Wednesday, April 23, 2014

ထိုင်းဝန်ကြီးချုပ်ကို ရက်ပိုပေးမပေး ဆုံးဖြတ်မည်

Photo: ထိုင်းဝန်ကြီးချုပ်ကို ရက်ပိုပေးမပေး ဆုံးဖြတ်မည်
Wednesday, April 23, 2014

၂၀၁၁ ခုနှစ်တုန်းက ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီဥက္ကဋ္ဌကို ရာထူးအပြောင်းအလဲ လုပ်တဲ့နေရာမှာ ၀န်ကြီးချုပ်ရဲ့ အာဏာကို အလွဲသုံးစား လုပ်မလုပ်ဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ် ရင်လတ်ရှင်နာဝဒ်ကို စစ်ဆေးဖို့ ဖွဲ့စည်းပုံတရားရုံးက ဆုံးဖြတ်ချက်ချတဲ့အပေါ် အချိန်ပိုပေးဖို့ ထိုင်းဝန်ကြီးချုပ်က တောင်းဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး နောက်ထပ် ၁၅ ရက် အချိန်ပိုပြီး ပေးမပေးကို ထိုင်းတရားရုံးက ဒီကနေ့မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားခဲ့ရင်တော့ သူမ အပါအ၀င် သူ့ရဲ့ ကက်ဘီနက် ၀န်ကြီးအဖွဲ့တွေဟာ ရာထူးက ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။

ရှပ်နီအဖွဲ့လို့ လူသိများတဲ့ လက်ရှိထိုင်းအစိုးရကို ထောက်ခံသူတွေကတော့ အခုကိစ္စကို တရားရေးနဲ့ အာဏာသိမ်းတဲ့ လုပ်ရပ်လို့ မြင်ကြပြီး ဘန်ကောက် လမ်းမတွေပေါ်မှာ ဆန့်ကျင် ဆန္ဒပြ နေကြပါတယ်။

အလားတူပဲ ထိုင်းအစိုးရ ဆန့်ကျင်သူ တွေကလည်း မြို့တော် ဘန်ကောက်မှာ သပိတ် တိုက်ပွဲတွေကို ဆက်လက် ဆင်နွှဲ နေကြပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရေး မငြိမ်သက်မှုတွေဟာ အခုဆိုရင် ၆ လ ထဲကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ABC Radio Australia

လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့ဝင်တွေ (Credit: AFP)
လက်ရှိအစိုးရကို ထောက်ခံတဲ့ ရှပ်နီအဖွဲ့ဝင်တွေ (Credit: AFP)
၂၀၁၁ ​ခုနှစ်တုန်းက ​ထိုင်း ​အမျိုးသား ​လုံခြုံရေး ​ကောင်စီဥက္ကဋ္ဌကို ​ရာထူးအပြောင်းအလဲ ​လုပ်တဲ့နေရာမှာ ​၀န်ကြီးချုပ်ရဲ့ ​အာဏာကို ​အလွဲသုံးစား ​လုပ်မလုပ်ဆိုတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝဒ် ကို ​စစ်ဆေးဖို့ ​ဖွဲ့စည်းပုံတရားရုံးက ​ဆုံးဖြတ်ချက်ချတဲ့အပေါ် ​အချိန်ပိုပေးဖို့ ​ထိုင်းဝန်ကြီးချုပ် က ​တောင်းဆို ထားပါတယ်။

ဒါနဲ့ ​ပတ်သက်ပြီး ​နောက်ထပ် ​၁၅ ​ရက် ​အချိန်ပိုပြီး ​ပေးမပေးကို ​ထိုင်းတရားရုံးက ​ဒီကနေ့မှာ ​ဆုံးဖြတ် သွား မှာ ​ဖြစ်ပါတယ်။

ပြစ်မှုထင်ရှားခဲ့ရင်တော့ ​သူမ ​အပါအ၀င် ​သူ့ရဲ့ ​ကက်ဘီနက် ​၀န်ကြီးအဖွဲ့တွေဟာ ​ရာထူးက ​ဖယ်ရှား ခံရမှာ ​ဖြစ်ပါတယ်။

ရှပ်နီအဖွဲ့လို့ ​လူသိများတဲ့ ​လက်ရှိထိုင်းအစိုးရကို ​ထောက်ခံသူတွေကတော့ ​အခုကိစ္စကို ​တရားရေးနဲ့ ​အာဏာသိမ်းတဲ့ ​လုပ်ရပ်လို့ ​မြင်ကြပြီး ​ဘန်ကောက် ​လမ်းမတွေပေါ်မှာ ​ဆန့်ကျင် ​ဆန္ဒပြ ​နေကြပါတယ်။

အလားတူပဲ ​ထိုင်းအစိုးရ ​ဆန့်ကျင်သူ ​တွေကလည်း ​မြို့တော် ​ဘန်ကောက်မှာ ​သပိတ် ​တိုက်ပွဲတွေကို ​ဆက်လက် ​ဆင်နွှဲ ​နေကြပါတယ်။

လက်ရှိ ​ထိုင်းနိုင်ငံရေး ​မငြိမ်သက်မှုတွေဟာ ​အခုဆိုရင် ​၆ ​လ ​ထဲကို ​ရောက်ရှိလာပြီ ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment