Friday, November 29, 2013

မျိုးစောင့်ဥပဒေကို ဒေါ်စုအပြင်းအထန်ကန့်ကွက်ခဲ့သော်လည်း လိင်တူခြင်းပေါင်းသင်းမှုကို သဘောတူထောက်ခံ

မြန်မာ နိုင်ငံတွင် လိင်တူချစ်ခြင်းကို ရာဇဝတ်မှုအဖြစ် သတ် မှတ်ထားခြင်းအားပယ်ဖျက်ပေးရန်ပထမဆုံးအကြိမ်
 ဒေါ်အောင်ဆန်းစုကြည်၏တိုက်တွန်းတောင်းဆိုမှုအပေါ်
 မြန်မာ LGBT အခွင့်အရေးဆိုင် ရာကွန်ရ က် ကထောက် ခံ သည့် ကြေညာ ချက်တစ်စောင်ကိုထုတ် ပြန်လိုက်ကြောင်း သိ ရသည်။
နိုဝင်ဘာ ၁၉ရက်တွင်ပြု လုပ်သော HIV/AIDS နှင့်ပတ် သက် သည့် ကမ္ဘာ့ကုလသမဂ္ဂအာ ရှပစိဖိ တ်ဒေသ ဆိုင်ရာ ညီ လာခံ သို့ပေးပို့သော လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်၏မိန့်ခွန်းတွင်ယင်းကဲ့သို့ထ ည့်သွင်းပြော ကြား ခဲ့ခြင်းကို မြန်မာ LGBT ခွင့်အရေး ဆိုင်ရာကွန်ရက်မှ နို ဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း သိရ သည်။
ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော အဆိုပါမိန့်ခွန်းတွင် လိင်တူ ချစ်မှု အပေါ်ရာဇဝတ်မှု အဖြစ်သတ် မှ တ်ထားသော ဥပ ဒေများရှိနေခြင်းက လိင်တူချစ်သူ များအကြား HIV/AIDS ကုသ ရေးမှာ အခက်အခဲ အ ဟန့်အတား ဖြစ်နေကြောင်း၊ လိင်တူချစ်သူ များကြား HIV/AIDS ကူးစက် ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ဖြစ်နေရခြင်းမှာ လည်း လူထုအတွင်းခွဲခြား မှုကို ဖြစ်နေစေသည့် အယူအဆအစွဲ များ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြော ကြား ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်အပေါ် မြန်မာLGBTအခွင့်အရေးဆိုင်ရာ ကွန် ရက်မှ ဦးတင်ကို ကို က " LGBTအသိုင်းအဝိုင်းကို တန်းတူအခွင့် အရေးရလာဖို့အတွက် နိုင် ငံခေါင်း ဆောင်တစ်ယောက်က ပထ မဆုံး အကြိမ် အခုလို ကျွန်တော်တို့နဲ့ ပတ်သက်လို့ ထည့်သွင်းပြော ကြား ပေးသွားတဲ့ အတွက် အလွန်ဝမ်း သာပါတယ်။ ကျွန်တော်တို့အရှေ့ ကနေ မားမား ရပ်ပေးမယ့် တိုင်း ပြည်ခေါင်းဆောင်တစ်ယောက် ပေါ်ထွ က်လာတာပေါ့။ ဘယ်တုန်း ကမှ ဘယ်လိုလူကြီးတစ်ယောက် ကမှ ထည့်သွင်းပြောကြားလေ့ မရှိ ခဲ့တဲ့ စကားတစ်ခုကို အခုလိုပြော ကြားတာဟာ ကျွန်တော်တို့ LGBT အသိုင်းအဝိုင်းအတွက် ရှေ့လျှောက် ရမယ့်အားတစ်ခုပါ ပဲ''ဟု ပြောသည်။
၂၀၁၃ခုနှစ် ဇူလိုင် ၆ရက် နှင့် ရရက်တို့တွင် မန္တလေးမြို့၌ အမျိုးသားချင်း ချစ်ခင်စုံမက်သူ များနှင့် ဆန့်ကျ င်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ ၁၂ယောက် သည် မန္တလေးတိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသ ည်။
By Yangon Media Group

No comments:

Post a Comment