။ အတိုက်အခံခေါင်းဆောင် တစ်ယောက် ထက်စာရင် သမ္မတက ပိုလုပ်နိုင်တဲ့ ကိစ္စတွေအများ ကြီးရှိတယ်ဆိုပြီး ဒေါ်အောင်ဆန်းစု ကြည်က ကွင်းဆင်း ဟေြာေ ပာမှု၊ ဆွေး နွေးမှုတွေကို ပြည်တွင်းပြည်ပမှာ တရစပ်လုပ်ဆောင်လာတာကိုတွေ့ရပါတယ်။ ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ဖို့ဆိုရင် Article ၅၉ ကို မလွဲမေ သွ ပြင် ရမှာဖြစ်တယ်။Article ၅၉ ကိစ္စပြီးတော့ ငြိမ်းချမ်းရေးဘက်ကို နည်းနည်းဆက်ကြရအောင်။ မြန်မာနိုင်ငံမှာ အစိုးရက အကောင် အထည်ဖော်နေတဲ့ ပြုပြင်ပြောင်း လဲမှု ၃ ခုရှိပါတယ်။ နိုင်ငံရေးပြောင်းလဲ မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှုတွေပါ။ ဒီ ၃ ခုကို အစိုးရက လက်တွေ့ကျ ကျ အကောင် အထည် ဖော်နေတာကို တွေ့ရတယ်။ ဒီ ၃ ခုဟာလည်း တစ်ခုနဲ့ တစ်ခု အပြန်အလှန်ဆက်စပ်အကျိုးပြု နေတယ်။ ဆိုလိုတာကပြည်တွင်းငြိမ်း ချမ်းရေးတည်ေ ဆာက်မှုကို ပီပီပြင်ပြင် မတည်ဆောက်နိုင်ရင် နိုင်ငံရေးပြောင်း လဲမှုမပီပြင်မယ့်သဘော။ ဒီနေရာမှာ အပစ်ရပ်ထားရုံနဲ့ မလုံလောက်သေးပါဘူး။ ထာဝရငြိမ်းချမ်းရေးရဖို့ အတွက် တိုင်းရင်းသားလူမျိုးစုတွေကြား အာဏာခွဲဝေမှု၊အကျိုးစီးပွားတွေကို မဟာဗျူဟာမြောက် အပေး အယူလုပ်ဆောင်နိုင်မှု၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားစတဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ ခေါင်းစဉ်တွေ အကျုံး ဝင်နေတာပါ။ ပြည်တွင်းငြိမ်းချမ်းရေးဟာ သိပ်ကိုအရေးကြီးတယ်။ ဒါကြောင့် အစိုးရသစ်ဟာ ပြည်တွင်းငြိမ်း ချမ်းရေးကို အလေးထားကြိုး ပမ်းခဲ့တာကိုတွေ့ရမယ်။ စိန်ခေါ်မှု၊ ဟန့်တားမှုတွေများခဲ့ပေမယ့် အောင်မြင် သင့်သလောက်အောင်မြင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုးနဲ့ အဲဒီကဆင်းသက်သာတဲ့ တိုင်း ရင်းသားမျိုးနွယ်ပေါင်း ၁၃ဝ ရှိတယ်။ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ရှိတယ်။ ၁၄ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူ ထားပြီးဖြစ်တယ်။ အစိုးရက အောက်တိုဘာလထဲမှာ တိုင်းရင်းသားအားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးကို လက် မှတ်ရေး ထိုးမယ်လို့ ကြေညာထားတယ်။ အပစ်အခတ်ရပ်စဲရုံနဲ့ မလုံလောက်သေး ပေမယ့် ဒီအဆင့်ကို အခြေခံလို့ ရှေ့ ဆက်မယ့် နိုင်ငံရေးစကား ဝိုင်းတွေအောင်မြင်အောင် ကြိုးစားကြရဦးမယ်။ တကယ်တော့ ဒီလောက်များ ပြားလှတဲ့ တိုင်းရင်းသားမျိုးနွယ်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အရေး အရာဟာဘယ် တိုင်းပြည်၊ ဘယ် နိုင်ငံနဲ့မှ မတူ ညီနိုင် တဲ့ မြန်မာနိုင်ငံရဲ့ အရှိတရားပါ။ ဒီနေရာမှာ ပထဝီနိုင်ငံရေးရဲ့ အရေးပါအရာရောက်မှုကိုလည်း ကျွန်တော်တို့တစ်တွေ မေ့ထားလို့မရနိုင်ပါ ဘူ။ မြန်မာနိုင်ငံအရှေ့ဘက်မှာ တရုတ်နဲ့အနောက်မြောက် ဘက်မှာ အိန္ဒိယ စတဲ့ ဒေသတွင်းအင်အားကြီးနိုင် ငံတွေ၊ မြန်မာနိုင်ငံဟာ ဒီနှစ်နိုင်ငံကို ထိန်းချုပ်နိုင်တဲ့မဟာဗျူဟာနေရာ တည့်တည့်မှာ ရှိတယ်။ ဒါ့အပြင် တောင် ဘက်မှာက ဘင်္ဂလားဒေ့ရှ်၊ သူ့အကျယ်က ရှမ်းပြည် နယ်သာသာရှိတယ်။ ဒါပေမဲ့ လူဦးရေ က သန်း ၁၂ဝ ကျော်သွားပါပြီ။ လူဦး ရေပေါက်ကွဲနေတဲ့ တိုင်းပြည်ဖြစ်တယ်။ နောက်ပြီးမြန်မာနိုင်ငံဟာ ကမ္ဘာ့အရှေ့ နဲ့အနောက် ကုန်သွယ်ရေကြောင်း သွားလာနိုင်တဲ့ မလက္ကာရေလက်ကြားကို ထိန်းချုပ်နိုင်တဲ့ အနေအထား မှာရှိတယ်။ ပြီးတော့ နိုင်ငံဟာ ရှည်လျားတဲ့ကမ်းရိုး တန်းကို ပိုင်ဆိုင်ထားတယ်။ မြစ်ချောင်း တွေပေါတယ်။ သယံဇာတပေါတယ်။ မြေလွတ်မြေရိုင်းများတယ်။ ရာသီဥတုမျှတတယ်။ အရှေ့တောင်အာရှမှာ ဒုတိယ အကျယ်ဆုံးဖြစ်တယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်ရေး၊ နိုင်ငံရေး၊ စီး ပွားရေးအရ မဟာဗျူဟာတန်ဖိုး တွေကို ပိုင်ဆိုင်ထား တဲ့ နိုင်ငံဖြစ်တယ်။ တန်ဖိုး ကြီးလေလေ၊ မျက်စောင်းထိုးတဲ့လူများလေလေ လုံခြုံအောင်ထိန်းထားရမယ့် တာဝန်က ကြီးလေ လေပဲ။ ဒါကိုလူတိုင်း သိတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေ လုံခြုံဖို့အတွက်ကို တားဆီးနှောင့်ယှက် နေတဲ့ ပြဿနာတွေကလည်း တစ်ပုံ တစ်ပင်ကြီးရှိတယ်။ စီးပွားရေး လုံခြုံဖို့၊ စားနပ်ရိက္ခာ လုံခြုံဖို့၊ ကျန်း မာရေး လုံခြုံဖို့၊ လူ့အဖွဲ့အစည်းလုံခြုံဖို့ စတဲ့ ခြိမ်းခြောက်မှုတွေကလည်း များတယ်။ နယ်စပ်ဒေသတွေက တိုင်းရင်းသား အဖွဲ့တချို့နဲ့ပတ်သက်နေတဲ့ မူးယစ် ဆေးဝါး ကိစ္စတွေ၊ လူမှောင်ခိုကူးတာ တွေ၊ တရားဥပဒေစိုးမိုးရေး လျော့ကျ လာရတဲ့ ကိစ္စတွေ၊ ယဉ်ကျေးမှုစီးဝင်ထိုး ဖောက်လာတာတွေ၊ ကုန်ကု န်ပြောရ ရင် စောင့်လေ မျိုးနွယ် ဆိုတဲ့ ကိစ္စတွေကစ လို့ ဒါတွေဟာ ဒီကနေ့ ခြိမ်းခြောက်နေ တဲ့ ပကတိအရှိတရားတွေသာ ဖြစ် တယ်။ ဒီလိုပြဿနာတွေ၊ စိန်ခေါ်မှုတွေ တစ်ပုံတစ် ပင်ကြီး