Monday, April 7, 2014

သူရ ဦးရွှေမန်း နိုင်ငံရေးဆောင်းပါး ရေးသားနေပြီ

Wednesday, April 2, 2014
7 Day သတင်းစာ သတင်းထောက်ချုပ် 
ဦးအောင်သူရ ရှဲဒိုးရေးပေးထားသော
နိုင်ငံရေးဆောင်းပါးတစ်စောင်ကို 
သူရဦးရွှေမန်းရေးသားသည် ဟု အမည်ခံ၍
 7 Day သတင်းဂျာနယ်တွင် ဖော်ပြတော့ မည် ဖြစ်ကြောင်း သိရှိရသည်။

“ကိုအောင်သူရ ပြောတာ ကြားလိုက်တယ်။ သူက အခု နိုင်ငံရေးခေါင်းဆောင် တစ်ဦးအတွက် မျှော်မှန်းချက်တွေ ဖော်ထုတ်ပြီး ဆောင်းပါးရေးနေတယ် တဲ့။ ဆယ်သိန်း တန် ဆောင်းပါး လို့ ပြောတယ်။ သူ့ကို သူ့သူဌေး ဦးသောင်းစုညိမ်းက တစ်ဆင့် ရေးခိုင်းတာ လို့ ပြောတယ်။ ပြီးတော့ မကြာဘူး ဦးရွှေမန်း ဆောင်းပါးရေးနေတယ် ဆိုတဲ့ သတင်း ထွက်လာ တယ်။ နောက်ကွယ်က ရေးပေးတာ ကိုအောင်သူရ ပဲ သေချာတယ်” ဟု 7 Day သတင်းစာမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။
အလားတူ 7 Day ဂျာနယ်တွင် သမ္မတဦးသိန်းစိန်အား တိုက်ခိုက်နေခြင်းမှာ နောက်ကွယ်မှ
နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဟန်ချက်ညီ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း နေ့စဉ်ထုတ် သတင်းစာ တစ်စောင်မှ တာဝန်ခံအယ်ဒီတာ တစ်ဦးက ထုတ်ဖော်ဖွင့်ချခဲ့သည်။
မတ်လ ၂၆ ရက်နေ့ထုတ် 7 Day ဂျာနယ်အတွဲ ၁၃၊ အမှတ် ၄ မှဆောင်းပါးရှင်ကိုအောင်သူရရဲ့  သမ္မတဦးသိန်းစိန်ဘာမှားသလဲ ဆိုတဲ့ဆောင်းပါးကိုဖတ်ပြီး ကျွန်တော် explain လုပ်မယ်စိတ်ကူးခဲ့ တာ အခုမှပဲရေးဖြစ်ပါတယ်။ခေါင်းကြီးပိုင်းတွင်နိုင်ငံရေးသမားအသွင်ဆောင်လာမှု့များ၊ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးအာင်မြင်စွာမလုပ်ကိုင်နိုင်ခြင်း၊မျိုးစောင့်ဥပဒေနှင့်ပက်သက် ၍ဆောင်ရွှက်ချက်များ၊စီးပွားရေးတွင်ရှင်းလင်းပြတ်သားသည့်ရည်မှန်းချက်နှင့်ကောင်း မွန်သော မှုဝါဒမရှိခြင်းတို့ကသမ္မတကြီး၏အမှားဟုထောက်ပြထားသည်။ဆောင်းပါးရှင်ကိုအောင်သူရက ဘာသာပြောင်းချင်းဆိုင်ရာဥပဒေ၊လက်ထပ်ထိမ်းမြာခြင်းဆိုင်ရာဥပဒေ၊တစ်လင် တစ် မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေနှင့်လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာဥပဒေတို့ကိုပြည်ထောင်စု လွှတ်တော်နာယကထံသဝဏ်လွှာပေးပို့ခြင်းကိုမှားကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်း
ဆာခေါင်းရှေ့ နေဦးသန်းစိုး တို့၏စကားတို့ဖြင့်ထောက်ပြထားသည်။

