Friday, November 22, 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမဝင် ပစ္စည်းများ ယခုလ ၁ဝ ရက်အတွင်း ကာလတန်ဖိုး ကျပ် ၂၃၅ ဒသမ ၅ သိန်းခန့် ဖမ်းဆီးနိုင်ခဲ့

ရန်ကုန်    နိုဝင်ဘာ   ၂၁
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်=အကောက်ခွန် ခွင့်ပြုချက်မရှိဘဲ တင်သွင်းလာ သည့် ပစ္စည်းများကို အရေးယူ ဖမ်းဆီးမှုများ လုပ်ဆောင်လျက် ရှိနေပြီး နိုဝင်ဘာ ၁ ရက်မှ ၁ဝ ရက်အထိ ကာလတန်ဖိုးကျပ် ၂၃၅ ဒသမ ၅ သိန်းဖိုးခန့်ရှိသော တရားမဝင် လူသုံးကုန်ပစ္စည်းများ ဖမ်းဆီးနိုင်ခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောပြချက်အရ သိရသည်။
''ဝင်ရောက်နိုင်မယ့် နေရာတိုင်းမှာ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်၊ တရားဝင်
ကုန်သွယ်မှုတွေ တိုးတက်လာအောင် လုပ်ဆောင်နေချိန်မှာ တစ်ဖက်မှာ တရားမဝင်တင်သွင်း၊ တင်ပို့မှုတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ လိုအပ်ပါတယ်'' ဟု ၎င်းက ပြောကြားသည်။
အကောက်ခွန် ဦးစီးဌာနအနေဖြင့် နိုဝင်ဘာ ၁ ရက်မှ ၁ဝ ရက်အတွင်း တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီး ရရှိမှုတွင် လျှပ်စစ်ပစ္စည်းများ ခန့်မှန်းတန်ဖိုး ကျပ် ၁၁၅ သိန်း၊ မိုဘိုင်းလ်ဖုန်း ၁၉ လုံး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁ဝဝ၊ ဆေးဝါး အမျိုးပေါင်း ၅ဝ ခန့်မှန်းတန်ဖိုး ကျပ် ၁၅ သိန်းခွဲ၊ အလှကုန်ပစ္စည်းများ တန်ဖိုးကျပ် ငါးသိန်းအား ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ပြည်ပမှ တရားမဝင် တင်သွင်းမှုများ၊ ပြည်ပသို့ တရားမဝင် တင်ပို့မှုများအား အကောက်ခွန် ဦးစီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင် ဖွဲ့စည်းထားသော Mobile Team အဖွဲ့များမှ ကုန်သွယ်ရေး လမ်းကြောင်းများတွင် စစ်ဆေး အရေးယူလျက် ရှိကြောင်း သိရသည်။
စိုးမိုး

No comments:

Post a Comment