အတွက် ကိုယ်ခံစွမ်း အားကောင်းဖို့လိုတယ်။ နိုင်ငံကိုအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရကကော။ အဖွဲ့အစည်း အသီးသီး ပါတီအသီးသီး ရင့်ကျက်ဖို့ လိုတယ်။ ပရော်ဖ က် ရှင်နယ် ဖြစ် ရမယ်။ ဒီနေရာမှာ ပြောလိုတာက ဘယ်လို အခြေအနေမျိုးကိုရောက်ရောက် မကွဲမပြား ဘဲ သူ့တာဝန်သူ ထမ်းဆောင်၊ သူ့အလုပ် သူလုပ်နေတဲ့အဖွဲ့အစည်းဆိုလို့ (ကြိုက် သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ)တစ်ခု တည်းရှိပါတယ်။ အဲဒါက တပ်မတော်ပါ။ တပ်မတော်ဟာ နိုင်ငံတော်ရဲ့ သစ္စာ ခံထားတဲ့ အခိုင်မာဆုံး အဖွဲ့လည်းပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး ရေပန်းစားနေတဲ့လက်ရှိကာလမှာ ၂၅ ရာခိုင်နှုန်းတပ်မတော်ရဲ့ ကဏ္ဍ ကို ဖယ်ရှားရေးဟာလည်း ပါတီအတော် များများရဲ့ သည်းခြေကြိုက်ဖြစ်လာတာကိုတွေ့ရတယ်။ ဒေါ်အောင် ဆန်းစုကြည် နဲ့သူရဦးရွှေမန်းက ဒီမိုကရေစီသဘောတရားနဲ့ မညီညွတ်တာတွေ ပြင်မယ်လို့ ကြေညာ ပါတယ်။ လွှတ်တော်ထဲက တပ်မတော်သားအမတ်တွေကို ဆိုလိုဟန် တူပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးမောင်တိုးက တပ်မတော်သားကိုယ်စားလှယ်တွေကို ဖြုတ်ကို ဖြုတ်ပစ်ရမယ်လို့ ကြွေးကြော် ခဲ့တယ်။ နိုင်ငံရေးသမားတွေ၊ အဖွဲ့အစည်း တွေအနေနဲ့ အခြေခံဥပဒေကို ကြိုက် ခြင်း၊ မကြိုက်ခြင်းဟာ တစ်ပိုင်း၊ အခြေ ခံဥပဒေကိုလိုက်နာခြင်းဟာ တစ်ပိုင်း ဆိုတာကို နား လည်ပေးဖို့လိုအပ်မှာပါ။ အခြေခံဥပဒေ ပြင်ဆင်တယ် (ဒါမှ မဟုတ်) အသစ်ရေးဆွဲတယ်ဆိုရင် လည်း အဲဒီအခြေခံဥပဒေအသစ်ထဲမှာ တပ်မတော် ဟာ အခြေခံ ဥပဒေကို ကာ ကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားခဲ့မယ်ဆိုရင် အဲဒီအချိန်တွေ မှာလည်း တပ်မတော်ဟာ အဲဒီအခြေခံဥပဒေကိုကာကွ ယ်စောင့်ရှောက်ပြီး လိုက်နာ ကျင့်သုံးနေမယ်ဆိုတာ တိတိ ကျကျမြင်သင့်ပါတယ်။ ဒီလိုအဖွဲ့ အစည်းက မြန်မာပြည်မှာ တပ်မတော်ပဲ ရှိတယ်ဆိုတာကိုလည်း ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမှန်တရားပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ဟာ ပါတီနိုင်ငံရေးလုပ်တာမဟုတ်ဘဲ နိုင်ငံတော်ရဲ့သစ္စာခံထားတဲ့ အဖွဲ့အစည်း ဖြစ်နေတာကြောင့်ပါ။ ဘယ် အစိုးရ တက်တက် ဒီနိုင်ငံကြီးကို ကာကွယ်ရမယ်ဆိုတာ သူ့အလုပ်ပါပဲ။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကြိုးပမ်းနေကြတဲ့ သူတွေ ထည့်စဉ်းစားရမယ့် အချက်တွေ က မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး အခင်းအကျင်းရယ်၊ သက်တမ်းနုနု ဒီမို ကရေစီရယ်၊ မတူကွဲပြားတဲ့ တိုင်းရင်းသား မျိုးနွယ်စုရယ်၊ လက်နက်ကိုင်ထားတဲ့ အင်အားစုတွေရယ်၊ အဲဒီအထဲက တချို့ တစ်တွေက ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင်ရဲ ရှိရမယ်ဆိုပြီး ဟစ်အော်နေတာတွေရယ်။ ပါးလှပ်လှတဲ့ ငြိမ်းချမ်းရေးခရီးရယ်၊ နောက်ထပ် ဂရိတ်ပါဝါတွေကြား ပထဝီ နိုင်ငံရေးအရ အရေးပါနေမှုေ တွ ရယ်၊ နိုင်ငံရေးပါတီတွေရဲ့ အသွင်ကူးပြောင်း ရေးကာလဖြတ်ကျော်လေတိုင်း ကွဲနေ ကျအတိုင်း ကွဲနေမှုတွေရယ်၊ ဒီအရေး ဒီအရာေ တွကြောင့် နိုင်ငံတော်ရဲ့လုံခြုံရေး၊ ကာကွယ်ရေးဟာ အတိမ်းအစောင်း မခံနိုင်ပါဘူးဆိုတဲ့ အချက်တွေပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် နဲ့လို့ ကန့်ကွက်နေတာမဟုတ်ပါဘူး။ အမေရိကန်လို နိုင်ငံမျိုးမှာတောင် အချိန်လုံလုံလောက်လောက်ယူပြီး တစ်ဆင့်ချင်းပြင်ခဲ့၊ ဖြည့်စွက်ခဲ့လို့ ဒီကနေ့ အခြေအနေမျိုး ရောက်လာ တာပါ။ သူတို့ဆီမှာ တိုင်းရင်းသားလူမျိုး ၃ မျိုးသာရှိပြီး ဒီတိုင်းရင်းသားတွေအတွက် နှစ်ပေါင်းများစွာ ညှိနှိုင်း ခဲ့ကြရတယ်ဆိုတဲ့ အချက်ကိုကျွန်တော်တို့တစ်တွေမေ့ ထားလို့မရပါဘူး။ ပြောချင်တာက ဖွဲ့စည်းပုံကိုပြင်ချင် တယ်ဆိုရင်ပြင်ပါ။ သို့သော် လုံလောက်တဲ့ အချိန် ယူရမှာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ပကတိအခြေ အနေကို သုံးသပ်ပြီး လွှတ်တော်ထဲမှာ ပါတီတွေနဲ့ညှိ၊ တပ်မတော်နဲ့ညှိ၊ လက် နက်ကိုင်အဖွဲ့တွေနဲ့ညှိ၊ အကျေ အလည် ညှိနှိုင်းပြီးကာမှ စိတ်ရင်းစေတနာ မှန်ကန်စွာနဲ့ ပိုမိုသင့်လျော်၊ ပိုမိုကောင်းမွန်အောင် ပြုပြင်သင့် တယ်လို့ထင်တယ်။ ပါတီတစ်ခု၊ နှစ်ခုရဲ့ အကျိုးစီးပွားနဲ့ ကိုယ်သမ္မတဖြစ်ရေးအတွက် အသွင်ကူးပြောင်း ရေးကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းတွေနဲ့ ကိုယ်ပြင်ချင်သလို ပြင် လို့မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။
၂ဝဝ၈ ဖွဲ့စည်းပုံမှာ ၂၅ ရာခိုင်နှုန်းကို အထိန်းအထေ့သဘောမျိုးထားခဲ့တယ်။ ဘာဖြစ်လို့ ဒီလိုထားခဲ့ရ တာလည်းဆိုတဲ့ အဖြေကို ယခင့်ယခင်က Negative အမြင်နဲ့ ကြည့်ခဲ့ကြပေမယ့် လက်ရှိကာလမှာ ဒါဟာ ဖြစ်သင့်တယ်လို့ ထုတ်ဖော် ပြောလာကြတဲ့ နိုင်ငံရေးသမားတွေ တိုးလာနေပါပြီ။ နိုင်ငံရေးမှာ အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေး (Civil Military Relation) က သိပ်ကိုအရေးကြီးတယ်။ ဒီမိုကရေစီအရုဏ်ဦး နိုင်ငံမျိုးတင်မကပါဘူး။ ဒီမိုကရေစီမွန်းတည့်နိုင်ငံတွေက ဒီ Relation ကို သိပ်သတိထားရပါတယ်။ ဒီဆက်ဆံရေး ကောင်းမွန်ချောမွေ့စေဖို့အတွက် လုံခြုံရေးစိတ်ချရတဲ့ ဝန်းကျင် တစ်ခုရအောင် ဖန်တီးရ ပါတယ်။ စက်တင်ဘာလထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ထိုင်းဝန်ကြီးချုပ်ယင်လပ် ရှင်နာဝပ်နဲ့ တွေ့တော့ ”နိုင်ငံရေးနဲ့ ပတ်သက်ပြီးနိုင်ငံတော်မှာနိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးအရ ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေးအရ ပြုပြင် ပြောင်းလဲမှုတွေကို အစိုးရဘက်က လုပ်ဆောင်နေပါတယ်။ ဒီလုပ်ငန်း တွေ အောင်မြင်အောင် ကျွန်တော်တို့ တပ်မတော်က ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်။ တစ်ဦးနဲ့တစ်ဦး အမြင်ချင်း ကွဲပြားကြပေမယ့်ကျွန်တော် အာမခံတာတစ်ချက်ရှိတယ်။ လက်ရှိ အခြေအနေ ကနေ တိုးတက်ဖို့ပဲ ရှိမယ်။ နောက်ကိုပြန်ရောက်စရာ အကြောင်းမရှိဘူး။ တပ်မတော်ကဒီအတွက်တာဝန် ယူပါတယ်” ဆိုပြီး ပြောကြားခဲ့တာပါ။ ၁။ နိုင်ငံရေးမှာ တပ်မတော် မလိုတော့အောင် ပါတီတွေ၊ အဖွဲ့အစည်းတွေ ပရော်ဖက်ရှင်နယ်ဖြစ်ပြီလား။ ရင့်ကျက် ပြီလား။ ဆိုလိုတာက ကိုယ့်ပါတီ မဲရဖို့ ကိုယ်အာဏာရဖို့ တိုင်းပြည်ကို ဗုဒ္ဓ ဘာသာအဖြစ် ကြေညာ၊ ပြည်တွင်း စစ်တွေဖြစ်၊ တပ်မတော်ကို ထိုးကျွေး စတဲ့ ဒီလိုအလုပ်မျိုးတွေ မလုပ်ရအောင် ရင့်ကျက်ပြီလား။
၂။ အင်အားတစ်သိန်းခွဲလောက် ရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ရာနှုန်းပြည့် စိတ်ချနိုင်ပြီလား။ ဒီလိုစိတ် ချရအောင် တပ်မတော်အတွက် ဘာတွေ လုပ်ပေးကြမလဲ။
၃။ ပြည်နယ်အသီးသီး မခွဲထွက် တော့ပါဘူးဆိုတာ သေချာပြီလား။
အဲဒီတော့ ပြောချင်တာက ဒီမိုက ရေစီသက်တမ်းနုနုလေးမှာ ဟိုဘက်ဒီ ဘက် ရင့်ကျက်ပေးစေလိုပါတယ်။ ဒီနေ့ ဒီအချိန်အခါမှာ တိုင်းပြည်အတွက်ဆိုတဲ့ စေတနာနဲ့ စိတ်ကောင်းနှလုံးကောင်း ထားပြီး ကိုယ့်လက် ထဲက သမိုင်းကြောင်း လှသွားဖို့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း လှသွားဖို့ အနစ်နာခံလို စိတ်လေးတွေနဲ့ ညီညွတ်ကြစေ လိုပါတယ်။

No comments:
Post a Comment