Monday, April 7, 2014

မလေးရှားလေယာဉ်ဆီက ယူဆရတဲ့ နောက်ထပ် အချက်ပေးလှိုင်း ဖမ်းမိ

Monday, April 7, 2014
မလေးရှားလေကြောင်းလိုင်းက MH370 လေယာဉ်ပျောက်ရဲ့ Black Box ကလို့ ယူဆရတဲ့ အချက်ပေး လှိုင်းကို ဒီကနေ့ ဒုတိယအကြိမ်ထပ်မံ ဖမ်းယူရရှိတယ်လို့ ပူးပေါင်း ရှာဖွေရေး စင်တာ အကြီးအကဲ သြစတြေးလျ လေတပ်ဦးစီးချုပ် Marshal Angus Houston က ပြောလိုက်တာကို CNN ကြားဖြတ်သတင်း မှာ ဖော်ပြလာပါပြီ။

မလေးရှားနဲ့ အမေရိကန် ပြည်ထောင်စုတို့က လေယာဉ်ပျောက် ရှာဖွေရေး တာဝန်ရှိသူတွေက လည်း အလားတူ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး ပြောဆိုနေ ကြပါပြီ။
ထူးဆန်းတာက ရေနက်လာလေလေ အဲဒီ အချက်ပြအသံနဲ့ ပိုပြီး နီးစပ်လာလေလေဖြစ်တယ်လို့ လည်း သိရပါတယ်။ အခု ဒုတိယအကြိမ် ထပ်မံဖမ်းယူရရှိတဲ့ အချက်ပြလှိုင်းဟာ တနင်္ဂနွေနေ့ ပထမ အကြိမ်က တရုတ်သင်္ဘော က အသံလှိုင်း ဖမ်းယူရမိတဲ့ နေရာနဲ့ အလွန်နီးစပ်ပြီး မလေးရှား လေ ယာဉ်ပျောက်ဆီ က ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
ဒီကနေ့ တနင်္လာနေ့ဟာ လေယာဉ်ပျောက်ဆုံးခဲ့တာ ရက်ပေါင်း ၃ဝ ပြည့်ပြီးဖြစ်သလို Black Box ရဲ့ ဘက်ထရီအား ကုန် မယ့် နေ့လည်း ဖြစ်ပါတယ်။
မနေ့ကတော့ ရှာဖွေမှုတွေကို အရှိန်မြှင့်ပြီး အားသွန်ခွန်စိုက်လုပ်ကြပါတယ်။ Black Box ကို ရှာဖွေတွေ့ရှိဖို့ သမုဒ္ဒရာ ကြမ်းပြင်ထိ ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေပြီး တွေ့ရှိခဲ့မယ်ဆိုရင် လေယာဉ် ဘယ်လိုဖြစ် ပျက် ခဲ့တယ်ဆိုတာ စုံစမ်းဖော်ထုတ်နိုင်မှာလည်းဖြစ်ပါတယ်။


အိမ့်သံစဉ် ~

No comments:

Post a Comment