Friday, November 29, 2013

ATM နှင့် ငွေလဲကောင်တာ ပါ မိုဘိုင်းကားများ ဆီးဂိမ်း အားကစားကွင်းများ တွင် လှည့်လည် သွားလာမည်

Sea Game ကာလ အားကစားကွင်း များ တွင် ငွေလဲ ငွေထုတ်အဆင်ပြေစေရန်ATM 
 နှင့် ငွေလဲကောင် တာ ပါရှိမည့် ကား ( ၃ )စီးကို စတင်ပြင်ဆင်ထားပြီဟု CB ဘဏ် ရုံးချုပ်မှ သိရသည်။
အဆိုပါ ကားများမှာ ဆီးဂိမ်းအားကစားပွဲများ စတင်ကျင်းပချိန်မှ ပြီးဆုံးချိန် အထိ အားကစား ကွင်းများတွင် လှည့်လည် သွားလာနေ မည်ဖြစ် ပြီး ATM စက်ပါ ကားနှစ်စီး နှင့် ငွေလဲကောင် တာ သီးသန့်ပါ ကားတစ်စီး စုစုပေါင်း( ၃ )စီး ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်အဆိုပါကားများပေါ်၌တပ်ဆင်မည့်စက်ပိုင်းဆိုင်ရာများစမ်းသပ်စစ်ဆေးနေဆဲဖြစ်ပြီးဆီးဂိမ်းမစတင်မီ နေပြည်တော်သို့ အရောက် ပို့ဆောင်သွားမည်ဖြစ်သည်။
Popular Myanmar News Journal

No comments:

Post a Comment