“အမှန်တစ်ကယ်မှာတော့ 7 Day ဂျာနယ်ကနေ သတင်းစာ ပြောင်းထုတ်တာ၊ ကိုယ်ပိုင်သတင်းစာ ရိုက်တဲ့ပုံနှိပ်စက် ၀ယ်ပြီးလုပ်တာ ဒါတွေက ဦးတိုးနိုင်မန်းက နောက်ကွယ်ကထောက်ပံ့ပေးထား တာ။ ခင်ဗျားတို့ သေချာ ဂရုစိုက်ပြီး ကြည့်ရင် 7 Day က ထုတ်တဲ့ ဂျာနယ်၊ သတင်းစာတွေမှာ ဦးရွှေမန်း ချမ်းသာကြွယ်ဝမှု၊ တိုးနိုင်မန်းနဲ့ အောင်သက်မန်းတို့ရဲ့ စီးပွားရေး အမြတ်ထုတ်မှုတွေကို ဘယ်တော့မှ ဖော်ပြခဲ့တာ မရှိဘူး ဆိုတာ တွေ့လိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ကွယ် က ငွေကြေးထောက်ပံ့ပေးထားတာ ဦးရွှေမန်း ဆိုပြီး ပြောကြတယ်။ ဦးရွှေမန်း၊ ဦးစံရွှေအောင်၊ ဦးသောင်းစုညိမ်း သုံးယောက်ပေါင်းပြီး မန်း-အောင်-ညိမ်း ဖောင်ဒေးရှင်း ထောင်ထားတယ်။ ဒီဖောင်ဒေးရှင်းက ရွေးကောက်ပွဲအတွက် ရည်ရွယ်ထားတာ။ ပိုင်ရှင် အမည်ခံထားတဲ့ ဦးသောင်းစုညိမ်း က ဘာရှိမှာလဲ။ ဦးရွှေမန်းမိသားစုက နောက်ကွယ်က ငွေကြေးထောက်ပံ့ပေးထားတာ။ ဦးသောင်းစုညိမ်း အဖေ ဦးဝင်းအောင် ဆိုရင် ထောင်ထဲမှာပဲ ကွယ်လွန်သွားတာ။ ဒါကို အငြိုးထားပြီး ပြန်ဆော်ဖို့ လုပ်ထား တာ ထင်တယ်။ အောင်သူရ ဆိုတာက တိုးနိုင်မန်းက လစဉ် သုံးလေးသိန်းလား ပံ့ပိုးပေးတယ် ထင် တယ်။ ကလေးစရိတ်ဆိုပြီးတော့ ပေးကမ်းထားတာ။ အောင်သူရ ရေးတဲ့ ဦးရွှေမန်း ဘာမှားခဲ့သလဲ ဆိုတာမျိုး တွေ့ဘူးသလား။ ဦးရွှေမန်းအကြောင်း ပြောရင် တစ်နိုင်ငံလုံး စီးပွားရေးတွေ လက်ဝါး ကြီး အုပ်ထားတာတွေ ပြောလို့တောင် နိုင်မှာ မဟုတ်ဘူး။ ဒါတွေ 7 Day က ဘယ်တော့မှ မရေးဘူး။ နည်းနည်းလေးတောင် မရေးရဲဘူး။ ဘာဖြစ်လို့လဲ သိလား။ 7 Day ဆိုတာ ဦးရွှေမန်း လက်သပ်မွေး ထားတာ။ အခုလည်း ရှဲဒိုး အမည်ခံပြီး ဦးရွှေမန်း ရေးတဲ့ ဆောင်းပါး ဆိုပြီး အောင်သူရက ရေးပေး ထားတယ် ပြောတယ်။ မကြာခင်မှာ ဦးရွှေမန်းရေးတဲ့ နိုင်ငံရေးဆောင်းပါး ထွက်လာတော့မယ်” ဟု နေ့စဉ်ထုတ်သတင်းစာတစ်စောင်မှ တာဝန်ခံအယ်ဒီတာ တစ်ဦးက ပြောဆိုသည်။

သတင်းထောက် အောင်သူရမှာ ဧရာဝတီတိုင်းသားတစ်ဦး ဖြစ်ပြီး ဧရာရွှေဝါ ကုမ္ပဏီ၏ သတင်းပေး အဖြစ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ သောင်းစုညိမ်း၏ တာဝန်ပေးချက်အရ သတင်းမီဒီ ယာများ တွင် ဦးရွှေမန်းနှင့် တိုးနိုင်မန်း၊ အောင်သက်မန်း တို့အကြောင်း မပါစေရန် စည်းရုံးရသူ တစ်ဦးလည်း ဖြစ်ကြောင်း၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးအချို့နှင့် ရင်းနှီးအောင် နေထိုင်ပြီး ဟိုစကား ဒီပို့ ဒီစကား ဟိုပို့ဖြင့် သတင်းပေးလုပ်နေသူဖြစ်ကြောင်း ၄င်းက ပြောကြားသည်။

7 Day နှင့် သူရဦးရွှေမန်းမိသားစုအကြား ဆက်နွယ်ပတ်သက်မှုမှာ သတင်းမီဒီယာ လုပ်ငန်းတစ်ခု တည်းသာမကဘဲ ဦးရွှေမန်း သမ္မတရာထူး ရရှိလာခဲ့လျှင် ဒုဝန်ကြီး တစ်နေရာဖြစ်စေ၊ အမေရိကန် ဆိုင်ရာ မြန်မာသံအမတ်ကြီးရာထူးဖြစ်စေ ပေးအပ်ရန် ဦးတိုးနိုင်မန်းကတစ်ဆင့် ညှိနှိုင်း သဘော တူ  ထားပြီး ဖြစ်ကြောင်း လွှတ်တော်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

မကြာခင်ထွက်ပေါ်လာမည့် သူရဦးရွှေမန်းရေးသားသည် ဟု အမည်ခံထားသည့် 7 Day သတင်းထောက် ချုပ် ဦးအောင်သူရ ရေးသားသည့် နိုင်ငံရေးဆောင်းပါးတွင် မည်သို့ မည်ပုံ တိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စောင့်ကြည့်ရန် ဖြစ်နေကြောင်း သိရှိရသည်။

မိုးကြိုး သတင်းစဉ်

No comments:

Post a Comment