Saturday, November 23, 2013

ဆီးဂိမ်းတွင်ပြည်တွင်း အားကစားသမား ထိခိုက်သေဆုံးပါက အာမခံကြေး ကျပ်သိန်း ၅ဝ ပေးအပ်မည်

အားကစားသမားများမှ ငွေကြေး ထည့်ဝင်ရန်မလိုဘဲ ဆီးဂိမ်း အတွင်း သေဆုံးမှုဖြစ်ပေါ်
ပါက မြန်မာ့အာမခံ လုပ်ငန်းမှ လျော်ကြေးကျပ်သိန်း ၅ဝ ပေးအပ်မည်ဟု သိရ သည်။
 
ပြည်တွင်းအားကစားသမားများ အတွက် အားကစားသမားများ ကိုယ် အင်္ဂါထိခိုက်မှုအာမခံ ကို မြန်မာ့ အာမခံ လုပ်ငန်းနှင့်ပုဂ္ဂလိကအာမခံ ကုမ္ပဏီ ၁၁ ခုတို့မှ ပူးပေါင်း ထည့်ဝင်ပေးမည် ဖြစ်သဖြင့် အားကစား သမားများမှ ထည့်ဝင်ရန်မလိုအပ်ခြင်းဖြစ်သည်။

အားကစားသမားကိုယ်အင်္ဂါ ထိ ခိုက်မှုအာမခံမှာ တစ်ဦးလျှင်ကျပ်သိန်း ၅ဝ ဖြစ်သဖြင့် အားကစားသမား ၁ဝဝ၂ ဦးအတွက်ကျပ်သန်းပေါင်း ၅ဝ၁ဝ အာမခံငွေထားရှိရ မည် ဖြစ်သည်။အားကစားသမားများ အတွက် ပုဂ္ဂ လိကအာမခံ ကုမ္ပဏီတစ်ခုလျှင် ထည့် ဝင်ရမည့် ပရီမီယံကြေးမှာ ကျပ် ၈ ဒသမ ၃၅ သိန်းဖြစ်သည်။ အာမခံ သက်တမ်းမှာ ယခုနှ စ်နိုဝင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိဖြစ် သည်။

အားကစားသမား ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံတွင် သေဆုံးပါက ကျပ် သိန်း ၅ဝ ပေးလျော်မည်ဖြစ်ပြီး ထိခိုက် ပါက ထိခိုက်မှုပေါ်မူတည်၍ ပေးလျော် မည်ဖြစ်ကြောင်း၊ ဆေးရုံတက်ရလျှင် တစ်ပတ် အများဆုံး ငါးသောင်းကျပ်နှင့် ၅၂ ပတ်အထိ ပေးချေသွားမည်ဖြစ် ကြောင်း သိရသည်။
 
ဆီးဂိမ်းတွင် ပြည်တွင်းအားကစား သမားများဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားအမျိုးအစားများ ၃၃ မျိုးရှိပြီး အားကစားသမားအရေအတွက် ကျား ၅၈၅ ဦး၊ မ ၄၁၇ ဦးဖြစ်သည်။

ဝေမာထွန်း(Popular Myanmar)

No comments:

Post a Comment