Saturday, November 23, 2013

"နိုင်ငံရေးဆိုတာဘာလဲ"

ဒီကနေ့ မီဒီယာလောကကို ပဲ ကြည့် ကြည့်၊သတင်းဂျာနယ်တွေ ပဲကြည့်ကြည့် ယုတ်ဆွအ ဆုံး အရပ် ဘက်စကားဝိုင်းတွေကို ပဲကြည့်ကြည့် နိုင်ငံရေးနဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး၊ လက်ရှိ အစိုးရကို ဖျက်သိမ်း ပြီး နောက် မင်းလောင်းမျှော်တဲ့ အကြောင်း အရာတွေပဲ အများ ဆုံးတွေ့မြင် လာရတော့ အတွေးတစ်ခုဝင်လာပါ တယ်။ နိုင်ငံရေးဆိုတာဘာလဲပေါ့.....။ သေချာတာကတော့ နိုင်ငံရေးအကြောင်းပြောမယ်ဆိုရင် နိုင်ငံတော်နဲ့ အစိုးရအပိုင်းကို ထည့် မပြောလို့ မဖြစ်ပါဘူး။ ဒါ့အပြင် ပြည်သူ၊ မီဒီယာနဲ့ အတိုက်အခံတွေကို လည်း ထည့်သွင်း စဉ်း စားပေးရမှာပါ။ ပထမဦးဆုံးဖြစ်တဲ့ နိုင်ငံတော်ကို စတင်စဉ်းစားမယ်ဆိုရင် ပထ၀ီအနေ အထား အရ သတ်မှတ်ထားတဲ့ဧရိယာအတွင်းမှာရှိတဲ့ တိုင်းပြည်လည်းဖြစ်သလို လူမျိုးပေါင်းစုလည်းဖြစ် ပါတယ်။ ဒီတော့ နိုင်ငံတော်ကို အဓွန့်ရှည်ရှည်နဲ့ တိုးတက်အောင်မြင်ပြီး တည်တံ့ခိုင်မြဲစေချင်ရင် ၎င်းတိုင်းပြည် အတွင်းမှာရှိ တဲ့လူမျိုးပေါင်းစုံများ တစ်နည်းအားဖြင့် တိုင်းရင်းသားအများစုရဲ့ စည်းလုံးညီညွတ်ရေးက အဓိကကျတယ်လို့ ပြောလို့ရပါ တယ်။ မြန်မာနိုင်ငံတော်ရဲ့ အခြေအနေ ကို ကြည့်မယ်ဆိုရင် လူမျိုးစုပေါင်း ၁၃၅ မျိုးခန့် တည်ရှိနေတာကို တွေ့မြင်ရပါမယ်။ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ နောက်ခံသမိုင်း၊ စုပေါင်း နေထိုင်တဲ့ နယ်မြေတွေ မတူညီတဲ့ နိုင်ငံ တစ်နိုင်ငံမှာ တိုင်းရင်းသားစည်းလုံညီညွတ်ရေး တည်ဆောက်ဖို့က အဓိကစိန်ခေါ်နေတဲ့ပြဿနာ တစ်ရပ်ကြီးပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းဖြစ်စဉ်အရလည်း တိုင်းရင်းသား စည်းလုံးညီညွတ် မှုရရှိစေရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့တာကိုလည်း အားလုံးတွေ့ရှိနိုင်ပါတယ်။ ၁၉၄၈မှ ၂၀၁၀ကာလ အတွင်း အာဏာရ အစိုးရအဖွဲ့အစည်း အသီးသီးတို့ဟာ တိုင်းရင်းသားစည်းလုံညီညွတ်မှုကို စွမ်း အားရှိသမျှ ဆောင်ရွက်ခဲ့ကြသော် လည်းအောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ကြပါဘူး။
အခုအာဏာရအစိုးရအနေနဲ့လည်း တိုင်းရင်းသားစည်းလုံးညီညွတ
