Friday, November 29, 2013

ကမ္ဘာ့အမည်ပျက်စာရင်းဝင် နိုင်ငံခြားသားများ ဆီးဂိမ်းပွဲတော်သို့ ဝင်ရောက်မလာစေရန် စောင့်ကြပ်မည်

Friday, 29 November 2013
 ကမ္ဘာ့ နိုင်ငံအသီးသီးတွင် အမည်ပျက် စာရင်းဝင်ထားသည့် နိုင်ငံခြားသား များသည် မြန်မာနိုင်ငံ၌ကျင်းပ မည့် ဆီးဂိမ်းပွဲတော်ကို ဝင်ရောက် လာမှု မရှိစေရန်အတွက် လေဆိပ် နှင့် နယ်စပ်ဂိတ်များတွင် အထူး လုံခြုံရေး များ ထားရှိကာ စောင့်ကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းပြောကြားချက်ကို နိုဝင် ဘာ ၂၅ရက်က နေပြည်တော် MICC ၌ပြုလုပ်သည့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အား ဆူဇူကီးကား ကုမ္ပဏီ မှ ရဲသုံးဆိုင်ကယ်များ ပေးအပ်ပွဲ တွင် ရဲချုပ်ဇော်ဝင်းက ရန်ကုန် တိုင်းမ်နှင့် သီးသန့်တွေ့ဆုံစဉ်
ပြောကြားခဲ့ခြင်းဖြစ်သည်။
ရဲချုပ်ဇော်ဝင်းက ''နိုင်ငံတကာရဲ့ သဘောသဘာဝအရ ဆိုရင် နိုင်ငံတကာနဲ့ဆိုင်တဲ့ပွဲကြီး တွေမှာ အကြမ်းဖက်မှုကျူး လွန်တဲ့သူတွေ လာတတ်တယ်။ ဥပမာ- လန်ဒန်အိုလံပစ်ပွဲဆိုရင် သူတို့ သွားကြ တာပဲ။ Black List စာရင်းရှိထားတဲ့ သူတွေက တွန်း လှန်တတ်တဲ့သဘောရှိတယ်။ ဒါကြောင့် အင်တာပိုလ်မှာရှိတဲ့ သူတွေရဲ့Black List စာရင်းတွေ နဲ့ ကျွန်တော်တို့လက်ထဲမှာရှိတဲ့ စာရင်းတွေ ကိုပေါင်းပြီး စုကိုင် ထားတယ်။သူတို့တွေဝင်လာလို့ မရအောင် နယ်စပ်ကနေ စကာ မယ်'' ဟု ပြော သည်။
ထို့အပြင် နိုင်ငံခြားသားများ ၏လိုအပ်ချက်များနှင့် အခက် အခဲများ ရှိလာပါက ကူညီဖြေ ရှင်းပေး ရန် ကမ္ဘာလှည့်ခရီးသွား များနှင့်ဆိုင်သည့် ရဲတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း သိရ သည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက '' Black List စာရင်းရှိတဲ့ နိုင်ငံခြားသားတွေလဲ မြန်မာနိုင်ငံမှာ အများကြီးပါ။ ဒီစာရင်းတွေ ပယ်ဖျက်ဖို့အတွက် ဆိုရင် ပြည်ထဲရေး၊ လဝက၊ နိုင်ငံ ခြားရေးရာဝန်ကြီးဌာန၊ သတင်း တပ်ဖွဲ့တွေနဲ့ တခြား သက်ဆိုင် တဲ့ ဌာနဆိုင်ရာက တာဝန်ရှိသူတွေ ကတွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ရ ပါတယ်''ဟု ပြောသည်။

ကျော်မြတ်ဇံ

No comments:

Post a Comment