အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က 
နိုင်ငံတော် ကာ ကွယ်ရေး တက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှု မွမ်းမံသင်တန်း 
၃/၉၃ ကဟောပြောပို့ ချ ချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် 
မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး 
အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေ သည့်အပေါ် 
ထိခိုက်နစ်နာစေရန် တမင် ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ် အား 
အစိုးရကိုယ်စား ရှင်းလင်း ခဲ့ခြင်း ဖြစ် သဖြင့် ထိခိုက်ခံစားခဲ့ရသည့် 
ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟို တယ်၌ 
နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် 
ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း 
ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီ တာ ချုပ် ဦးမြတ်ခိုင်တို့  
ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် 
စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က 
ပြောကြားလိုက်သည်။
ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမ သိရှိ 
သေးသည့် အရာရှိများ အား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် 
တပ်မတော်၏ခိုင်မာမှု၊ စည်းလုံး ညီ ညွတ်မှုတို့ ကြောင့် 
တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ 
ကယ်တင်နိုင် ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း 
ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး 
တိုင်းပြည် ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် 
ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှု များ ဖြစ်ပေါ်လာသဖြင့် 
တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို 
့နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် 
စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီး လျင်ပြီးချင်း နိုင်ငံရေး သမားများက 
ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆို ခဲ့ကြောင်း ပြောကြားထား သည်။
 ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ 
အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို 
လည်းကောင်းအသုံးပြု၍ မရနိုင် ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် 
ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက 
တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေ သစ် 
တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။
ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် 
ပြစ်ဒဏ်များ ကျူးလွန် ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း 
ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ် ဒဏ်များ၊ ထောင်ဒဏ် များကျခံ ရပြီးမှသာ
 NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ် ကိုင်နေကြောင်း ပြောကြား ခဲ့သည်။ 
ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ် ထားပြီး ဒေါ်အောင်ဆန်းစုကြည် 
မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် 
မကျန်းမာချိန်တွင် လာရောက်ပြုစုရန် အတွက် ယခင်အစိုးရ၀န်ကြီးများက 
ခေါ်ခိုင်းလိုက် သဖြင့် သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်း ကာလနှင့် 
ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင် 
ခဲ့ခြင်း  ဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများ က ဒေါ်အောင် ဆန်းစုကြည်အပေါ်စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန်တားမြစ်ခဲ့သော်လည်းလက်မခံကြောင်း 
ပြော ကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။
ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့် အပြင် 
သောင်းကျန်း သူ များအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူ 
ခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည် အား နိုင်ငံ ခေါင်းဆောင်အဖြစ် 
လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော 
စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  
ပြောတာဖြစ် မယ်'' ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ 
မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်း ကိုတော့ ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပေ။
ထိုစာအုပ်တွင်
 ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံ ကာ 
ဖြေကြား ခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် 
အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်း လည်း ပြော ကြား ခဲ့သည်။ ထို့ အပြင် 
သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း 
ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း 
လည်းပြောကြားလိုက် သည်။
ဒေါ်အောင်ဆန်း စုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် 
တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့်အချက်အလက်များပါဝင်နေသည်။ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား 
ဆန့်ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် 
ဖမ်းဆီးအရေးယူ ခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား 
နိုင်ငံခေါင်းဆောင်အဖြစ် လက်မ ခံနိုင်ပါ ကြောင်းလည်း 
ထည့်သွင်းပြောကြားခဲ့...                                                  
                                                    
ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် 
အစိုးရ အဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် 
၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ 
ရောနှောနေသော်လည်း အားလုံးဝိုင်း ၀န်း လုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့်
 အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင် 
ခဲ့ခြင်းဖြစ် သည်ဟု ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ 
ကြိုးစား လုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း 
ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှု များရှိပါက ကောင်းမွန်သော်လည်း
 အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေ ပါက လျော့ချပေး ရန်လည်း 
တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်း 
တစ် ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါ က 
နိုင်ငံတော်တိုး တက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။
နောက်ဆုံးအနေနှင့်ဦးခင်ညွန်က၎င်းအားသတင်းဌာနအချိုကနိုင်ငံရေးလုပ်မည်ဟုထင်မြင်မေးမြန်း
 နေ ကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို 
လုပ်တော့မှာမဟုတ်ကြောင်း တရား ၀င် ပြောကြား လိုက်သည်။
ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ 
အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယ စစ်ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး 
သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာ လွှဲပြောင်း ယူခဲ့သည့် 
န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) 
အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ 
မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား 
ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို 
ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး
 တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအ တွင်း သေဆုံး သူများ၊နိုင်ငံရေးအကျဉ်းသားများအရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အား 
နှစ်ပေါင်း များ စွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။
၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် 
လုပ်ကြံရန် ကြံစည် ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း 
မည်သူများက ကြံစည်ခဲ့သည် ကို ဖော် ထုတ်နိုင် ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ 
ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည် အတွင်း ထောက် လှမ်းရေး တပ်များ၏ 
နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက် လှမ်းရေး များအား 
ကြောက်ရွံ့ နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား 
ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို 
ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ် လတွင် လွတ်မြောက်လာခဲ့ပြီး 
ယခုအချိန် အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင် များအတွင်းတွင် 
ကျန်ရှိနေပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား 
နိုင်ငံရေး အကျဉ်း သားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် 
အခြားခေါင်း စဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု 
ဦးရဲအောင်က ပြောကြားခဲ့သည်။
ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ 
ဦးမြင့်အောင်က ''တောင်းပန် တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ 
သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက် လုံးကို ပြန် ဆန်းစစ် ရင် သူ့ရဲ့ရာထူးရယ်၊ 
အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမို ကရေ စီနဲ့ 
လူအခွင့် အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  
ရက်စက်စွာ ဖိနှိပ်မှု ကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူး အတွက် သူနှိမ်နှင်းခဲ့လို့ 
 ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက် နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ 
မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ 
့တော့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး
 အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင် ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် 
အခြေခံပြီးပြောတာ မဟုတ် ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်း တင်ရမှာပဲ
 ဖြစ်ပါတယ်'' ဟု ပြောကြား ခဲ့သည်။
ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား 
တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ် ဟောင်းအချို့လည်း တက်ရောက်ခဲ့သည်။ 
အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ် သူ အေးနေ၀င်း လည်း တက်ရောက်ခဲ့ကြောင်း 
တွေ့ရသည်။
 
No comments:
Post a Comment