Thursday, November 21, 2013

လယ်ယာမြေပြန်ရအောင် ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကြေးရယူထားသူ ခေတ်သစ် ပြည်သူ့ပါတီဝင် နှစ်ဦး အဖမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ မြို့နယ်အတွင်းရှိ လယ်သမားများအား လယ်မြေပြန် လည်ရရှိ ရန် ဆောင် ရွက် ပေးမည်ဟု ဆိုကာ ငွေကြေးရယူ ထား သော ခေတ် သစ်ပြည်သူ့ပါတီဝင်နှစ်ဦး အား ရဲစခန်းမှ ထိန်း သိမ်း ထားသည်ဟု သိရသည်။ ခေတ်သစ်ပြည်သူ့ပါတီ အရန်ဗဟိုအလုပ် အမှုဆောင် ကော်မတီ ဝင် ဦးသိ န်းတန်က ဖြစ် ရပ်အား စုံစမ်း နေပြီး ဟုတ်မှန်ပါက ပါတီဘက်က လည်း ထိုသို့လုပ်ကိုင်မှုကို လက်ခံသွား မ ည်မဟုတ်ဟု ပြောသည်။
”သူတို့အနေနဲ့ အမှန်တကယ် ကျူးလွန်ရင် ကျွန်တော်တို့ ပါတီက ထုတ်ပယ် တဲ့အထိ ပြုလုပ်မှာပါ” ဟု ၄င်း ကဆိုသည်။
လက်ရှိတွင် ၄င်းတို့ပါတီအနေနှင့် ကော်မရှင်ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ် နေ သည်ဟု ၄င်းက ထပ်မံ ဆိုသ ည်။
ခေတ်သစ် ပြည်သူ့ပါတီသည် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေးကျောင်းတော်သား
များ နိုင် ငံရေးအဖွဲ့မှ အသွင်ပြောင်း ထား ခြင်းဖြစ်ကာ ၂ဝ၁ဝ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ ဖူး သည်။ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းရေးကော်မရှင်က အမှု တွဲပေါင်း ၇ဝဝကျော်ကို လွှတ်တော် သို့ တင် သွင်း ခဲ့သည်။ နိုင်ငံတော် သမ္မတက ထိုအမှု များကို တစ်နှစ်အတွင်း ဖြေရှင်းပေး မည်ဟု လွှတ်ေ တာ် သို့ အကြောင်းပြန် ခဲ့ပြီး ၂ဝ၁၃သြဂုတ် ၂ဝရက် မှ အောက် တိုဘာ ၂၅ ရက်နေ့အထိ အမှုပေါင်း ၅ မှု(ေ မြဧက ၁၉၇၃.ဝ၃) ပြီးပြတ် အောင် ရှင်းလင်း ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အောက်တိုဘာ၃ဝရက် နေ့ကအကြောင်းပြန်  ကြောင်း သိရသည်။

No comments:

Post a Comment