Monday, April 28, 2014

ဖထီးးးစောစန်းအောင်လည် ကုလားကြောက်နေသလာကွယ်ရို့)

(((မွတ်စလင်ကုလားတွေကို အရေးယူမယ်ဆိုတာ မပြောပါလာ. .ဖထီးးးစောစန်းအောင်လည် ကုလားကြောက်နေ သလာကွယ်ရို့)))
မြ၀တီမြို့တွင်(D.K.B.A)၀တ်စုံများဝတ်၍ ရမ်းကားခဲ့ကြသည့် မွတ်စလင်များကိစ္စ ဗိုလ်မှူးကြီးစောစန်းအောင် ရှင်းလင်း

အတွဲ(၈)၊ အမှတ်(၄၄)၊ News Watch ဂျာနယ် မျက်နှာဖုံးတွင်ပါရှိခဲ့သည့် “D.K.B.A ပြောက်ကျားဝတ်စုံဝတ် မွတ်စလင် လူတစ်စု ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကြီးဂိတ်ဝတွင် ပြည်သူအပေါ် လက်နက်များဖြင့် ရမ်းကား ” သတင်းနှင့်ပတ်သက်၍ (D.K.B.A) တပ်မတော်မှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောစန်းအောင်က ကျောက်ခက်ကျေးရွာတွင် ဧပြီလ (၁၉) ရက်နေ့ ညနေပိုင်းက အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ သည်။
''ကျွန်တော်တို့ တပ်ဖွဲ့က အောက်လက်ငယ်သားတချို့ကို မွတ်စလင်တချို့ က ငွေပေးပေါင်း တယ်။ ပြီးတော့ (D.K.B.A)တံဆိပ်ပါ ၀တ်စုံတွေဝတ်ပြီး ကျွန်တော်တို့ အထက်လူကြီးတွေ မသိအောင် တရားမ၀င် စီးပွားရေးတွေလုပ်တယ်။ တရားမ၀င်စီးပွားရေးဆိုတာက ဥပမာ- လိုင်စင် မဲ့ကားတစ်စီးကို (D.K.B.A) တပ်မတော်ကဆိုပြီး မြ၀တီမြို့ကနေ တခြားမြို့တွေကို ယူဆောင်ပြီး   ရောင်း စားကြတာပေါ့။ ဒီတော့ (D.K.B.A) တပ်ဖွဲ့ ၀င်တချို့ကို ငွေပေးပြီးလုပ်စားကြတာပေါ့။ ဒီတော့ အောက်လက်က တပ်သားတွေနဲ့ ရင်းနှီးနေကြတယ်။ နောက်ပြဿနာတစ်စုံ တစ်ရာဖြစ်ရင် သူတို့ကိုယ်တိုင် သူတို့ရှာကြံထားတဲ့ (D.K.B.A) ၀တ်စုံတွေဝတ်ပြီး ရင်းနှီးတဲ့ ကျွန်တော်တို့ တပ်ဖွဲ့ဝင် ငယ်သားတွေကိုခေါ်သွားပြီး ရှင်းကြတာပေါ့။”

“အမှန်တော့ မလုပ်သင့်တဲ့ကိစ္စပါ။ ကျွန်တော်တို့ (D.K.B.A) တပ်မတော်မှာ မွတ်စလင် တွေကို သင်တန်းပေြး ပီး တပ်ဖွဲ့ဝင်တွေ အဖြစ် ခန့်အပ်ထားတာမရှိပါဘူး။ မွတ်စလင်တပ်ဖွဲ့ဝင်တွေ (D.K.B.A) တပ်မတော်မှာ ဆရာတို့တွေ့ဖူးလို့လား။ နောက်ပြီး ကျွန်တော်တို့ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် က (D.K.B.A) ဆိုတာ ပြည်သူ့ အကျိုးပြုတပ်မတော်ပဲဖြစ် ရမယ်၊  ပြည်သူ့အကျိုးတွေ ကိုပဲ ဆောင်ရွက် ရမယ်၊ ပြည်သူတွေကို အနိုင်မကျင့်ရဘူးဆိုပြီး အမိန့်ပေးလမ်းညွှန်ထားတယ်။

ဒီတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စည်းကမ်းဖောက်ဖျက်တဲ့ အောက်လက်က တပ်ဖွဲ့ဝင်တွေကို ကျွန်တော် အရေးယူသွား မှာ ဖြစ်တယ်။ နောင်ကို လည်း ပြည်သူအပေါ် အနိုင်ကျင့်တဲ့ ဒီလိုဖြစ် စဉ်မျိုးတွေ မဖြစ်အောင် တပ်ဖွဲ့ ဝင်တွေကို ကျွန်တော်အမိန့် ပေးထားတယ်။ ဖြစ်ရင်လည်း ထိရောက်စွာ အရေးယူသွားမယ်'' ဟု ရှင်းလင်းပြော ကြားသည်။

သက်ဦးနိုင်(မြ၀တီ)

No comments:

Post a Comment