Monday, April 7, 2014

KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် နေရပ်ပြန် မှော်သူ မှော်သားများ အဆမတန်များပြား




KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် နေရပ်ပြန် မှော်သူ မှော်သားများ အဆမတန်များပြား

ဧပြီလ ၇ ရက် ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်အပါအ၀င် မှော်အသီး သီး၌ အလုပ် လုပ်ကိုင်နေကြသော မှော်သူမှော်သားများသည် KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် ဧပြီ ၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ နေရပ်များသို့ ပြန်နေကြရကြောင်း ယင်းမှော်သူမှော်သားများထံမှ သိရသည်။
“ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဒီမြို့ပေါ်ကို မှော်ထဲကလူတွေ ပြန်ဝင်လာကြတာပဲ ၊ တော်တော်များ တယ်၊ အခုထက်ထိ ၀င်လာ နေကြတုန်းပဲ ” ဟု တနိုင်းမြို့ခံ တစ်ဦးက ပြောသည်။

ပယင်းမှော်နှင့် အနီးတစ်ဝိုက်ရှိ ညောင်ပင်ကုန်းမှော်၊ ပိန္နဲကုန်းမှော်၊ ချမ်းသာ ကုန်းမှော်၊ ဇီးဖြူကုန်းမှော်၊ နဂါးအိုင် မှော်တို့၌ နေထိုင်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ တိုက်ပွဲများဖြစ်လာတော့မည်ဖြစ်၍ အသက်အန္တရာယ်ကို တာဝန် မယူနိုင်ကြောင်းနှင့် မှော်များမှ ချက်ချင်းထွက်သွားရန်၊ မသွားပါက KIA အဖွဲ့ထဲဝင်ရမည်ဟု ပြောဆိုမှု ကြောင့် အဆိုပါမှော်များမှ ပြန်လာကြရခြင်း ဖြစ်ကြောင်း တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်ကျင်းသားတစ်ဦး က ပြောကြားသွားသည်။

“ လုပ်လက်စ အလုပ်တွေ ဆက်မလုပ်ရတော့ ပစ္စည်းတွေလည်း ဒီအတိုင်း ထားခဲ့ရတယ်၊ မပြန်ရင်လည်း KIA ကခေါ်သွားမှာဆိုတော့ ပြန်ခဲ့ရတာပေါ့၊ အခု မန္တလေးကို ပြန်ကြမှာပါ၊ မိသားစုလိုက်ဆိုတော့ လမ်းစရိတ်က တော် တော်ကုန်မှာ၊ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်လာရင် အသက်အန္တရာယ်ရှိ တာကြောင့် ပြန်ဖို့ဆုံးဖြတ်ခဲ့ကြ တာပါ” ဟု မန္တလေးဘက်မှ လာရောက်လုပ် ကိုင်သော မအေးမြင့် ကဆိုသည်။

ဧပြီလ ၄ ရက်နေ့မှစ၍ တနိုင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာသော မှော်သူမှော်သားများမှာ ယနေ့အချိန်ထိ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပြီး စုစုပေါင်း အင်အား (၅၀၀၀) ကျော်ခန့် ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ပါ ပြန်နေကြတာတွေ့တယ်၊ မြို့ထဲမှာ အဲဒီလို ရုတ်ရုတ်သဲသဲဖြစ်ရင် စိုးရိမ်ရ ပါတယ်၊ KIA က အတင်းမှောင်း ထုတ်လို့ ပြန်လာကြရတာဆိုတော့ မကြာခင် တိုက်ပွဲတွေ ပြန်ဖြစ်တော့မယ် ဆိုပြီး ပြောနေကြပါတယ်၊ ဒီနယ်မြေဒေသတွေကတော့ ဘယ်တော့များမှ ငြိမ်းချမ်းမလဲ မသိပါဘူး ” ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင် ကိုဂျွန်နော်ဆိုင်း ကပြောသည်။

တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်သူမှော်သားများသည် တနိုင်း - မြစ်ကြီးနားလမ်းနှင့် အင်ဂါးဂါး - နန်ဗျူ - ကောင်းရာလမ်းအတိုင်း နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာနေကြကြောင်း သိရှိရပါသည်။

မနောသစ် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ 
ပယင်းမှော်အပါအ၀င် မှော်အသီး သီး၌ 
အလုပ် လုပ်ကိုင်နေ ကြသော မှော်သူမှော်
သားများသည် KIA အဖွဲ့၏ ခြိမ်းခြောက်မောင်းထုတ်မှုကြောင့် ဧပြီ ၄ ရက်နေ့မှစ၍ သက်ဆိုင်ရာ နေရပ်များ သို့ ပြန်နေကြရကြောင်း ယင်းမှော်သူမှော် သားများထံမှ သိရသည်။
“ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဒီမြို့ပေါ်ကို မှော်ထဲကလူတွေ ပြန်ဝင်လာကြတာပဲ ၊ တော်တော်များ တယ်၊ အခုထက်ထိ ၀င်
လာ နေကြတုန်းပဲ ” ဟု တနိုင်းမြို့ခံ တစ်ဦးက ပြောသည်။
ပယင်းမှော်နှင့် အနီးတစ်ဝိုက်ရှိ ညောင်ပင်ကုန်းမှော်၊ ပိန္နဲကုန်းမှော်၊ ချမ်းသာ ကုန်းမှော်၊ ဇီးဖြူ ကုန်းမှော်၊ နဂါးအိုင် မှော်တို့၌ နေထိုင်လုပ်ကိုင်နေသူများအား KIA အဖွဲ့မှ တိုက်ပွဲများဖြစ် လာတော့မည်ဖြစ်၍ အသက်အန္တရာယ်ကို တာဝန် မယူနိုင်ကြောင်းနှင့် မှော်များမှ ချက်ချင်းထွက် သွားရန်၊ မသွားပါက KIA အဖွဲ့ထဲဝင်ရမည်ဟု ပြောဆိုမှု ကြောင့် အဆိုပါမှော်များမှ ပြန်လာကြ ရခြင်း ဖြစ်ကြောင်း တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်ကျင်းသားတစ်ဦး က ပြောကြား သွားသည်။
“ လုပ်လက်စ အလုပ်တွေ ဆက်မလုပ်ရတော့ ပစ္စည်းတွေလည်း ဒီအတိုင်း ထားခဲ့ရတယ်၊ မပြန်ရင် လည်း KIA ကခေါ်သွားမှာဆိုတော့ ပြန်ခဲ့ရတာပေါ့၊ အခု မန္တလေးကို ပြန်ကြမှာပါ၊ မိသားစုလိုက် ဆိုတော့ လမ်းစရိတ်က တော် တော်ကုန်မှာ၊ ဒါပေမယ့် တိုက်ပွဲတွေ ဖြစ်လာရင် အသက်အန္တရာယ်ရှိ တာကြောင့် ပြန်ဖို့ဆုံးဖြတ်ခဲ့ကြ တာပါ” ဟု မန္တလေးဘက်မှ လာရောက်လုပ် ကိုင်သော မအေးမြင့် ကဆိုသည်။
ဧပြီလ ၄ ရက်နေ့မှစ၍ တနိုင်းမြို့ပေါ်သို့ ပြန်လည်ဝင်ရောက်လာသော မှော်သူမှော်သားများမှာ ယနေ့အချိန်ထိ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပြီး စုစုပေါင်း အင်အား (၅၀၀၀) ကျော်ခန့် ရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ ကားတွေနဲ့ရော ဆိုင်ကယ်တွေနဲ့ပါ ပြန်နေကြတာတွေ့တယ်၊ မြို့ထဲမှာ အဲဒီလို ရုတ်ရုတ်သဲ သဲဖြစ်ရင် စိုးရိမ်ရ ပါတယ်၊ KIA က အတင်းမှောင်း ထုတ်လို့ ပြန်လာကြရတာဆိုတော့ မကြာခင် တိုက်ပွဲတွေ ပြန်ဖြစ်တော့မယ် ဆိုပြီး ပြောနေကြပါတယ်၊ ဒီနယ်မြေဒေသတွေကတော့ ဘယ်တော့ များ မှ ငြိမ်းချမ်းမလဲ မသိပါဘူး ” ဟု မြို့ခံစီးပွားရေး လုပ်ငန်းရှင် ကိုဂျွန်နော်ဆိုင်း ကပြောသည်။
တနိုင်းမြို့သို့ ရောက်ရှိလာသော မှော်သူမှော်သားများသည် တနိုင်း - မြစ်ကြီးနားလမ်းနှင့် အင်ဂါးဂါး - နန်ဗျူ - ကောင်းရာလမ်းအတိုင်း နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာနေကြကြောင်း သိရှိရပါသည်။
မနောသစ်
 From...Man Super

No comments:

Post a Comment