Saturday, November 30, 2013

မော်လမြိုင် လေဆိပ်တွင် Cessna Grand Caravan Ex လေယာဉ်ဆင်း/တက်မှု ပြုလုပ်

မော်လမြိုင် နိုဝင်ဘာ ၂၉
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၄၃ မိနစ်ခန့်က အမေရိ ကန်နိုင်ငံလုပ် Cessna Grand Caravan Ex အမျိုးအစား၊လေယာဉ်အမှတ် XY-AJL အင်ဂျင် တစ်လုံး တပ်  ၁၈ ဦးစီး လေယာဉ်ဖြင့်  မြန် မာ့လေကြောင်း မှ လေယာဉ်မှူးများ ဖြစ် သည့် ဦးဇော်ဟိန်း၊ ဦးဇော်မျိုးဦး၊ ဦးမင်းဝေတို့ သုံးဦး လိုက်ပါ လျက် မော် လ မြိုင် လေဆိပ်သို့ ရောက်ရှိခဲ့သည်။
အဆိုပါ လေယာဉ်သည် မော်လမြိုင်လေဆိပ်တွင် လေယာဉ်မှူးများ လိုက်ပါပြီး ကွင်းအခြေအနေ အပေါ်  အဆင်း/အတက် (၇)ကြိမ် အစမ်း လေ့ကျင့် ပျံသန်းခဲ့ပြီး ညနေ ၃ နာရီ ၄၈ မိနစ်ခန့်တွင် ရန်
ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ လေယာဉ်ဆင်း/တက် ပျံသန်း လေ့ကျင့်မှု အပေါ် မွန်ပြည်နယ် အစိုးရအဖွဲ့ ခေတ္တလမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသက်ဝင်း၊ လူမှုရေး ဝန်ကြီး ဒေါက်တာလှဦး၊ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကျော်သိန်းတို့က လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်း ရရှိသည်။ 



No comments:

Post a Comment