Monday, April 7, 2014

မေးပါရစေ......

မေးပါရစေခင်ဗျာ...
ခင်ဗျားသာ NLD ပါတီ ဥက္ကဌ ဆိုလျှင် ....
NLD နာယကကြီး ဦးဝင်းတင် 
နာမကျန်းဖြစ်နေသည်ကို သတင်းသွားမေး
မည်လော။
သို့တည်းမဟုတ်
၈၈ ခေါင်းဆောင် ဦးကိုကိုကြီး မင်္ဂလာဆောင်ကို မိတ်ကပ်အဖွေးသား၊ ဖက်ရှင်ဒီဇိုင်း အပြည့် သားနှင့်  တက်ရောက်မည်လော။
ခင်ဗျားသာ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဆိုလျှင် ....
လှည်းကူးတွင် အဓိကရုဏ်းဖြစ်ပွား၍ တရားဥပဒေစိုးမိုးမှု နှင့် ပတ်သက်၍ အနှောင့်အယှက်   ဖြစ်နေသည်ကို ဖြေရှင်းမည်လော။
သို့တည်းမဟုတ်
မိမိပါတီ ရပ်တည်ရေးအတွက် မိတ်ကပ်ထူထူ မျက်နှာကြီးအားပြကာ အရုပ်ရောင်း၊ ပိုက်ဆံရှာနေ မည်လော။
ခင်ဗျားသာ အမျိုးသားခေါင်းဆောင်ကြီး၏ သားသမီးဖြစ်ပြီး လက်ရှိ၌လည်း နိုင်ငံခေါင်းဆောင် တစ်ယောက်ဆိုလျှင် ....
တပ်မတော်နေ့ အခမ်းအနား၌ နိုင်ငံတော်အလံကို ရိုသေစွာ ကိုင်းညွှတ်အလေးပြုမည်လော။
သို့တည်းမဟုတ်
ငါ့ နဲ့ ငါသာ နှိုင်းစရာ မာန်တက်လျက် နိုင်ငံတော်အလံကိုပင် ဂရုမစိုက်၊ ဦးမညွှတ်၊ အလေး မပြု ပဲ နေမည်လော။

No comments:

Post a Comment