Monday, April 28, 2014

အမြင်ကောင်းမှ အကောင်းမြင်မည်

-၀ုတ်-၀ုတ်
မြေပြင်ကို ခြစ်လိုက်..ပတ်ပြေးလိုက်..

လက်နဲ့တို့လိုက်နဲ့..ခွေးတစ်ကောင်က
ဂနာမငြိမ်ဖြစ်ပြီး ဟောင်နေတာကို
ရေခဲချောင်းရောင်းတဲ့ ကလေးကတွေ့

တယ်။
ခွေးက အနီလုံးရဲရဲလေး ကို ကြည့်လိုက်..ဟောင်လိုက်..လုပ်နေ

တာကို ရေခဲချောင်းသည်လေးက တွေ့ပြီး
ဟဲ့ ခွေး..ဖယ်စမ်း...လို့ မောင်ထုတ် လိုက်တယ်။ ပြီးတော့ နီနီရဲရဲ ကျောက်ကလေးကို ကောက်ပြီး နေရောင်အောက်မှာထောင်ကြည့်တယ်။

ဒါပေမယ့် ဒီကျောက်ဟာ သူဘာမှန်းမသိဘူး။လှတာတော့ သူသိတယ်။

-ကျောက်ကလေး တကိုင်ကိုင် နဲ့ ရေခဲချောင်းသည်လေးကို ကွမ်းယာရောင်းတဲ့သူကမြင်တယ်။ ဟဲ့ကလေး ..မင်းလက်ထဲက ဘာလေးလဲလို့ မေးတယ်။ကလေးကလည်း ကျောက်ကလေး ဗျ ။ လှတော့လှတယ် လို့ဖြေတယ်။ ဒါနဲ့ ကွမ်းယာသည်က လည်း ငါ့ရောင်းပါလားလို့ပြောတယ်။ ကောင်လေးက ၂၀ ပေးရင် ရောင်းမယ်လို့ဆိုတယ်။ကွမ်းယာသည်ကလည်း..၁၅ ကျပ်တော့ထားကွာ ။ ငါ့မှာ ၁၅ ကျပ်ပဲ ပါတယ်။ ရေခဲချောင်းသည်လေးကလည်း..ကောက်လာတဲ့ ကျောက်ကလေးပဲ ၁၅ ကျပ် ရလည်း နည်းလားဆိုတဲ့အတွေးနဲ့ရောင်းလိုက်တယ်။ ဒါနဲ့ ကျောက်ကလေးက ကွမ်းယာသည် လက်ထဲ ရောက်သွားတယ်။

-ကွမ်းယာသည်ကလည်း တစ်ဆင့် ရပ်ကွက်ထဲက လည်လည်ဝယ်ဝယ်ရှိမယ်ထင်တဲ့ သူတစ်ယောက်ကို
ပြကြည့်တယ်။ ရပ်ကွက်ထဲက လူကလဲ ပတ္တမြားမှန်းသိပေမယ်..လှတဲ့ ကျောက်ကလေး ငါ့ပြန်ရောင်းပါလား..၁၀၀ ပေးမယ် လို့ ဆိုတယ်။ ကွမ်းယာသည်လည်း ၁၅ ကျပ်နဲ့ ၀ယ်လိုက်တဲ့ ကျောက်က
၁၀၀ တောင် ရတယ်ဆိုတဲ့ စိတ်နဲ့ ပျော်ပြီး ရောင်းလိုက်တယ်.။ ကျောက်ကလေးက ရပ်ကွက်ကလူလက်ထဲရောက်သွားတယ်..။

-တဖြေးဖြေးနဲ့ အဲ့ပတ္တမြားလေး ဟာ တစ်ယောက်-တစ်ယောက် ချင်းစီ
လက်ထဲ ရောက်ပြီး..နောက်ဆုံး သန်းချီတန်တဲ့ အရည်သွေးကောင်းတဲ့ ပတ္တမြားလေး တစ်လုံးဖြစ်နေတော့တယ်..။
--------------------
ဒီမှာ ဘာကိုပြောချင်တာလဲ ဆိုတော့....
-ပတ္တမြားကို စတွေ့တာ က ခွေးကစတွေ့တာ ..ဒါပေမယ့်..သူက ခွေးအသိလောက်ပဲရှိတာမို့..ဘာ တစ်ပြားတစ်ချပ်မှ မရလိုက်ဘူး...

-နောက်တော့..ရေခဲချောင်းသည်လေး...သူကတော့ လှတဲ့ ကျောက်တစ်လုံးအဖြစ်ပဲ ကလေးသိသိတာမို့...၁၅ ကျပ်လောက်တော့..ရလိုက်တယ်။

-နောက်တော့...ကွမ်းယာသည်..သူကလည်း..တန်ဖိုးရှိမယ်မှန်းတော့ သိပေမယ့်..ဘယ်လောက်ထိ တန်ဖိုးရှိသလဲ ဆိုတာ သူမသိပဲ ကွမ်းယာသည်အသိလောက်ပဲရှိတာမို့ ၁၀၀ လောက်ပဲရလိုက်တယ်...

-နောက်တော့တန်ဖိုးသိတဲ့သူတွေကတော့..တဆင့်..ထက် တစ်ဆင့်နဲ့...သန်းချီရလိုက်ကြတယ်..။
-------------------------
သင်ခန်းစာကတော့..လောကမှာကိုယ့်အသိ ရှိသလောက်ပဲ ရကြတာပါ။
---------------------------
ဘာရယ် မဟုတ်ပါဘူး 7 Days က "မှားတာကို ပြင်ဖို့လိုတယ်"ဆိုတဲ့ ဆောင်းပါးမှာ DSA Never Surrender ဆိုတဲ့ ဆောင်ပုဒ် ကို ပြောထားတာလေးတွေ့လို့ပါ။ အဲ့ဆောင်းပါးလေး..ဖတ်ပြီးတော့..ငယ်ငယ်က နားထောင်ဖူးတဲ့ ဇာတ်လမ်းလေးကို မှတ်မိသလောက်လေးသတိရလို့ ချရေးမိတာပါ။


ဦးစစ်မင်း

No comments:

Post a Comment