Saturday, November 23, 2013
မပြောချင်သော်လည်း ပြောရတော့မည်
သွားတယ်။ ဘာလို့လ  ဆိုတော့ အဲဒီဆောင်း ပါး ထဲမှာပါတဲ့ တပ်က ကျွန်တော်တို့ရွာနဲ့ ရွာချင်း ကပ်လျက်ဖြစ်နေတာကိုး။ အံ့သြရတာ က ဖြစ် သမျှအကြောင်းတွေကို အူမချေးခါးမကျန် သိနေတဲ့သူတစ်ယောက် အနေနဲ့ တအံ့တ သြဖြစ် သွားရတာပါ။
အမှန်ကတော့ ၂၀၀၁ က တပ်မတော် သုတေသနဌာနအတွက်သိမ်းဆည်းခဲ့တဲ
့မြေတွေ ဟာမြေလွတ်မြေရိုင်း ဖုန်း ဆိုးမြေတွေ
လယ်ယာမြေ လုပ်ကိုင်စားသောက်လို့မရ တဲ့ မြေတွေဆိုတာ ကျွန်တော် အပါအ၀င် အနီးအနားပါတ်ဝန်းကျင်က ရွာတွေအားလုံး သိပါတယ်။ဒီကိစ္စဘာဖြစ်လို့အခုအချိန်ကျမှပေါ်လာရတယ်ဆိုတာကို ပြောဖို့ ဆိုရင် NLD က လူတွေနဲ့ပါဝင်ပတ်သက်နေတဲ့မြေအရောင်းအ၀ယ်သမားတွေက အစပြုပြီးဖြစ်ပေါ်လာခဲ့တာပါ။
တပ်မတော်သုတေသနဌာနဆိုပြီး စပြီးဆောက်တော့ အနီးအနားပါတ်ဝန်းကျင်ရွာကလူတွေ
ပျော်ကြပါတယ်။ အရင်က ခြောက်ခြောက်ကပ်ကပ်ဖြစ်နေတဲ့နေရာတွေက စည်စည်ကားကား
ဖြစ်လာတော့မှာကိုး။ ပြီးတော့ တပ်ကလည်း ကထိန်အပါအ၀င်အလှူအတန်းတွေကို အနီးအနား ရွာတွေက ဘုန်းကြီးကျောင်းတွေမှာပြုလုပ်၊ ပွဲတွေဘာတွေလည်းကျင်းပ ရပ်ရွာအကျိုးကိုလည်း သယ်ပိုးတော့ အကုန်လုံးက၀မ်းသာနေကြတာ။
ကျွန်တော့်အထင် တပ်မတော်သုတေသနဌာနကိုတည်ဆောက်နေတဲ့စီမံကိန်းထဲမှာတင် ဆောက်လုပ်ရေး
ကုမ္ပဏီတွေ လေးခုလောက်ရှိမယ်ထင်တယ်။ ကားကြီးတွေနဲ့ဝင်ထွက်သွားလာနေကြတာ။ မကြာခင် ဒီနေရာကြီးဟာ စည်ကားလာတော့မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလေ။ အဲဒီတော့ တပ်နဲ့နီးတဲ့နေရာတွေက အရင်က တစ်ဧကကို လေးငါးခြောက်သိန်းလောက်ရှိတဲ့နေရာတွေဟာ တစ်ဧကကို သိန်းလေးငါးရာလောက်ဖြစ်လာခဲ့ပြီး မြေဈေးတွေတက်ကုန်တယ်။
တကယ်တော့ အဲဒီနေရာတွေဟာ ဘာမှလုပ်ကိုင်စားသောက်လို့မရတဲ့ ကျောက်မြေတွေနဲ့ ဖုန်းဆိုးမြေတွေပါ။ တပ်နဲ့ကပ်လျက်က မြေတွေမှာ မြေဈေးတွေတက်လာတော့ အကုန်လုံးကသူ့မြေ
ငါ့မြေဖြစ်လာကြရော။
အဲဒီမှာ တစ်စခန်းထလာတာက NLD ကလူတွေ။ အစိုးရမကောင်းကြောင်းတွေပြောတယ်။ မင်းတို့ဘာမှကြောက်နေစရာမလိုဘူး အမေစုရှိတယ်ဆိုပြီး အရင်ဆုံး အသင်းအဖွဲ့တွေဖွဲ့တယ်။
ဒေသခံ၇ွာသားတွေက ဘာမှမသိဘူး။ သူတို့ဟာသူတို့ လယ်သမားကာကွယ်ရေးအဖွဲ့တွေ၊ အခြေခံလယ်ယာအလုပ်သမားအဖွဲ့တွေဆိုပြီးဖွဲ့လိုက်တယ်။ အဖွဲ့ဝင်ကြည့်လိုက်တော့လူက
လေးယောက်လောက်ပဲရှိတယ်။ သူတို့ပြောတာကတော့ တစ်ဦးတစ်ယောက်ချင်းပြောတာထက် အဖွဲ့ဆိုပြိးပြောလိုက်၊ လုပ်လိုက်ရင် အာဏာပိုင်တွေက မထိရဲတော့ဘူးဆိုပြီးလုပ်တယ်။ တကယ်လို့ မြေတွေတောင်းလို့ရလာခဲ့ရင် ရလာတဲ့မြေတန်ဖိုးရဲ့ တစ်ဝက်ကိုပေးရမယ်ဆိုပြီးတောင်းတယ်။ သတင်းသမားတွေ၊ ကွန်ယက်တွေနဲ့ချိတ်ဆက်ပေးမယ်ဆိုပြီး ငွေကြေးတွေကောက်ခံတယ်။ ရွာသားတွေကဘာမှသိပ်ပြီးနားလည်တာမဟုတ်ဘူး။
ဘယ်သူမဆို အချိန်မရွေးသွားကြည့်ရင်သိနိုင်ပါတယ်။ လုပ်ကိုင်စားသောက်လို့ ရတဲ့မြေတွေလား ဖုန်းဆိုးမြေနဲ့ ကျောက်သားအတိပြီးတဲ့မြေတွေလားဆိုတာကို။အဲဒီအတွက်လည်း သူတို့ကနပ်တယ်။ ဂျာနယ်ရဲ့သတင်းခေါင်းစဉ်မှာ တပ်ကသိမ်းခဲ့သည့် မြေများအနက် စီမံကိန်းမလုပ်သည့်နေရာများတွင် လုပ်ငန်း ပြန်လည်လုပ်ကိုင်လိုကြဆိုပြီး သုံးနှုန်းထားတယ်။ လယ်ယာမြေပြန်လည်လုပ်ကိုင်စားသောက်
လိုကြဆိုပြီးမဖော်ပြဘူး။သူတို့လည်းသိနေတာကိုး။ဒီမြေတွေက ဘာမှစိုက်ပျိုးစားသောက်လို့မရတဲ့မြေတွေ
ဆိုတာ။
ဒါပေမယ့် ကျွန်တော် တို့ မြန်မာအကျင့်ကလည်း သိတယ်မဟုတ်လား ။ မြှောက်ပေးတဲ့သူရှိလို့ကတော့ လုပ်ပြီးသားပဲဗျိုး။အဲ့တော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ကျွန်တော် စိတ်ဝင်စားပါရဲ့ဗျား။
ထွေးမောင် (သာအယ်)
From:OE
No comments:
Post a Comment