Saturday, November 30, 2013

ဦးတေဇ ထောက်ခံသူများ Facebook ၌ ကွန်ရက်ထောင်

ယခင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အနီးစပ်ဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ထူးကုမ္ပဏီ အကြီးအကဲ ဦးတေဇ လုပ်ဆောင်ခဲ့သည့် ပရဟိတ လုပ်ငန်းများနှင့် ၄င်းအား ဂုဏ်ဖော်ရေးသား ဖော်ပြထား
သည့် လူမှုကွန်ရက် စာမျက်နှာ တစ်ခုအား Fan of U Tay Za အမည်ဖြင့် နိုဝင်ဘာလ ၁၄ ရက်နေ့ ရက်စွဲဖြင့် Fcaebook ၌ လွှင့်ထူ ထားကြောင်း တွေ့ရသည်။
ယင်းလူမှုကွန်ရက် စာမျက်နှာ၏ profile ပုံအား ထူးကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ၏ ဓာတ် ပုံဖြင့် ဖော်ပြထားပြီး Cover photo ၌ သီတဂူဆရာတော် အရှင်ဉာဏိဿရအား ဖူးမြော်နေ ပုံ ကို ဖော်ပြထားကာ မည်သူများက လွှင့်တင် ထားသည်ကိုမူ မသိရသေးချေ။ သို့သော်  Fan page ၌ ““ဦး တေဇကို ချစ်ခင်သူ၊ ကြည်ညိုသူ၊ ခင်မင်သူ၊ လေးစားသူ မည်သူမဆို ဤ  Page အား Share ပေး၊ likeပေးကြပါရန်””ဟူ တိုက်တွန်းထားပြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင်၏ အောင်ြ မင် မှု ကို လေးစား အားကျသည့်သူများ တည်ထောင်ထားသော စာမျက်နှာဖြစ်ကြောင်း ဖ်ာပြ ထား သည်။
အဆိုပါ စာမျက်နှာ၌ အမေရိကန် Forbs မဂ္ဂဇင်း၌ Burma’s  Showy Crony ခေါင်း စဉ်ဖြင့် ဖော်ပြထားသည့် ဦးတေဇ၏ အကြောင်း၊ ဦးတေဇနှင့်အဖွဲ့ ကချင်ပြည်နယ် မဒွယ်တောင်ပေါ် ၌ ရဟတ်ယာဉ် ပျက်ကျမည့် အကြောင်းအား ကြိုတင်သိမြင်သည့် အကြား အမြင် ဆရာမအားစီ၏ ဗီဒီယိုဖိုင်၊ ၂၀၀၈ နာဂစ်မုန်တိုင်း အပြီး မုန်တိုင်းဒဏ်ခံ ပြည်သူများအား ဦးတေဇ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သည့် ဓာတ်ပုံမှတ်တမ်းများကို လည်း ဖော်ပြထား သည်။..
ထို့ပြင် လူမျိုးရေး အဓိကရုဏ်းကြောင့် မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသား များအား ထူးကုမ္ပဏီမှ ကူညီနေမှု မှတ်တမ်းဓာတ်ပုံများ၊ ရှမ်းပြည်နယ် ဟဲဟိုးမြို့နယ်မှ ဆင်းရဲနွမ်းပါးသူ အဘွားအို တစ်ဦးအား ကူညီနေမှုများအပြင် ထူးခြားချက်အနေဖြင့် အမေရိကန် ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်နှင့် ဂေါက်ကွင်း တစ်ခုအတွင်း နှုတ်ဆက်နေသည့် မှတ်တမ်းဓာတ်ပုံများလည်း ပါရှိသည်။
