Friday, November 29, 2013

ပုဂံဒေသတွင် မီးပုံးပျံခရီးစဉ်ထပ်မံတိုးချဲ့မည်

ကောင်းကင်မှ မီးပုံးပျံဖြင့် ရှေးဟောင်း ပုဂံဒေသအား လှည့်လည် ကြည့်ရှုရသည့် လူစီးမီးပုံးပျံများကို ထပ်မံတိုးချဲ့ပြီး ဝန်ဆောင် မှု ပေးသွားမည်ဖြစ်ကြောင်း FMI ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေက ပြော သည်။
Ballon Over Bagan အမည်ဖြင့် ပုဂံတွင် ဝန်ဆောင်မှုပေးလျက်ရှိပြီးမန္တလေးမြို့၌ပျံသန်း မည့်ခရီးလမ်းကြောင်းရှာဖွေခဲ့ပြီး ယခုနှစ်ရာသီ အတွက် ယခုလ ၂၁ ရက်မှစတင်၍ ခရီးသည် များ အတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
မီးပုံးပျံခရီးစဉ်များအတွက် ခရီးသည်တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃ဝဝ ကျော်ခန့်ကုန်ကျ၍ ကြာမြင့်ချိန်မှာ ၄၅ မိနစ်ခန့် ကြာမြင့်ပြီး နိုင်ငံခြားသားခရီးသွားများသည် ကောင်းကင်မီးပုံးပျံ ခရီးစဉ်များကို စိတ်ဝင်တစားစီးနင်းလိုက်ပါလျက်ရှိကြောင်းဝန်ဆောင် မှုပေးသောကုမ္ပဏီမှ သိရသည်။
လက်ရှိတွင် မီးပုံးပျံလေးယောက်စီး အသေးနှစ်လုံး၊ မီးပုံးပျံ ရှစ်ယောက်စီး အကြီးလေးလုံးဖြင့် ပျံသန်းလျက်ရှိကြောင်းသိရသည်။ ထို့အပြင် ပုဂံနှင့်အင်းလေးဒေသတွင် ယခုနှစ်ခရီးသွားရာသီအတွက် ဒီဇင်ဘာလမှ စတင်ပျံသန်းသွားမည်ဖြစ်သည်။

The Union Daily

No comments:

Post a Comment