Friday, November 29, 2013

ဦးသိန်းစိန်၏ ခေါင်းဆောင်မှု အတတ်ပညာ နှင့် ဒေါ်စု၏ အတတ်ပညာ

(သည်စာက ရှည်ပေမဲ့ အဆုံးထိ
ဖတ်စေလိုပါတယ်...ဖတ်ပြီးရင်သေသေ
ချာချာတွေးခေါ်စေချင်ပါတယ်...စာကို
အဆုံးထိဖတ်ပြီးမှထင်မြင်ချက်ပေးစေ
လိုပါတယ်) ကျတော်သိသောခေါင်းဆောင်မှုအတက်ပညာ
**************************
******* ကျတော်တို့နိုင်ငံမှာခေါင်းဆောင်ကောင်းတွေပေါ်ပေါက်လာခဲ့ဘူး ပါတယ်....တကယ်တော် တကယ်ကိုယ်ကျိုး စွန့်ခဲ့တဲ့ ခေါင်းဆောင်တွေမှာတူညီတဲ့ အချက်တွေရှိပါတယ်......ကျတော်သိထားတဲ့ ဥပမာလေး တခု နဲ့ချိန်ထိုးပြီးပြောချင်ပါတယ်။
[လူတစ်စုဟာ ပေါက်တူး ဂေါ်ပြား တူရွင်းတွေနဲ့ မြောင်းတူးဖို့တစ်နေရာကိုရောက်လာပါတယ်....သူတို့စအလုပ် လုပ်ပါပြီ....
အဲ့ဒီမှာစသတိထားမိတာက သူတို့အဖွဲ့ထဲကလူတွေရဲ့ထူးခြားချက်ကိုပါ....
မြောင်းစတူးတဲ့ အချိန်မှာ လူတချို့က အလုပ်ကို အားကြိုးမာန်တက်လုပ်သလို တခြားသူတွေကို ဘယ်လိုလုပ်ဖို့ ဘယ်နေရာက ဘယ်လိုစသဖြင့်ကိုယ်တိုင်လည်း အလုပ် လုပ်သလို တခြားသူတွေ ကို ပါညွှန်ကြားပါတယ်.......
လူတချို့က ကိုယ်တိုင်ကိုယ်ကျ အလုပ်ကိုမနားမနေလုပ်ပါတယ် ဘယ်သူ့ကိုမှလည်း ဘာမှမပြော ဘူး လုပ်စရာရှိတာကိုလုပ်ပါတယ်....
တချို့က ဘာအလုပ်မှ မလုပ်ပါဘူး ဒါပေမဲ့လူတကာကိုလိုက် ညွှန်ကြားပါတယ်.........
တချို့က အလုပ်လည်းမလုပ်ဘူး လုပ်နေတဲ့သူတွေကိုလည်း ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါ လား နောက် မင်းလုပ်တာဘာဖြစ်တယ် ညာဖြစ်တယ် အသုံးမကျဘူး အလကားကောင်စသဖြင့် အဖျက်သဘော ပြောနေတာတွေလည်းရှိပါတယ်......
အချိန်တန်တော့ သူတို့မြောင်းတူးတာပြီးသွားပါပြီ……………]

