Friday, November 22, 2013

စတုဒိသာ ကျွေးမွေးပွဲများ ပျော်ပွဲ ရွှင်ပွဲများနှင့် နိဗ္ဗာန်ဈေးများတွင် နိုင်ငံခြားသား ခရီးသွားများ ပါဝင် ဆင်နွှဲလာ

ရန်ကုန် နိုဝင်ဘာ ၂၁
မြန်မာလူမျိုး များ၏ အလှူအတန်း ပြုလုပ်သော တန်ဆောင်မုန်းလ အတွင်း ကျင်းပသည့် ကထိန်နှင့် ပတ်သက်သည့် ပျော်ပွဲရွှင်ပွဲများနှင့် စတုဒိသာ ကျွေးမွေးပွဲများတွင် နိုင်ငံခြား ခရီးသွား များ ဝင်ရောက် စားသုံးခြင်းနှင့် အလှူငွေများ ထည့်ဝင် လှူဒါန်းခြင်းများလည်း ရှိလာကြောင်း သိရသည်။ယခုအခါ ရန်ကုန်မြို့တွင်းရှိ နေရာအနှံ့အပြားတွင် ကျင်းပသည့် စတုဒိသာ ကျွေးမွေးပွဲ များနှင့် တုံကင်ကတ်များ တန်းစီရယူ၍ နံပါတ်အလိုက် လိုက်လံကာ ပစ္စည်းနှင့် စားသောက်ဖွယ်ရာ များ ထုတ်ယူရသည့် နိဗ္ဗာန်ဈေး ပွဲတော်များကိုပါ နိုင်ငံခြား ခရီးသွားများက ပျော်ပျော်ရွှင်ရွှင် ပါဝင်
ဆင်နွှဲ လာကြသည်။
''စတုဒိသာ ကျွေးတာကို နိုင်ငံခြားသားတွေ ဝင်ရောက် စားသုံးတာကို သိပ်မအံ့သြပါဘူး။ ဒါပေမဲ့ နိဗ္ဗာန်ဈေးတွေမှာ နိုင်ငံခြားသားတွေက ကတ်တွေဝင်တိုးတာ ကိုတော့ ဒီနှစ်မှ မြင်ဖူးတာပါ။
တော်တော်လည်း ပျော်နေကြပုံပါပဲ။ ကျွေးမွေး အလှူ လုပ်ရတာလည်း ပိုပြီး ပီတိဖြစ်ရပါတယ်'' ဟု အလုံမြို့နယ်ရှိ နိဗ္ဗာန်ဈေး ပြုလုပ်ရာတွင် ပါဝင်သူ တစ်ဦးက ပြောပြခဲ့သည်။
တန်ဆောင်မုန်း လပြည့်နေ့တွင် ရန်ကုန်မြို့ အနှံ့အပြား၌ စတုဒိသာ ကျွေးမွေးပွဲများနှင့်နိဗ္ဗာန်ဈေး များ ကျင်းပခဲ့ပြီး နိုင်ငံခြား ခရီးသွားများ မှလည်း ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲခဲ့ကြသည်။
''မြန်မာလူမျိုးတွေရဲ့ ဖြူစင်တဲ့ ပွဲတော်တွေ၊ အလှူအတန်းတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေက သူတို့အတွက် အထူးအဆန်းလို ဖြစ်နေတယ်။ဒီလိုပါဝင် ဆင်နွှဲတော့ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါတရားနဲ့ စိတ်ဓာတ် ကို သူတို့အနေနဲ့ သိသွားတာပေါ့။ပြီးတော့ ကမ္ဘာမှာပါ လူသိများလာတာပေါ့'' ဟု အငြိမ်းစား ပါမောက္ခ တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

No comments:

Post a Comment