Wednesday, April 9, 2014

Black-box ဆိုသည်မှာ

black-box ဆိုတာ ဘာလဲ?
လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်

တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်… ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့
စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…
Black-box = FDR + CVR
ဒေတာအချက်အလက်တွေကို ဘယ်လိုသိမ်းမလဲ
သိမ်းပေးမယ့်ပစ္စည်းက နှစ်မျိုးရှိပါတယ်… magnetic tape နဲ့solid-state device ပါ… ဒီနှစ်မျိုးထဲက တစ်မျိုးမျိုးသုံးနိုင်ပါတယ်… magnetic tape တွေကတော့ခံနိုင်ရည် သိပ်မရှိပဲပျက်စီးလွယ်ပါတယ်… solid-statedevice ကတော့ ပိုပြီးခံနိုင်ရည်ရှိသလို အချက်အလက်တွေကိုသိမ်းဆည်းရာမှာလဲ ပိုပြီး မြန်ပါတယ်… black-box ကသိမ်းပေးမယ့် အချက်အလက်အချို့ကအောက်ပါအတိုင်းဖြစ်ပါတယ်…
ပျံသန်းမှုအရှိန်နှုန်း(Acceleration) ပျံသန်းမှုအမြန်နှုန်း(AirSpeed) ပင်လယ်ပြင်မျက်နှာပြင်အမြင့် (Altitude) လေယာဉ်တောင်ပံအနေအထား(Flap Setting) ပြင်ပအပူချိန် (External Temperature) လေယာဉ်တွင်းအပူချိန် (Cabin Temperature) ဖိအား(Pressure) အင်ဂျင် စွမ်းဆောင်မှုအနေအထား(Engine Performance)
ဒါတွေကတော့black-box ကသိမ်းမယ့် ဒေတာအချက်အလက်အချို့ပါ.. ကြီးမားတဲ့ လေယာဉ်ကြီးတွေမှာ ဒီလိုမျိုးအချက်အလက်ပေါင်း ၇၀၀ကျော်ကိုblack-box ကမှတ်သားမှာပါ… black-box မှာ on-board generatorပါပါတယ်.. အဲဒါနဲ့ ပါဝါပေးမှာဖြစ်ပြီးDCပေးရင် 28V နဲ့ AC ပေးရင်115V
Black-box ကိုတီထွင်ခဲ့သူAustralia နိုင်ငံသားDavid
CVR (cockpit voice recorder) ဒီrecorderလေးကတော့အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ လေယာဉ်အမှုထမ်းတွေရဲ့ စကားပြောဆိုဆက်သွယ်မှုကိုမှတ်သားပေးမယ့်အပြင် လေယာဉ်တွင်းမှာရှိတဲ့အခြားအသံတွေကိုလဲ မှတ်တမ်းတင်မှာပါ… ဒီdevice လေးထဲမှာ မိုက်ခရိုဖုန်းများပါဝင်ပြီး သိမ်းရင်digital format နဲ့ သိမ်းပါတယ်… တစ်ခါတစ်လေ အသံကတိုးနေနိုင်တဲ့အတွက်ထပ်ချဲ့ (amplify) လုပ်ပြီးမှသိမ်းမှာပါ…storage device က magnetic tape ဆိုရင် မိနစ် ၃၀ သာ သိမ်းနိုင်မှာဖြစ်ပြီး solid-state ဆိုရင်တော့၂နာရီစာ သိမ်းမှာပါ… သိမ်းနိုင်တဲ့ ဒေတာပြည့်ပြီးတိုင်း နောက်ထပ်အသစ်သိမ်းမယ့် ဒေတာများကို overwrite(ဖျက်ပြီးအသစ်တွေကို ထပ်သိမ်း)နည်းကိုသုံးမှာပါ…
Flight Data Recorder (FDR) ဒီဟာကတော့ပျံသန်းမှုစနစ်တစ်ခုလုံးရဲ့မှတ်တမ်း အချက်အလက်တွေကိုသိမ်းမှာပါ… ခလုပ်လေး(switch လေး) တစ်ခုရဲ့အဖွင့်အပိတ်ကအစ မှတ်တမ်းတင်သွားမှာဖြစ်ပါတယ်… လေကြောင်းဥပဒေအရ မှတ်တမ်းတင်သိမ်းမယ့် ဒေတာအမျိုးအစား(parameter)က အနည်းဆုံး ၈၈ခု အထိရှိရမယ်လို့သိရပါတယ်…FDR device မှာတော့ solid-statedevice သုံးမယ်ဆိုရင်dataသိမ်းတာ ပိုမြန်မယ့်အပြင်၂၅နာရီကြာတဲ့ အတိုင်းအတာ ထိ သိမ်းဆည်းမှတ်တမ်းတင်နိုင်မှာပါ…
black-box ရဲ့ကြံ့ခိုင်မှု လေယာဉ်တစ်စီးရဲ့ အရေးပေါ် အခြေအနေ (သို့) ပျက်ကျတဲ့ အခြေအနေတွေမှတ်တမ်းတင်တဲ့ တစ်ခုတည်းသော အရာကblack-box ပါ… လေယာဉ်ပျက်စီးခဲ့လို့ အခြားအစိတ်အပိုင်းတွေ ဘယ်လိုပဲ သဲလွန်စ ရှာမရအောင် ပျောက်ပျက်သွားပါစေ… black-box ကတော့ မှတ်တမ်းတင်ပြသနိုင်တဲ့ တစ်ခုထဲသော ပစ္စည်းအဖြစ်နဲ့ ကျန်ခဲ့ရပါမယ်…ဒါကြောင့်FDR နဲ့CVR တို့ကို crash-survivable memory units (CSMUs)လို့ ခေါ်ကြပါတယ်…
black-box တွေကိုလေယာဉ်ထုတ်လုပ်ပေးတဲ့ စက်ရုံတွေကပဲ တစ်ခါတည်းတပ်ဆင်ပေးလိုက်တာပါ… အများသောအားဖြင့်လေယာဉ်ရဲ့အမြီးပိုင်းမှာ ထားလေ့ရှိပါတယ်… ကျွမ်းကျင်သူများ အဆိုအရ လေယာဉ်အမြီးပိုင်းကအပျက်အစ်ီးအနည်းဆုံး အပိုင်းဖြစ်တယ်လို့သိရပါတယ်… ဒါပေမယ့် လေယာဉ်အမျိုးအစာပေါ် လိုက်ပြီး blak-box ထားတဲ့ နေရာအနည်းငယ်ကွဲလေ့ရှိပါတယ်… အထိအခိုက်အနည်းဆုံးဖြစ်နိုင်တဲ့နေရာတွေမှာပဲ တပ်ဆင်ကြတာပါ…
ဒါကြောင့်black-box ဟာ လေယာဉ်မတော်တဆမှုတွေ ဖြစ်ပြီးတိုင်း ဖြစ်ရတဲ့ အကြောင်းအရင်း(root cause) ကိုစုံစမ်းစစ်ဆေးနိုင်ဖို့အတွက် တစ်ခုထဲသော အရာအဖြစ် လေယာဉ်တိုင်းမှာ အသုံးပြုနေကြတာပဲဖြစ်ပါတယ်…
လေယာဉ်ပျက်စီးမှုတစ်ခုအပြီးတွင်တွေ့ရသော black-box (အဆိုပါ black-box ကို ကျွမ်းကျင်သူများက စစ်ဆေးမှာ ဖြစ်ပါတယ်)

No comments:

Post a Comment