နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရန်ကုန် တက္ကသိုလ် စိန်ရတုခန်းမ၌
ယနေ့(နိုဝင်ဘာ ၃၀ ရက်) ပြုလုပ် မည့် "တည်ငြိမ်အေးချမ်း သည့် နိုင်ငံတော်
တည်ဆောက်ရေးတွင် လူထု အခြေပြုအဖွဲ့အစည်းများ၏အခန်းကဏ္ဍ"
ဆွေးနွေးပွဲတွင်မိန့်ခွန်းပြောကြားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။ ထိုသို့ ပြည် သူလူထုသို့
မိန့်ခွန်းပြောကြားမှုသည် (၄၃) ကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းများအတွင်း အစိုးရနှင့်
လူထုအခြေပြု အ ဖွဲ့အစည်းများ ထိရောက်စွာ ဆောင်ရွက်လာနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရ သ ည်။
လူထုအခြေပြု အ ဖွဲ့အစည်းများ ထိရောက်စွာ ဆောင်ရွက်လာနိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရ သ ည်။
"အဓိကကတော့ CSO တွေအနေနဲ့ ရေရှည် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာ
ပါဝင်နိုင် ဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့ပါ။ နိုင်ငံတော်သမ္မတကြီး
ဘယ်အချိန်လာမယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ ကျွန်တော်တို့ရဲ့
အခမ်းအနားကတော့ ၉ နာရီ စဖို့တော့ ပြင်ဆင်ထားပါတယ်။ အခမ်းအနားမှာ ပညာရှင်
တွေရဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်မယ်"ဟု ဆွေးနွေးပွဲဖြစ်မြောက်ရေး
စီစဉ်ဆောင်ရွက်နေသည့် တာဝန် ရှိသူတစ်ဦးက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၀၀ ကျော်ကို
ဖိတ်ကြားထားကြောင်း သိရ ပြီး ဆွေးေ နွးပွဲကို နံနက် ၉ နာရီမှ ညနေ ၅
နာရီခွဲအထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရ သည်။
နိုင်ငံတော်သမ္မတအနေဖြင့် ယခုကဲ့သို့ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့်
တွေ့ဆုံမည်ဆို သည် ကို ကြို ဆိုကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ
ဒေါ်မေစပယ်ဖြူက ပြောကြားသည်။
No comments:
Post a Comment