အင်းတော်ကြီးဒေသ မိုင်းနောင်ကျေး
ရွာနှင့်
မမုန်ကိုင်ကျေးရွာ များအနီး
တစ်ဝိုက် ၌ ရွှေတူးဖော်နေသော
စက်
ဆိုင်းပိုင်ရှင်များထံမှ နိုဝင်ဘာ ၁၆
ရက်နေ့တွင် ကချင်လွတ်လပ်ရေး
များ လာရောက်တောင်းခံသွားကြောင်း
ယင်းဒေသခံများထံမှ သိရှိရသည်။
``မိုင်းနောင်ကျေးရွာနားက ရွှေမှော်မှာဆိုရင် စက်ဆိုင်း ၈၀ ကျော် ရှိတယ်။
မမုန်ကိုင်ရွာအနီးဝန်းကျင်းမှာ စက်ဆိုင်း ၆၀ နီးပါးရှိတယ်။
အနည်းဆုံးစက်ဆိုင်း ၁ ဆိုင်းကို ၁ သိန်းနဲ့ပဲ ဆက်ကြေးကောက်ဦး၊ တစ်ခါ ကောက်
ရင် သိန်းပေါင်း(၁၄၀)လောက်ရနေတော့ KIA အတွက် စီးပွားရေးလုပ်ငန်းတစ်ခုလို
ဖြစ်နေတာ ပေါ့´´ ဟု မိုင်းနောင်ရွာသားတစ်ဦးက ပြောပြသည်။
``အဲဒီရွှေမှော်တွေမှာ စက်ဆိုင်းတွေနဲ့ ရွှေတူးနေတာ၊ အရမ်းများလွန်းနေပါတယ်။
အင်းတော်ကြီးအိုင်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ပဲ
အန္တရာယ်ကြီပါတယ်´´ ဟု မိုးညှင်းမြို့ခံ ၀န်ထမ်း တစ်ဦး က ဆိုသည်။
အဆိုပါရွှေတူးဖော်နေသူများထံမှ ငွေကြေးများကောက်ခံ၍ လုပ်ကိုင်ခွင့်ပြုထားသော
KIA အဖွဲ့၏ ငွေကြေး ပါဝင်ပတ်သက်မှုကို မိုင်းနောင်ကျေးရွာ NLD
ပါတီတောင်သူလယ်သမားသမဂ္ဂအဖွဲ့နှင့် အင်းတော်ကြီးအိုင်နှင့်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလိုသော ဒေသခံများက စနစ်တကျမှတ်တမ်းပြု
လုပ်နေကြောင်း သိရသည်။
``ရွှေတူးတဲ့သူတွေဆီက ငွေကြေးတောင်းယူမှုနဲ့ပတ်သက်ပြီး KIA ရဲ့ မှတ်တမ်းကို
စနစ်တကျပြုစု နေပါတယ်၊ KIA တင်မကဘဲ
အခြားဌာနဆိုင်ရာအဖွဲ့အစည်းတွေပါတယ်ဆိုရင်လည်း အရေးယူဖို့ ပြည်နယ်
ဝန်ကြီးကို တင်ပြသွားမှာပါ´´ ဟု ယင်းပါတီဝင်တစ်ဦးက ရှင်းပြသွားသည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် အင်းတော်ကြီးဒေသ
ကုန်းမနကျေးရွာ၌ပြုလုပ်မည့် ရှမ်းရိုးရာနှစ် သစ်ကူး ပွဲတော်သို့
တက်ရောက်လာမည့် ပြည်နယ်ဝန်ကြီးထံ အဆိုပါကိစ္စအား တင်ပြသွားမည်ဖြစ်ကြောင်း၊
ထိုသို့ တင်ပြမှုအပေါ် အရေးယူဆောင်ရွက်ပေးခြင်းမရှိပါက
ပြည်ထောင်စုအဆင့်ဝန်ကြီးများထံသို့ ဆက် လက်တင်ပြ သွားရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နော်မိုင်
No comments:
Post a Comment