Thursday, November 21, 2013

မွန်ဂိုလီးယား သမ္မတ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ဟောပြော

မွန်ဂိုလီးယား သမ္မတ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ဟောပြော
ရန်ကုန်    နိုဝင်ဘာ   ၂ဝ
မြန်မာနိုင်ငံ၌ ရောက်ရှိနေသော မွန်ဂိုလီးယားနိုင်ငံ သမ္မတ မစ္စတာ အယ်လ်ဘတ်ခ်ဒေါ့ဂ်ျ ဇတ်ခ်ဟီးလ် ယာဒ်သည် ယနေ့ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ မွန်ဂိုလီး ယား နိုင်ငံ၏ ပြုပြင်ပြောင်း လဲရေးဆိုင်ရာ အတွေ့အကြုံများ (Reform  experiences  in 
Mongolia) ခေါင်းစဉ်ဖြင့် ဟောပြော ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင်  မွန်ဂိုလီးယား သမ္မတက  မွန်ဂိုလီးယား နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင် ရွက်ခဲ့သည့် အတွေ့အကြုံ များကို အဓိကထား ပြောကြားသည်။
မွန်ဂိုလီးယား နိုင်ငံသည် ၁၉၆၁ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါကြောင်း၊ အဖွဲ့ဝင်ြ ဖစ်လာပြီးနောက်  နောက်တစ်နှစ်မှ စ၍ မြန်မာနိုင်ငံသား ဦးသန့်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါကြောင်း၊ မိမိတို့ နိုင်ငံ၏    ပြုပြင်ပြောင်း လဲရေး အတွေ့အကြုံများကို  မျှဝေလိုပါကြောင်း၊ မိမိသည် ဆင်းရဲသောမိသားစုမှဆင်းသက်ပေါက် ဖွားခဲ့ပါကြောင်း၊ မိသားစုမှာ ဘဝအတွက် ခက်ခက်ခဲခဲ ရုန်းကန် လှုပ်ရှားခဲ့ရပါကြောင်း၊ လူဦးရေ ၂ ဒသမ ၉ သန်း နေ ထိုင်သော မွန်ဂိုလီးယား နိုင်ငံ၌ နှစ်ပေါင်း ၇ဝ ကြာမျှ ကွန်မြူနစ်စနစ်ကို ကျင့်သုံး ခဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ တိုးတက်ရရှိစေရေး အတွက် ပြည်သူတို့၏ ဆန္ဒ ဖော်ထုတ်မှုများ အတောမသတ် ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ လှုပ်ရှားမှုတွင် မိမိ လည်း ပြည်သူတို့နှင့်အတူ ပါဝင်လှုပ်ရှားခဲ့ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ထူ ထောင်ရာတွင် အခြေခံ အကျဆုံး အချက်များအဖြစ် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ညီညွတ်ရေးတို့နှင့် ပြည့်စုံရန်   လိုအပ်ပါကြောင်း၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုး ပမ်း ဆောင်ရွက်ရာတွင်လည်း  ဥပဒေများ အတည်ပြုပြဋ္ဌာန်းပြီး  လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ကျင့်ဝတ်ရှိပြီး တာဝန် ယူမှုရှိသော  စီးပွားရေး လုပ်ငန်းများကို ထူထောင်ရမည်ဖြစ်ကာ နည်းပညာ ရရှိရေးအတွက်လည်း ကြိုးပမ်းရန်လိုအပ်ပါကြောင်း၊ ဒီမိုကရေစီစံနှုန်းများ ရှိလာစေရန် လည်း ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ ပြည်သူများသည် စီးပွားရေးလုပ်ငန်းများကို လွတ်လပ်စွာ  လုပ်ကိုင်ခွင့်ရရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသား လုံခြုံရေး ထိပါးနိုင်သော ကိစ္စရပ်မှလွဲ၍ စီးပွားရေးလုပ်ငန်းများကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးထားပါကြောင်း၊
 မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း များကို ကဏ္ဍပေါင်းစုံမှနေ၍ အစိုးရက လုပ်ဆောင်နေ ပါကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုများလည်း မရှိတော့သဖြင့်  ကမ္ဘာအရပ် ရပ်နှင့် တွေ့ထိဆက်ဆံမှု များပြားလာပါ ကြောင်း၊ မိမိနိုင်ငံသည်လည်း မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းရှိ နိုင်ငံများနှင့်ဆက်ဆံရေး မြှင့်တင်လျက်ရှိပါကြောင်း၊ အသွင်ကူးပြောင်းမှု အတွေ့အကြုံများကို မျှဝေရင်း ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ ကြွယ်ဝချမ်းသာမှုတို့ အတွက်  ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက်  တက်ရောက်လာသူများထဲမှ မေးမြန်းချက်များကို သမ္မတ က ပြန်လည်ဖြေကြား သည်။ နိုင်ငံ ဖွံ့ဖြိုးရေးအတွက် တက္ကသိုလ် ပညာရေး အပါအဝင်  ပညာ ရေးကဏ္ဍ အရေးကြီးပုံကို လည်းကောင်း၊ နိုင်ငံတော်၏ စီးပွားရေးနှင့် လူမှုရေးဘဝများ တိုးတက်ပြောင်းလဲရေးတွင် သတင်း အချက်အလက် နှင့် ဆက်သွယ်ရေးနည်း ပညာတို့ အသုံးပြုရန် လိုအပ်ပုံကိုလည်းကောင်း၊  e-Government  စနစ် ဖော်ဆောင်ရန်  အရေးကြီးပုံကိုလည်းကောင်း၊ နိုင်ငံတော် ပြုပြင် ပြောင်း လဲရေး ပြုလုပ်ရာ တွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် ပါဝင်ဆောင်ရွက်မှုတို့ အရေးကြီး ပုံကိုလည်းကောင်း၊ နိုင်ငံ တည်ဆောက်မှုပြုလုပ်ရာတွင် အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများ အ ဆင့်ဆင့်၊ တရား စီရင်ရေးဆိုင်ရာ  တာဝန်ရှိသူများ အဆင့်ဆင့်   စေတနာမှန်ရန်နှင့် အဂတိတရား ကင်းဝေးရန် လိုအပ်ပုံကိုလည်းကောင်း၊ ဥပဒေများနှင့်အညီ ပွင့် လင်းမြင်သာစွာ ဆောင်ရွက်ရန် အရေးကြီးပုံကိုလည်းကောင်း၊ ပြည်သူများ အနေဖြင့်လည်း တရားဥပဒေကို  လေးစားလိုက်နာကာ အလုပ်ကြိုးစား လုပ်ကိုင်ရန် လိုအပ် ပုံကိုလည်းကောင်း၊  နိုင်ငံတော် တည်ဆောက်ပြုပြင် လုပ်ငန်းစဉ်တွင် သတင်းမီဒီယာများက  ပြည်သူ့ အကျိုးစီးပွား အလို့ငှာ  ရေးသားဖော်ပြရန် လိုအပ်ပုံကိုလည်း ကောင်း၊ မိမိနိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံများမှ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံများ မျှဝေရင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံကို လည်းကောင်း သမ္မတက ပြန် လည် ဖြေကြားရာတွင် အလေးအနက်ပြု ပြောကြားခဲ့သည်။
ယနေ့ ကျင်းပသော ဟောပြောပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင်၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ များ၊ ကထိကများ၊ လက်ထောက် ကထိကများ၊ နည်းပြနှင့် သရုပ်ပြများ၊ ကျောင်းသား၊ကျောင်းသူများ၊ စိတ်ပါဝင်စားသူ ပြည်သူများ နှင့် သတင်းမီဒီယာများ တက်ရောက်ကြသည်။

No comments:

Post a Comment