Thursday, November 21, 2013

တက္ကသိုလ် ပထမနှစ် ကျောင်းသား/သူများအား အဆောင်နေခွင့် ဦးစားပေးမည်

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၏ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ပထမပတ် တွင် စတင်ဖွင့်လှစ်မည့် သင်တန်းအသီးသီးသို့ တက်ရောက် မည့်ကျောင်းသားကျောင်းသူ များအနက် ပထမနှစ်တက်ရောက်မည့်စည်ပင်သာ
ယာနယ်နိမိတ်ပြင်ပမှလာရောက်သော
 ကျောင်းသားကျောင်းသူ
အသစ်များကို ဦးစားပေး၍ အဆောင် ထားရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

ရန်ကုန်တက္ကသိုလ်၊မန္တလေးတက္ကသိုလ်၊
ရန်ကုန်ပညာရေးတက္ကသိုလ်၊စစ်ကိုင်း
ပညာရေးတက္ကသိုလ်၊ 
မြစ်ကြီးနား တက္ကသိုလ်တို့တွင် အတန်းအားလုံး၏ကျောင်းသားကျောင်းသူများအား အဆောင်ထား မည်ဖြစ်ပြီး ကျန်တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အချို့တွင် ပထမနှစ်ကျောင်းသားကျောင်းသူများ ကိုသာ ဦးစားပေးအဆောင်ထားမည်ဖြစ်သည်။

လက်ရှိရှိပြီးဖြစ်သောအဆောင်များတွင်အဆောင်နေရာချထားပေးမည်ဖြစ်သကဲ့သို့အဆောင်မရှိသေးသော တက္ကသိုလ်များတွင်လည်းအဆောက်အအုံသစ်များတိုးချဲ့ဆောက်လုပ်ထားပြီးဖြစ်သဖြင့် ကျောင်းသား၊
ကျောင်းသူများ အတွက် အဆောင်အဖြစ်အသုံးပြုနိုင်သောနေရာရရှိလာစေရေးကို ဦးစားပေး စီစဉ်ဆောင် ရွက်လျက်ရှိသည်။

စားသောက်ရေးကိစ္စကို သင့်တင့်သောဈေးနှုန်းဖြင့် စားသောက်နိုင်ရေးအတွက် တာဝန်ရှိသူများက ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ ရှေ့လာမည့် ပညာသင်နှစ်များတွင် အဆောင်သစ်များကို နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များပူးပေါင်း၍ တိုးချဲ့ဆောက်လုပ်ရန် ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်သည်။

တက္ကသိုလ်ကျောင်းသားများကိုလည်းစည်းကမ်းရှိရှိဖြင့်တက္ကသိုလ်ကျောင်းသားပီသစွာနေထိုင်ပြုမူရေးကို
လေ့ကျင့် သင်ကြားပေးမည်ဖြစ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဥပဓိရုပ်ကောင်း များ ပြည့်စုံစွာဖြည့်ဆည်းပေးရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

FROM-THE MIRROR DAILY

No comments:

Post a Comment