Wednesday, November 20, 2013

ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်

၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ် ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အ ကယ်ဒမီ မယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပ ရိသတ်များက စိတ်ဝင် တစားရှိခဲ့ ကြပါတယ်။ရှေ့နှစ် ၂ဝ၁၄ ဖေဖော်ဝါရီ လ ထဲ မှာတော့ ပရိသတ်စိတ်ဝင်စားတဲ့ မယ်လိုဒီတစ်ယောက် ချစ်သူနဲ့ မင်္ဂ လာ ပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ အဲဒီမင်္ဂလာပွဲအစီအစဉ်နဲ့ ပတ် သက်ပြီး မယ်လိုဒီက…
”အစကတော့ မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို ဖေဖော် ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊ မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာ ဆွ မ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။ အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေး ပဲ လုပ်မှာပါ။ အကုန်လုံးကလည်း အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။ လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။ မျိုးရဲ့င ယ်ငယ် တုန်းက အကြောင်း တွေ ကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့” လို့ ပြောပြပါတယ်။

No comments:

Post a Comment