Saturday, April 5, 2014

ထားထက် ထက် ၏ သင်္ကြန် ရင်ခုန် သံ

1သမီးကတော့ သင်္ကြန်မှာ ရန်ကုန်နဲ့ မန္တလေးမှာ ပဲရှိမှာပါ။ ရန်ကုန်မှာကတော့ ဘယ်မဏ္ဍပ် ဆို တာ သေချာမ သိသေးဘူး။ ဒါပေမဲ့ မန္တလေး
မှာတော့ ဟိုတယ်နှင့်ခရီးသွား မဏ္ဍပ်တွေမှာ
ရှိမှာပါ။ထားထက်အနေ နဲ့လည်း သင်္ကြန်ကို ကြိုတင် ရင်ခုန်နေပါတယ်။ ထားထက်ရဲ့သင်္ကြန်အမှတ်တရ အနေနဲ့ကတော့ ၂ဝ၁၂ ခုနှစ်က ပထမဦးဆုံးအနေနဲ့ ထားထက်ရယ်၊ နန်းခင်ဇေယျာရယ်၊ သဒ္ဒါကြည်လင်ရယ် သုံးယောက်ပေါင်းပြီးမဏ္ဍပ်မှာ ဖျော်ဖြေတဲ့အခါမှာ သုံးယောက်စလုံးက သီချင်းဆိုဖို့ အစီအစဉ်မရှိဘဲနဲ့ သီချင်းဆိုဖြစ်ခဲ့တယ်။ ဒါကြောင့်သီ ချင်းကို ညတွင်းချင်းပဲ သီချင်းတိုက်ခဲ့ကြရတယ်။ ဒါကတော့ အမှတ်တရ ရှိခဲ့ပါတယ်။
၂ဝ၁၄ သင်္ကြန်မှာ ပရိသတ်ကြီးကို အကြံပေးချင်တာကတော့ အင်္ကျီတို၊ ဘောင်းဘီတို ဝတ်တာက သင်္ကြန် တွင်းမှာလှပေမယ့် သင်္ကြန်ပြီးသွားတဲ့အခါ အသားအရေကို ပြန်ပြုပြင်ရတာ အရမ်း ဒုက္ခရောက်တယ်။ ကိုယ် ပျော်ရတာနဲ့ ပြန်လုပ်ရတာနဲ့ မမျှဘူးဖြစ်မှာပေါ့။ ဒါကြောင့် ပရိသတ်ကြီးကို သင်္ကြန် အတောအတွင်းမှာ ကျန်းမာရေး အမြင်ရှိရှိနဲ့ ပျော်ရွှင်စွာ ကစားနိုင်ကြဖို့ ဆုတောင်းပေးချင်ပါတယ်။
မြ၀တီ

No comments:

Post a Comment