ဇာတ်လမ်းကို ဒီနေရာမှာရပ်ထားပြီး ကျတော်အဓိကပြောချင်တာက.......
အထက်ပါ လူတန်းစား၎မျိုးမှာဘယ်လို လူမျိုးကို ခင်ဗျားတို့ ခေါင်းဆောင်ကောင်း အဖြစ်သတ်မှတ်မလည်း.....
ကျတော်ကတော့ ပထမ လူ-ကိုယ်တိုင်လည်းလုပ်တယ် တခြားသူတွေကိုလည်း ဘယ်လိုလုပ်ဖို့ညွှန်ကြားတဲ့သူကို ခေါင်းဆောင်ကောင်း အဖြစ်ရွေးပါတယ်...
လိုအပ်လို့နောက်တယောက်ရွေးပါဆို ဒုတိယလူဖြစ်တဲ့ ဘယ်သူ့ကိုမှ ဘာမှမပြောဘူး ကိုယ့်အလုပ် ကိုယ်လုပ်တဲ့သူကိုရွေးပါတယ်......
လေပဲရှိပြီးအလုပ်မလုပ်တဲ့သူကိုတော့ ခေါင်းဆောင်အဖြစ်လက်မခံနိုင်သလို ....အလုပ်လည်းမလုပ် အဖျက်သဘောလိုက်ပြောနေတဲ့သူကိုတော့ ခေါင်းဆောင်အဖြစ်မရွေးသလို အဲ့လိုလူမျိုးကို အန္တရာယ်အကောင်ဖြစ်စောင့်ကြည့်ရပါမယ်........
အထက်ပါ သုံးသပ်ချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်း သမ္မတကြီးဦးသိန်းစိန် ကို ဒေါ်အောင်ဆန်းစုကြည် တို့ကို ချိန်ထိုးကြည့်ပါမယ်။
ဗိုလ်ချုပ်ကတော့ အလုပ်လုပ်တဲ့နေရာမှာ တမျိုးသားလုံး စံနမှုထားရမဲ့သူပါ..... ကလေးဘဝတည်းကလွတ်လပ်ရေးအတွက်ဘယ်လိုလုပ်ရင်ကောင်းမလည်း အမြဲကြံနေသူဖြစ်သလို လွတ်လပ်ရေးအတွက်စွမ်းစွမ်းတမံလုပ်သွားပါတယ်......တောင်တန်းနဲ့ပြည်မပေါင်းစည်းရေးအတွက်စည်းရုံးခဲ့သလို သူရဲ့မိန့်ခွန်းတွေဟာ ယနေ့အထိ စံနမူနာထားနေရတုံးပါ။ သူဟာတကယ့်ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အပြည့်အဝလက်ခံပါတယ်။
  သမ္မတကြီးဦးသိန်းစိန်... သူဟာစစ်သားဘဝတည်းက အလုပ်လုပ်တဲ့နေရာမှာ နာမည်ကောင်းရှိ သလို ယနေ့အချိန်သမ္မတတာဝန်ထမ်းဆောင်နေတဲ့အထိ နိုင်ငံတိုးတက်ရေးအ တွက် ငြိမ်းချမ်းရေး အတွက် မနားမနေအလုပ်လုပ်နေတယ်ဆိုတာ အကုန်လက်ခံထားပါတယ်....
ပြည်ပရောက်တိုင်း ကျတော်တို့တိုင်းပြည်ရဲ့အကြွေးတွေချေပေးအောင် စီးပွားရေးရင်းနှီးမြုပ်နှံမှုတွေကိုဝင်လာအောင်ပြောဆိုစည်းရုံးနေပါတယ်....
KNUကစလို့လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်တွေ့ကျကျစည်းရုံးနိုင်တာ အများအမြင်ပါ...
ဘယ်အစိုးရလက်ထက်မှာမှမရေးသေးတဲ့ငြိမ်းချမ်းရေး အသီးအပွင့်တွေကို ခံစားနေရပါပြီ။ သူဟာလည်း ခေါင်းဆောင်ကောင်းတဦးအဖြစ် ကျတော်လက်ခံထားပါတယ်။
တရားဥပဒေစိုးမိုးရေးဥက္ကဌ NLD ပါတီဥက္ကဌ ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်......သူဟာကျတော့်တို့အမျိုးသားခေါင်းဆောင်ကြီးရဲ့သမီးဖြစ်သလို အင်္ဂလန်နိုင်ငံသား မိုက်ကယ်အဲရစ်ရဲ့ဇနီးဖြစ်ပါတယ်။ ပြည်ပမှာအနေများပြီး သူရဲ့မိခင်နေမကောင်းတော့မှပြန် လာပြီး လက်ဝဲယိမ်းနိုင်ငံရေးသမားအချို့၏မြောက်ပေးမှုကြောင့် ၁၉၈၈မှာ နာမည်ကျော်နိုင်ငံရေးသမားဖြစ်လာပါတယ်။
သူဟာ စကားအလွန်ကြွယ်ပါတယ်... ဗိုလ်ချုပ်မျက်နှာကြောင့် လူထုရဲ့ချစ်ခင်မှုကိုရထားပါတယ်...၈၈မှာ အောင်-စု-တင် ရဲ့ဂရက်ကြောင့် နိုင်ငံပျက်မလိုအချိန်ကိုကြုံတွေ့ခဲ့ရပါတယ်။
နိုင်ငံရေးသမားအချို့ရဲ့ကမ္ဘာမီးလောင်သားကောင်ချနင်းမှုများကြောင့် ကျောင်းသား လူငယ်တ ချို့သေဆုံးခဲ့ရပြီး နောက်ကွယ်က နိုင်ငံရေးသမားကြီးများဟာ ဇာတ်နာအောင်ဖန်တီး ၍နာမည်ကောင်း ရယူခဲ့ပါတယ်။
ယနေ့ ဒေါ်စု ပြည်ပနိုင်ငံပေါင်းစုံကိုသွားနေတာ မနည်းတော့ပါဘူး နိုင်ငံအတွက်မည်သည့်အရာ ကိုမှယူမလာပေးတဲ့အပြင် ဝင်လာမည့်ဥရောပစီးပွားရေးလုပ်ငန်းရှင်များကိုပိတ်ပင်ခဲ့ပါတယ် ။ခြေဥပြင်ရန်နဲ့ သူ့ကိုသမ္မတအဖြစ်ထောက်ခံပေးရန်နိုင်ငံတကာကိုသာသွားနေပြီး ပြည်တွင်းတွင်လည်း လူအခွင့်အရေးနာမည်တပ်လျက် မွတ်ကုလားများဘက်က အပြည့်အဝ ရပ်တည်နေ၍ အရပ်ထဲတွင်ပင် NLDပါတီကို မွတ်ဒေါင်းပါတီဟုပင်ခေါ်နေကျပါပြီ........
ဘင်္ဂလီ ဘက် မှ အပြည့်အဝရပ်တည်၍ ရခိုင်တိုင်းရင်းသားများကိုအမေ့ခံထားတာကတမျိုး ရထားတဲ့ငြိမ်းချမ်းရေးနိုလ်ဘယ်ဆုကိုမှမထောက်မည်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမျှ မပါဝင်နိုင်ပါဘူး.......

