ပေကျင်း နိုဝင်ဘာ   ၂၉
တရုတ်နိုင်ငံသည် လွန်ခဲ့သော သီတင်း ပတ် 
အတွင်းက ၎င်း တို့၏  လေကြောင်း  ကာကွယ်ရေး ဇုန် သစ်အဖြစ် ထုတ်ြ ပန် ကြေညာခဲ့ 
သည့်  အရှေ့တရုတ် ပင်လယ် အတွင်းရှိ ကျွန်းများသို့ စစ်လေယာဉ်များ
ကို 
စေလွှတ်ခဲ့သည်ဟု နိုဝင်ဘာ ၂၈ ရက်တွင် ဒေသတွင်း မီဒီယာ တစ်ခု၏ ထုတ်ပြန်ချက် 
အရ သိရသည်။
အရှေ့တရုတ် ပင်လယ်တွင်းသို့ 
စေလွှတ်လိုက်သည့် လေယာဉ် အားလုံးသည် လေကြောင်း  ကာကွယ်မှု ဆိုင်ရာ အရေးပေါ် 
တုံ့ပြန်မှုများကို လုပ်ဆောင်ရမည် ဖြစ်ပြီး ပျံသန်းမှု အစီအစဉ်များနှင့် 
လေယာဉ် အမျိုးအစားများကို ခွဲခြား သွားမည်ဖြစ်ကြောင်း တရုတ်လေ တပ်မှ 
ပြောရေးဆိုခွင့် ရှိသူ ဗိုလ် မှူးကြီး ရှန်ကျင်ကေက ပြောကြား သည်။
အဆိုပါ ဇုန်တွင် တိုက်လေယာဉ် များနှင့် 
အချက်ပြ လေယာဉ် တစ်စင်းကို ကာကွယ်ရေး ဆိုင်ရာ လုပ်ဆောင်မှု တစ်ရပ်အနေဖြင့် 
ကင်းလှည့် စစ်ဆေးမှုများ ပြုလုပ်ရန် တပ်ဖြန့်ချထားပြီး ဖြစ်ကြောင်း၊ 
နိုင်ငံ၏ လုံခြုံရေးကို ကာကွယ်နိုင်ရန်   လေကြောင်းဆိုင်ရာ ခြိမ်းခြောက်မှု 
အားလုံးကို တုံ့ပြန်နိုင်သည့် ဆောင်ရွက်မှု များကို နိုင်ငံ၏ 
လေတပ်ဖွဲ့အနေဖြင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
 
No comments:
Post a Comment