ရန်ကုန်တိုင်း
ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင်စည်းကမ်းမဲ့စွာရပ်နားနေသည့်
မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့်
ဖယ်ရှားအရေးယူရာတွင်ထိရောက်စွာ
ဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဆီးရေး
အဖွဲ့ များ ကို တိုးမြှင့်အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဦးအောင် ခင်က
နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်း တွင် ပြော ကြားသည်။
ယခုလက်ရှိ
အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီး ပေါင်း ၃၇ လမ်း
ရှိနေပြီး မကြာမီတွင် ယာဉ်မရပ်ရအဖြစ် လမ်း ၁၀လမ်းကိုလည်းထပ်မံတိုးချဲ့သွားမည်ဖြစ်ကြောင်း သိ ရသည်။နေ့စဉ် စည်းကမ်းမဲ့စွာ ရပ်နေသည့် မော်တော်ယာဉ်များကို စစ်ဆေးရေးနှစ်ဖွဲ့ဖြင့် ဖယ်ရှားအရေး ယူ နေသော်လည်း ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့ကို ထပ်မံတိုးချဲ့ လိုက်ပြီးဖြစ်ကြောင်း သိရသည်။
''အရင်တုန်းက ဆိုရင်တော့ ရန်ကုန်တိုင်း တစ်ခုလုံးမှာ တစ်နေ့ကို ဖမ်းဆီးရေး အဖွဲ့နှစ်ဖွဲ့ပဲ လှည့် လည်ပြီး ဖမ်းဆီးနေတာပါ။ အခုဆိုရင် လေးဖွဲ့နဲ့ ဖမ်းဆီးသွားမယ်။ Down Town မြို့နယ်တွေထဲမှာ တစ်ဖွဲ့ထားရှိသွားမယ်'' ဟု လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးက ဆိုသည်။
ယင်းကဲ့သို့ ကရိန်းယာဉ်များဖြင့် ဖယ်ရှားအရေးယူမှုကို နိုဝင်ဘာ ၁၁ ရက်မှ စီမံချက်ဖြင့် စတင်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်အထိ မော်တော်ယာဉ် အစီးရေပေါင်း ၃၀၁ စီးကို အရေးယူခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။
No comments:
Post a Comment