Saturday, November 23, 2013

ဖျက်သင်္ဘောများ ပိုမို ဖြည့်တင်းသွားရန် ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန စီစဉ်

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန သည် တရုတ်နိုင်ငံကပင်လယ်ရေ 
 ကြောင်း ဆိုင်ရာ လှုပ်ရှားမှုများ တိုးမြှင့် ဆောင်ရွက်လာသောေ
ကြာင့်  ဖျက်သင်္ဘောများပိုမို 
 ဖြည့်တင်းသွား ရေး အဆိုပြုချက် တစ်ရပ် တင်သွင်းခဲ့ကြောင်း နို ဝင်ဘာ ၂၁ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာန တာဝန် ရှိသူများသည် အစိုးရ၏ ကာကွယ်ရေး လမ်းညွှန် သုံးသပ်ချက်တွင် ပါဝင်သော ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့၏ ဖွဲ့စည်းပုံ ဆိုင်ရာ စီမံချက် တစ်ရပ်အား ရေးဆွဲ ပြုစုခဲ့ကြောင်း၊ ထိုသို့ ပြန်လည်သုံးသပ် မှုနှင့် ပတ်သက်သော အစိုးရ အဖွဲ့ အတည်ပြုချက်သည် လာမည့် ဒီဇင်ဘာလတွင် ပေါ်ထွက်လာဖွယ် ရှိကြောင်း သိရသည်။
လက်ရှိကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များ အရ ဖျက်သင်္ဘော ၄၈ စင်း ဖြည့်တင်းသွား ရန် တောင်း ဆိုထားပြီး ဖြစ်သော်လည်း ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် ဂျပန်သင်္ဘောများကို ရန်သူ့ ရေငုပ် သင်္ဘောများနှင့် တော်ပီဒိုများ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန် အသေးစား သင်္ဘောများ အပါအဝင် သင်္ဘော ၁ဝ စင်းခန့် ပိုမို ဖြည့်တင်းသွားလို ကြောင်းသိရသည်။
ဂျပန် တာဝန်ရှိသူများ အနေဖြင့် တင့်အရေအတွက်ကို ၇ဝဝ မှ ၃ဝဝ အထိ လျှော့ချသွားရန် အဆိုပြုလျက် ရှိပြီး ကာကွယ်ရေး ဝန်ကြီး ဌာနသည် ၎င်းတင့်များကို နိုင်ငံ မြောက်ပိုင်း ရှိ ဟော့ကိုင်း ဒိုး ကျွန်းနှင့် အနောက်တောင်ပိုင်းရှိ ကျူရူးကျွန်း တွင် အဓိက တပ်ဖြန့် ချထားလိုကြောင်းနှင့် လက်နက် တပ်ဆင်ထားသော ဘီးတပ် တိုက်ခိုက်ရေးယာဉ် အသစ် အစီး ၂ဝဝ ခန့် တပ်ဖြန့် ချထားသွားရန်လည်း မျှော်မှန်း ထားကြောင်း သိရသည်။

No comments:

Post a Comment