ယခုကဲ့သို့ ဦးတေဇအား ထောက်ခံသူများ  fan page ပေါ်ထွက် လာခြင်းမှာ ဦးတေဇပိုင် ထူး ကုမ္ပဏီ မှ မီဒီယာ လုပ်ငန်း တိုးချဲ့ ဖွဲ့စည်းရန် စတင်လုပ်ဆောင် နေကြောင်း သတင်းများ ထွက်ပေါ် နေချိန်နှင့် တိုက်ဆိုင်နေပြီး ပြည်တွင်းရှိ နာမည်ကြီး သတင်းဂျာနယ် အချို့မှ အကြီး တန်း အယ်ဒီတာများကို ဆွေးနွေးခေါ်ယူထားပြီး ဖြစ်ကြောင်း ဆွေးနွေးရန် ဖိတ်ကြားခံထားရ သူတချို့က မြန်မာသံတော်ဆင့်သို့ ပြောသည်။
အယ်ဒီတာများ ခေါ်ယူထားမှုနှင့် ပတ်သက်၍ ထူးကုမ္ပဏီများအဖွဲ့ ရုံးအဖွဲ့မှူး ဦးညီညီအောင်က ““အဲဒီကိစ္စကိုတော့ ဦးမသိဘူး။ ပြည့်ပြည့်စုံစုံ မသိသေးပါဘူး””ဟု မြန်မာသံတော်ဆင့် မှ မေးမြန်း ချက် အား ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် ယခုလွှင့်တင်ထားသော Fan page နှင့် ပတ်သက်၍ လည်း ““ဦး Facebook   မသုံးတော့ မသိဘူး။ ထူးနဲ့ ပတ်သက်မှု ရှိ၊ မရှိတော့ မသိဘူး””ဟု ဆက် လက် ဖြေကြားခဲ့သည်။
ထူးကုမ္ပဏီ အနေဖြင့် အခြားသော အစိုးရနှင့် ဆက်စပ်သည့် ကုမ္ပဏီများ ကဲ့သို့ မီဒီယာ လုပ်ငန်း များ၌ လုပ်ဆောင်နေခြင်း ရှိ၊ မရှိကို မသိရ သေးသော်လည်း ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင် (ယခင် အစိုးရသစ် တောဝန်ကြီး) လမ်းညွှန်မှုဖြင့် တိုင်းအစိုးရအဖွဲ့၏ ဧရာဝတီ သတင်းဂျာနယ်ကို ရန်ကုန်မြို့တွင် တာဝန်ယူ၍ အပတ်စဉ် ထုတ်ဝေ ပေးလျက်ရှိသည်။
ဦးတေဇ၏ တစ်ကိုယ်ရေ အမူအကျင့်နှင့် ပတ်သက်၍လည်း ““စကားကျယ်ကျယ် ပြောတတ်သူ၊ ထမင်းကို လက်နဲ့ နယ်စားရတာကို သဘောကျသူ၊ ကိန်းဂဏန်းတွေ ဖုန်းနံပါတ်ကအစ ဘယ်အချိန် ပြောပြော အားလုံးနီးပါး အလွတ်ရသူ၊ တပည့်ကြီးကြီးငယ်ငယ်  မရွေးဘဲ လိုအပ်ရင် သူကိုယ်တိုင် အထုပ်ဝင်ထမ်း ပေးတဲ့သူ၊ သူ့လက် အောက်ငယ်သားတွေရဲ့ စားဝတ် နေရေး အမြဲပူတွေးနေတဲ့သူ၊ ဘာသာတရား ရိုသေ ကိုင်းရှိုင်းတဲ့သူ၊ မိဘကျေးဇူး သိတတ် သူ၊ အေးအေး  ဆေးဆေး ယပ်ခတ်ထိုင်စားလို့ ရနေပေမယ့် မြန်မာပြည်ကို ချစ်လို့ မြန်မာနိုင် ငံမှာပဲ နေပြီး သူ့ကို ၀ိုင်းဝန်းအမနာပပြော အပုပ်ချ ထိုးနှက်တာတွေခံပြီး လှူဒါန်းပံ့ပိုး တာတွေ ဇောက်ချ လုပ်နေသူ”” ဟူ၍အဆိုပါ ထောက်ခံသူများ၏ လူမှုကွန်ရက် ၌ ဖော်ပြထား သည်။
