ရန်ကုန်။ ။ တက္ကသိုလ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးလိုက်ပါက
လက်ရှိ တက္ကသိုလ်အရေအ တွက် လျော့နည်းသွားနိုင်ကြောင်း ပညာရေးဝန်ကြီး
(ခေတ္တ)ဒေါက်တာမျိုးမြင့်ကပြောကြား လိုက် သည်။
တက္ကသိုလ်များကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပါကဝန်ကြီးဌာနလက် အောက်တွင်ရှိနေ လိုသော တက္ကသိုလ်များ ရှိလာနိုင်သလို ကိုယ်ပိုင်အုပ်ချုပ် ခွင့်နှင့်နေလိုသော တက္ကသိုလ်များ ပေါ်ထွက် လာနိုင်ကြောင်း၊ တက္ကသိုလ် အချင်းချင်း ပူးပေါင်းလာနိုင်ခြင်းများလည်း ရှိလာနိုင်ပြီး အရည် အချင်း မပြည့်ဝသော တက္ကသိုလ်များမှာ ပျောက်ကွယ်သွားနိုင်မည်ဖြစ်သည့်အ တွက် လက်ရှိ တက္ကသိုလ် ၁၆၈ ခုထက် လျော့သွားနိုင်ကြောင်း ဝန်ကြီး က ပြောကြားသည်။
''တက္ကသိုလ်များဗဟိုကောင်စီကို ဖွဲ့စည်းခိုင်းလိုက်တာ ဝမ်းသာပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးတစ်ယောက်တည်းက ဘက်ပေါင်းစုံ အတွက် လိုက်စဉ်းစားပေးနေရတာ။ ဒါက အလွန် ကျယ်ပြန့်တဲ့ကိစ္စပါ။ အခု ပါမောက္ခချုပ်တွေက သူ့ကျောင်း သူတာဝန်ယူရမယ်။ လွတ်လွတ် လပ်လပ် သူ့ကျောင်းသူ တိုးတက်အောင်လဲ လုပ်နိုင်တယ်။ တက္ကသိုလ်တွေက ဒီ လောက်များချင် မှလဲ များတော့မယ်။ အရေအတွက်ကတော့ ၁၆၈ ခု ရှိမှာ မဟုတ်တော့ဘူးလို့ မျှော်မှန်း ထားတယ်'' ဟု ဝန်ကြီးကပြောသည်။
မိတ္ထီလာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်တင့်က''ဝန်ကြီး ပြောတာမှန်ပါတယ်။Autonomy ပေး ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရပြီဆိုရင် ဝန်ကြီးဌာနလက်အောက်မှာနေမယ် မနေဘူးဆိုတာ လွှတ်တော်မှာ အမျိုး သားဥပဒေနဲ့ တက္ကသိုလ်ဥပဒေဆိုပြီး ဆွေးနွေးနေ တယ်။ အဲဒီအတိုင်းလိုက် နာရမှာ။ မိတ္ထီလာတက္ကသိုလ်အနေနဲ့ဆိုရင်တော့ Autonomy ပဲ လိုချင် တယ်''ဟု ပြောသည်။
ဒဂုံတက္ကသိုလ်မှ ကထိကဒေါက်တာအာကာမိုးသူက''လွတ်လပ်ခွင့် ပေးရင်မကောင်းတဲ့ကျောင်းတွေ ကပျောက်သွားမှာ။ ဝန်ဆောင်မှုကောင်း တဲ့ ကျောင်းတွေကိုပဲ ကျောင်းသားတွေက သွားတော့ မှာမို့လို့ပဲ ။ ကျောင်းသား အချင်းချင်း ရင်းနှီးမှုတွေပိုရလာမယ်။ ပညာရပ်ဆိုင်ရာတွေကို တန်းတူ အခွင့် အရေးနဲ့ ရယူနိုင်မယ်။ ကျောင်းနည်းလေ ကောင်းလေ ပဲ''ဟုပြောသည်။
တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို စမ်းသပ်ဖွင့်ခြင်းနှင့် တစ်ပါ တည်းဖွင့်ခြင်းကိုဆုံးဖြတ်ရန်အ တွက် ဆွေးနွေးနေကြောင်းသိရသည်။

No comments:
Post a Comment