ယနေ့ထုတ် သူရိယနေဝန်း အပတ်စဉ် ဂျာနယ် မျက်နှာဖုံးဆောင်းပါးအဖွင့်မှာ
ဂျာနယ် အယ်ဒီတာချုပ် မိုးဟိန်း က မိမိနာမည်တပ်ပြီး စိန်ခေါ်မှုလုပ်ခဲ့တာကို
ဖတ်မိပြီး မိမိအံ့သြ မိပါတယ်။ အံ့သြမိတယ် ဆိုတဲ့အချက်မှာ မီဒီယာ လုပ်နေတဲ့
အမေရိကန်နိုင်ငံ သားတစ်ယောက် ကသူတည်ထောင်ထားတဲ့အဝါရောင်စာမျက်နှာ ထ က်မှာ
မိမိလိုမြန်မာနိုင်ငံသားကို စိန်ခေါ်တယ်ဆိုတာပါ။
မိမိဖခင်ဖြစ်သူဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး မျိုးချစ်တပ်မတော် BIA, BDA, PBF
တွေကနေ သူရဲကောင်းမှ တ်တမ်းဝင်အဖြစ်
အကြိမ်ကြိမ်ဂုဏ်ပြုချီးမြှင့်ခြင်းခံရတဲ့ သီရိပျံချီ ဦးမြင့်ဆွေ
(လွတ်လပ်ရေးမော် ကွန်းဝင် ပထမအဆင့်၊ နိုင်ငံ့ဂုဏ်ရည် ပထမအဆင့်) ဖြစ်ပါတယ်။
ဒါ့အပြင် မိမိတို့ဆွေမျိုးအသိုင်းအဝိုင်းဟာလည်း တပ်မတော်မိသားစုဝင်
ယောက်ျားပီသစွာဖြင့် အမိမြေ အတွက် ပေးဆပ်ခဲ့ကြသော စစ်သားကောင်းများ
ဖြစ်တယ်ဆိုတာကို သတိပြုမိပုံမရပါဘူး။
မိမိမှာလည်း ရဟတ်ယဉ်ပျက်ကျပြီး သေရွာပြန်ဖြစ်သည့်အတွက် နောက်တစ်ခေါက် ထပ်သေရမှာ မကြော က်တတ်သူဆိုတာကိုလည်း သတိပြုမိပုံမပေါ်ပါ။
ယခုလို ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော
အရေးအသားများနဲ့ မိမိ အပေါ်စော်ကားမှုများအတွက်လည်းလူကြီးလူကောင်းပီသစွာဥပဒေဘောင်အတွင်းမှပဲ စကားပြော ပါမယ်။ လမ်းေ ဘးစရိုက်ဆန်စွာ စိန်ခေါ်မှုအတွက်
မိမိဥပဒေဘောင်အတွင်းမှ တုံ့ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော
တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့် ပြန်သွားပါမည်။ ၎င်းအချိန်မှ
ထွက်မပြေးရန် မိမိပြောလိုပါသည်။
တစ်ဆက်တည်းမှာပဲ အဆင့်မရှိသော မီဒီယာစာစောင်တချို့ မှ စော်ကားရေးသားထားသော
မိမိ ရဲ့ စီးပွား ရေးလုပ်ငန်းများနဲ့ ဒီလုပ်ငန်းတွေကို မိမိမတိုင်ခင်
ယခင်လုပ်ခဲ့သူများ၊ မိမိနဲ့ တချိန်တည်း လုပ်ကိုင်ခဲ့သော ကုမ္ဗဏီများ
အခြေအနေနှင့် အကျိုးအမြတ်၊ ယခုခေတ်လုပ်ကိုင်နေသော လုပ်ငန်း ရှင်များနှင့်
လုပ်ပိုင်ခွင့် ရရှိသည့်အခြေအနေများကို မြန်မာပြည်သူ ပြည်သားများ၏ အနာဂါတ်
လှပ တိုးတက်စေရေးအတွက် မိမိ ရိုးသားမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့်
ကမ္ဘာသို့တင်ပြသွားပါမယ်။
credit t0- ဦးတေဇဖေ့ဘုတ်-https://www.facebook.com/pages/U-Tay-Za/266495883384881
No comments:
Post a Comment