ထို့ပြင် အပတ်စဉ်ထုတ် သူရိယ နေ၀န်းဂျာနယ်၌ ဦးတေဇ၏ အကြောင်း ပုံနှိပ်ဖော်ပြထားမှုနှင့် ပတ်သက်ပြီး ““ကိုယ့်မြေ ကိုယ့်ရေမှာနေပြီး နိုင်ငံခြားက မနေ့တစ်နေ့ကမှ ပြန်လာတဲ့ အခြားနိုင် ငံသား တစ်ယောက်ရဲ့ စော်ကား တာကို ခံနေရသူ””ဟူ၍လည်း ရေးသားထားပြီး  သူရိယနေ၀န်း ဂျာနယ် နောက်ကွယ်၌ နာမည်ကြီး နိုင်ငံ့ အကြီးအကဲတွေပါဝင်နေပြီး ဘယ် လိုလုပ်ရမလဲ ဟူ၍ လည်း ဦးတေဇအား ထောက်ခံသူများက အဆိုပါ Fan page မှတစ်ဆင့် မေးခွန်း ထုတ်ထား သည်။
သူရိယနေ၀န်းပါ ရေးသားချက်များနှင့် ပတ်သက်၍ ““ဂျာနယ် အယ်ဒီတာချုပ် မိုးဟိန်းမှ မိမိ နာမည်တပ်ပြီး စိန်ခေါ်မှုကို အံ့သြမိကြောင်း၊ အံ့သြမိခြင်းမှာ မီဒီယာလုပ်သူ အမေရိကန်နိုင်ငံ သားမှ မိမိ လိုမြန်မာနိုင်ငံသား အား စိန်ခေါ်ခြင်းကြောင့် ဖြစ်ကြောင်း၊ မိမိမှာ ရဟတ်ယာဉ် ပျက်ပြီး သေ ရွာပြန် ဖြစ်သည့်အတွက် နောက်တစ် ခေါက်ထပ် သေရမည်ကို မကြောက် တတ်သူဖြစ်ကြောင်း မသိပြုမိပုံ မပေါ်ကြောင်း၊ ယင်းကဲ့သို့ ရေးသား မှုအတွက် ဥပဒေဘောင် အတွင်းမှာ စကားပြောမည်ဖြစ်ကြောင်း”” ဦး တေဇ၏ Facebook ဖြစ်သော့ Tay Za စာမျက်နှာ၌ ရေးသား ဖော်ပြထားသည်။
““ဦးမိုးဟိန်းကို တရားစွဲဖို့က အချက်အလက် ပြည့်စုံတဲ့အချိန်ပေါ့။ အဲဒီအတွက် လုပ်နေပါတယ်။ အ၀ါရောင် စာနယ်ဇင်း သမားလို့ သုံးတာက တရားစွဲဖို့ လုပ်ထားတဲ့ စာနယ်ဇင်းတွေကို တရားစွဲ တဲ့အခါ အချက်လက်နဲ့ ပြောပါမယ်””ဟု ထူးကုမ္ပဏီ ရုံးအဖွဲ့မှူး ဦးညီညီအောင် က မြန်မာ သံတော် ဆင့်သို့ ပြောသည်။ ထို့ပြင် အဆင့်မရှိသော မီဒီယာ စာစောင်တချို့မှ စော်ကား ရေး သား ထားသော မိမိ၏ စီးပွားရေးလုပ်ငန်းများနှင့် မိမိမတိုင်ခင် ယခင်လုပ်ခဲ့သူများ၊ မိမိနှင့် တစ်ချိန်တည်း လုပ်ကိုင်ခဲ့သော ကုမ္ပဏီများ အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ် လုပ်ကိုင်နေသော လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့် ရရှိသည့် အခြေအနေများကို မြန် မာပြည်သူ ပြည်သားများ၏ အနာဂတ် လှပ တိုးတက်စေရေးအတွက် မိမိရိုး သားမှု၊ ပွင့်လင်းမြင် သာမှု တို့ဖြင့် ကမ္ဘာသို့ တင်ပြသွားပါမည်ဟုလည်း U Tay Za စာမျက်နှာ၌ ရေးသားထားသည်။
ယခု လွှင့်တင်ထားသည့် ဦးတေဇ ထောက်ခံသူများ Fan page  ကို နိုဝင်ဘာလ ၂၆ ရက်နေ့အထိ  Like လုပ်သူပေါင်း ၉,၀၀၀ ခန့် ရှိနေပြီဖြစ်ပြီး မည်သူများမှ   ဦးဆောင် လုပ်ကိုင်နေသည် ဆိုသည့် အချက်နှင့် ထူးကုမ္ပဏီ ကိုယ်စားပြုဟုတ်၊ မဟုတ်ကိုမူ စုံစမ်းနေဆဲ ဖြစ်သည်။

FROM-MYANMARTHANDAWSINT

No comments:

Post a Comment