နိုင်ငံတွင် ရေးဘေး မီးဘေး မုန်တိုင်း စသည့်သဘာဝဘေးများကျရောက်နေတဲ့အခါကိုယ်တိုင်ကိုယ်ကျမကူညီမသွားနိုင်သည့်အပြင် မည်သည့်အားပေးမှုကိုမျှလည်းမလုပ်ပါဘူး........
ဒေါ်စုသည်လူထုထောက်ခံမှုရထားပါသော်လည်း ယနေ့အချိန်အထိမယ်မယ်ရရမည်သည့်အလုပ်ကိုမမျှလုပ်ရသေးပါဘူး ဟိုပြောသည်ပြော ကိုယ့်နိုင်ငံကစစ်တပ်ကို သိက္ခာချရုံကလွဲလို့ လူထုကိုစကားလှလှလေးများနဲ့စည်းရုံးနိုင်တာကလွဲလို့ဘာမှမလုပ်ရသေးပါဘူး။
၃နှစ်ဆိုသောအချိန်အတိုင်းအတာဟာ တကယ်တော်သည့်ခေါင်းဆောင်များအတွက်အများအပြားအလုပ် လုပ်နိုင်ပါသည်။

ကျတော်ရဲ့ဥပမာနဲ့ချိန်ထိုးပြသော်အခါ မည်သူကခေါင်းဆောင်ကောင်းဖြစ်လည်း?
မည်သူက အလုပ်လုပ်လည်း?
မည်သူက အပြောဘဲရှိပြီး အလုပ်မလုပ်လည်း ?
မည်သည်က အဖျက်သဘောဆောင်သလည်း?
ဆိုတာ ကွဲကွဲပြားပြားထင်ထင်ရှားရှားသိနိုင်ပါသည်။

ပြည်ပကနေ ရည်ရွယ်ချက်ကြီးကြီးနဲ့ အဖျက်သဘောဆောင်နေတဲ့ ဒီမိုလုပ်စားသာကူးသူတောင်းစားတွေအကြောင်း ကျတော် အရင်ကရေးဘူးတော့ မရေးတော့ပါဘူး...
အဲ့လိုပြည်ပကနေဟောင်နေတဲ့အဖျက်သမားတွေကို စောင့်ကြည့်ရမဲ့အန္တရာယ်ကောင်စာရင်းထဲထည့်ထားပါတယ်။

ကျတော့စာကိုဖတ်ပြီး မိတ်ဆွေတို့ ခေါင်းဆောင်ကောင်းဆိုတာဘာလည်း မည်သူကခေါင်းဆောင်ကောင်းလည်း မည်သည်က နိုင်ငံအတွက်အလုပ်လုပ်နေလည်
မည်သူက အတ္တဟိတလား မည်သူက ပရဟိတလား ခွဲခြားနိုင်ပါစေ။



From: အသင်လူသား

No comments:

Post a Comment