်ရေးအ တွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်တွေလုပ်ကိုင်ပြီး ကြိုးပမ်းနေကြတာ လည်း အားလုံးအသိပါပဲ။ အဲဒီတော့ မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ရှည်တိုးတက်ခိုင်မြဲစေဖို့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို တည်ဆောက်ဖို့ အားလုံးက တစ်တပ်တစ်အားအနေနဲ့ ၀ိုင်းဝန်းဖို့ မလိုအပ်ဘူးလား......။ ဒုတိယ ဖြစ်တဲ့ အစိုးရဘက်ကို ကြည့်မယ်ဆိုရင် အစိုးရဆိုတာ ဥပဒေပြုခြင်း၊ ဥပဒေကို အကောင်အထည်ဖော်ခြင်း၊ ဥပဒေကို လိုက်နာစေခြင်းလို့ အဓိပ္ပါယ်ဖွင့် ဆို ပါတယ်။ ကျဉ်းမြောင်းတဲ့ အယူဝါဒအမြင်နဲ့ ကြည့်မယ်ဆိုရင် နိုင်ငံတော်ရဲ့အာဏာကို ချုပ်ကိုင်တားတဲ့ အဖွဲ့လို့ ခေါ်လို့ရပါတယ်။ ဥပဒေပြုခွင့်၊ အာဏာသုံးစွဲခွင့်ရရှိထားတဲ့ အစိုးရနဲ့ ဥပဒေမသိ၊ မလေးစား မလိုက်နာသူတွေနဲ့ကတော့ အမြဲတမ်းပြ ဿနာဖြစ်နေမဲ့ အနေအထားပါ။ ဒါ့ကြောင့် ပြည်သူနဲ့ အစိုးရအကြား အပြန်အလှန် လေးစားလိုက်နာခြင်းဆို တာ ရှိရပါမယ်။ အပြန်အလှန် လေးစားခြင်းဖြစ်လာအောင် အစိုးရ အနေနဲ့ ကလည်း အာဏာနဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ပြည်သူကို နိုင်ထက် စီးနင်း မလုပ်ရပါဘူး။ ပြည်သူတွေ အနေနဲ့ကလည်း ပြဌာန်းထား တဲ့ ဥပဒေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ လိုက်နာမှုမရှိလို့ အရေးယူတယ်ဆိုတာ လည်း ထုံးစံပါဘဲ။ လိုက်နာမှုလည်းမရှိ၊ အရေးယူလည်း မခံဆိုရင် အစိုးရရဲ့ အာဏာနဲ့လုပ်ပိုင်ခွင့်ကို ကင်း ကွာသွားအောင် ပြုလုပ်တယ်လို့ ဆိုနိုင်ပါတယ်။
ဒီလိုကင်းကွာ သွားချိန်မှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာ တတ်ပါ တယ်။ နောက်ဆုံး နစ်နာရတာက ပြည်သူပါပဲ။ ဒါ့ကြောင့် ပြည်သူနဲ့ အစိုးရဟာ အပြန်အ လှန်လေးစားမှုနဲ့ ထိန်းကြောင်းပြီး နေထိုင်သွားကြ ဖို့ လိုအပ်ပါတယ်။ ဒီလို ထိန်းကြောင်းဖို့ဆို တာ အစိုးရအနေနဲ့ ပြည်သူတွေ ရဲ့ အသံကို နားထောင်ဖို့လိုအပ်ပါတယ်။ အရင်အစိုးရ တွေ လက်ထက်မှာ ဒီလိုနားမထောင်ခဲ့လို့ အောင်မြင်မှုမရခဲ့တဲ့ အကြောင်းအရာတွေ အများကြီး တွေ့ နိုင် ပါတယ်။ ဒါပေမဲ့ အသံတွေကို နားထောင်ရာမှာ Voice နဲ့ Noise ကိုတော့ ခွဲခြားသိဖို့တော့ လိုအပ်ပါတယ်။ ဘာလို့ လည်းဆိုတော့ ပြည်သူ့အသံဆိုပြီး ခေါင်းစဉ်တပ်ပြီး ဘက်လိုက်တဲ့ အသံ၊ ပုဂ္ဂိုလ်စွဲ၊ ခံစားချက်လွန်ကဲတဲ့ အသံတွေပါလာနိုင်လို့ပါပဲ။ ပြည်သူ့အ သံစစ်စစ်ကို နားထောင်ပြီး အများပြည်သူ အကျိုးစီးပွား တိုးတက်အောင် ဘယ်လောက်မြန်မြန်လုပ်နိုင်တ
ယ်ဆိုတာကို အကဲဖြတ်ခဲ့ရင်း Noise တွေကို ကျော်လွှားနိုင်တဲ့ အစိုးရဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။ အစိုးရ ရဲ့ အသံဖြစ်တဲ့ ကျင့် သုံးနေတဲ့မူဝါဒကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပေးဖို့ လိုအပ်ပါတယ်။ ဒီတော့ မူဝါဒဆိုတာ ဘာလည်း အင်္ဂလိပ်လိုတော့ Policy မြန်မာလို မူဝါဒဆိုတာ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး
ရှင်းရှင်းလေးပြောမယ်ဆိုရင်
ပြဿနာရှာတာနဲ့ ရှင်းတာပါပဲ။ Policy : generalized approaches or strategies for solving a particular problem ဆိုပြီး အင်္ဂလိပ်စာမှာ လေ့ လာနိုင်ပါတယ်။ ဒါပေမယ့် လွယ်တော့မလွယ်လှဘူး။ ဘာကြောင့်လည်း ဆိုတော့ မြန်မာ နိုင် ငံမှာ ပြဿနာပေါင်းသောင်း ခြောက်ထောင်ဖြစ်နေလို့ပါပဲ။ အစိုးရဘာပဲလုပ်လုပ် ဟိုဟာလေး လုပ်ပေးပြီး၊ ဒီဟာလေးလုပ်ပေးပြီး ၊ ဟိုဟာလိုသေးတယ်၊ ဒီဟာလိုသေးတယ်ဆိုပြီး အားမနာ တမ်း တောင်းဆို တက်သူတွေ ရှိတက်ကြလို့ပါ။ ကမ္ဘာအဆင့်မီ၊ အာရှအဆင့်မီတွေ လုပ်မနေနဲ့။ ၁၉၆၂ ခုနှစ် မတိုင်မီက မြန်မာ့အဆင့်မီ လုပ်စမ်းပါဆိုတဲ့ လူတွေကလည်း အများသား။ ဘယ်အစိုး ရမဆို မူဝါဒတစ်မျိုးမျိုးကိုတော့ ချမှတ်ရစမြဲပါ။ တက်နိုင်သမျှ မြင်မိ သလောက်ထောင့်စေ့အောင် စဉ်းစားပြီး လုပ်လာတာပါပဲ။ တိုးတက် တဲ့နိုင်ငံတွေမှာတောင် မူဝါဒချမှတ်တဲ့အခါ အတိမ်းအစောင်းတွေရှိကြ ပါသေးတယ်။ မြန်မာ့နိုင်ငံရေးကိုကြည့်မယ်ဆို ရင် ပြည်သူတွေက အစိုးရဟာ သူတို့ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခအပေါင်း ကို ဖြေရှင်းကယ် တင်ပေးရမယ် ဆိုပြီး မျှော်လင့်ကြတာ များပါတယ်။ ဘ၀မှာ မပေးပဲနဲ့ ဘာမှမရသလို နိုင်ငံတစ် ခုမှာလည်း မပေးဘဲရတယ်တာမရှိပါဘူး။
ဒီတော့ ဘာတွေပေးဆပ် ရမှာလည်း... ? အစိုးရရဲ့မူဝါဒ တိမ်းစောင်းမှုမဖြစ်ပေါ်အောင်
မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွေမှာ ပြည်သူတွေပညာရှင်တွေက လုပ်ငန်းစဉ်ထဲပါဝင်ခြင်း၊ မူဝါဒချမှတ်ရာ မှာ ဆန့်ကျင်ဘက် ဖြစ်တဲ့သူများ ကလည်း ပူးပေါင်းပါဝင်ခြင်း၊ ကျင့်သုံးမယ့်မူဝါဒရွေးချယ်ရာ မှာ ပေါင်းစပ်ပါဝင် အကြံပေးခြင်းများပြုလုပ် ပေးဖို့လိုအပ် ပါတယ်။ Who gets what, How and why ? ဆိုတဲ့ မေးခွန်းတွေအတွက် ပူးပေါင်းပြီး လေးလေးနက်နက် အဖြေရဖို့ ကြိုးစားကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှသာ အစိုးရရဲ့ မူဝါဒကို ထိန်းကျောင်းနိုင်မှာဖြစ်ပါ တယ်။ မြန်မာနိုင် ငံရဲ့သမိုင်းကို ပြန်ကြည့်ရင် မူဝါဒတွေကျဆုံးခဲ့ကြလို့ နိုင်ငံမတိုးတက်ခဲ့တာ အားလုံးလေ့လာ နိုင်ပါ တယ်။ ဒါကြောင့် နိုင်ငံကို တကယ်တိုးတက်စေချင်ရင် အစိုးရရဲ့ မူဝါဒချမှတ်ရေးတွေ မှာ ပြည်သူ ထဲက ပညာရှင်တွေပါ၊ အတိုက်အခံအင်အားစုတွေကပါ ပူးပေါင်းပါဝင်လာဖို့ မလိုအပ်ပေဘူးလား။ ဒီနေရာမှာ ကြားဖြတ်ပြောချင်တာက အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာတွေထိခိုက်အောင် နိုင်ငံတကာ ကို စီးပွားရေးပိတ် ဆို့ရေးကို ဖိအားပေးတာကို မပြုလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ စီးပွားရေး ပိတ်ဆို့ခံ ရရင် ၎င်းနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်ကို အစိုးရရဲ့ ပါဝင်ပတ်သက်မှုကို ဆထက်တံပိုး တိုးပွားစေလို့ပါ။ ပါဝင်ပတ်သက်မှုများ လာရင် ပုထုစဉ်များဖြစ် တဲ့ အတွက် လောဘ၊ ဒေါသ၊ မာန်မာနများ မကင်းကြ သေးတော့ မသမာမှုတွေ ဖြစ်ပေါ်စမြဲပါ။ ဒီမသမာမှုတွေကို ဖော်ထုတ်ပေးရမှာ၊ ထိန်းကြောင်း တည့်မတ်ပေးရမှာက ပြည်သူတွေနဲ့ စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ မီဒီယာလောကအနေဖြင့်လည်း Professional ပီသစွာရပ်တည်ဖို့လိုအပ်ပါတယ်။
သြဇာအာဏာနဲ့ စီးပွားရေးအတွက် မီဒီယာကိုလက်နက်လိုအသုံးချ လာရင်လည်း နိုင်ငံရေး အတွက် အနှုတ်သဘော ဆောင်တဲ့ အခြေအနေတွေပဲဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီနေ့ မြန်မာ့မီဒီယာလောကကို ကြည့်ရင်း ပုဂ္ဂိုလ်ရေးဝေဖန်တိုက်ခိုက်မှုကို ဇောင်းပေးရေးသားမှု ရာခိုင်နှုန်း တော်တော်များတယ်ဆိုတာ အာလုံးတွေ့မြင်နိုင်ပါတယ်။ အမှားတွေချည်း ပဲ ထောက်ပြနေမဲ့ အစား ဒီအမှား တွေကို ဘယ်လို ပြင်ဆင်သင့်သလဲ၊ ဘယ်ဟာလေးမှာတော့ မှန်တယ်၊ ဒီထက်ပိုကောင်း အောင် ဘယ်လိုလေး လုပ်လိုက်ပါလားဆိုပြီး ၀ိုင်းဝန်း ထိန်းကြောင်း ကြရင် ပိုမကောင်းနိုင်ဘူးလား။ အမှန်တရားဘက် ရပ်တည်လွန်တဲ့ စေတနာလွန်ကဲပြီး အတိုက်အ ခံဘက်ကို ယိမ်းယိုင်သွားလို့မဖြစ်ပါဘူး။ ဘယ်ဘက်ကိုမှ မယိမ်းယိုင်ဘဲ လူထုအတွက် မီဒီယာဆိုတဲ့ မူဝါဒတစ်ခုနဲ့ လူထုအကျိုးစီးပွားအတွက်ပဲ ရှေးရှုသင့်ပါတယ်။ နေရာတစ်ခုမှာပဲ စုစည်းမှုရှိနေရင် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ Check and Balance ပျောက်သွားတက်တာကို သတိပြုရ ပါ မယ်။ ဒီနေရာမှာ နိုင်ငံတော်အကျိုးစီးပွားမကြည့်ပဲ စောင်ရေတက်ရေးဦးစားပေးလွန်းရင် တစ်ကယ်ပြည်သူ လူထုအတွက် အကျိုးစီးပွားရမယ့် ကိစ္စရပ်တွေ ပျက်ဆီးသွားနိုင်ပါ တယ်။ နိုင် ငံတော်ရဲ့ အကျိုးစီးပွားအတွက် ပညာရှင်များ ဆွေးနွေးပွဲတွေ၊ သတင်းဖတ်ပွဲတွေမှာ ပြောကြား ချက်တွေကို ပြည်သူလူထုဆီ ကို အကယ်ဒမီ ဆုပေးပွဲ၊ မင်းသမီးကလေးမွေးသတင်းလောက်မှ ဖော်ပြပေးမှုနည်းသေး တယ်ဆိုရင် စတုတ္ထမဏ္ဍိုင်လို့ အမည်တပ်ဖို့ အားနာမိပါတယ်။
ဆက်ပါဦးမည်..........
ဒေါက်တာ မင်းဇံ
Waddy Wai

No comments:

Post a Comment