Friday, November 1, 2013

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောင်းကင်ဂြိုလ်တု အကူအညီဖြင့်ကောက်မည်

  ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား တစ်နိုင်ငံ လုံးကို ကောင်းကင်ဂြိုလ်တုမှ ဓာတ်ပုံရိုက်ယူပြီး ဖော်ဆောင် ထားသော ကောက်ကွက်များ အတိုင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အတွင်း တွေ့ရာနေရာတွင် ကောက်ယူ
 သောဒီဖက်တိုနည်းစနစ်ဖြင့် ကောက်ခံသွား
မည်ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့်
 ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စု
ဝန်ကြီး ဦးခင်ရီကပြောသည်။ ရန်ကုန်တိုင်းဒေသကြီး၊အစိုးရ ရုံးခန်းမဆောင်တွင် ဟိုတယ်လုပ် ငန်းရှင်များ၊ စက်မှုလုပ်ငန်း ရှင်များ ကိုဖိတ်ခေါ်၍ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက် ယူရေး ဆိုင်ရာ ရှင်းလင်းပွဲကျင်း ပပြုလုပ် ခဲ့ရာတွင် ၎င်းကယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။““ပဋိပက္ခဖြစ်ပွားနေတဲ့နယ် မြေ တချို့ဒေသတွေကို ယူရီယန် မြေပုံတွေနဲ့ကြည့်မယ်။ မြေပုံတွေ  ကိုလည်း မှာထားပြီ။ နောက်ထပ် တစ်နိုင်ငံလုံးကို ကောင်းကင် ဂြိုလ်တုကနေရိုက်ပြီးတော့ကောက် မယ်။ အဲဒီလိုလုပ်တဲ့အတွက် မရောက်နိုင်တဲ့နေရာတွေမှာရှိတဲ့ အိမ်အရေအတွက်တွေရမယ်။ လုပ်နိုင်မှုကတော့ တစ်နိုင်ငံလုံး ကို ရာခိုင်နှုန်းပြည့်လုပ်နိုင်သွား နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု ၎င်းကပြောသည်။ သန်းခေါင်စာရင်းကောက်ယူ ရာတွင် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ တွင် တာဝန်ထမ်းဆောင်နေ သော နိုင်ငံခြားသားသံတမန်များ နှင့် မိသားစုဝင်များ၊ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်၊ ညဥ့်သန်းခေါင် ကျော်လွန်ပြီးမှ မွေးဖွားလာသော ကလေးများမှလွဲ၍ ကျန်သန်း ခေါင်စာရင်းရည်ညွှန်းချိန်အတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်း ကောက်ယူမှုသည် မြန်မာနိုင်ငံ တွင်လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ကြိမ်သာကောက် ယူနိုင်ခဲ့ကြောင်း သိရသည်။        

No comments:

Post a Comment