Tuesday, April 8, 2014

DSA Never Surrender

နောက်ဆုံး
သူ အော်ပြီး ပန်းတိုင်ဆီသို့ ညှစ်ပြေးတဲ့

အချိန် ကျတော်ကြက်သီးထမိတယ်။
D S A ကွ...........................................။
==============================
ယနေ့ စစ်တက္ကသိုလ် ဒုတိယနှစ်ဗိုလ်လောင်းတွေရဲ့ တောတွင်း

နယ်ကျော်ပြေးပြိုင်ပွဲကျင်းပတဲ့နေ့ပေါ့။ နယ်ကျော်ပြေးပြိုင်ပွဲဆိုတာက စစ်တက္ကသိုလ်ကနေတာထွက်ပြီး ရွာတွေတောတွေကိုဖြတ်ပြေး
ပြီးတော့မှစစ်တက္ကသိုလ်ကို ပတ်ပြီး ပန်းဝင်ရတဲ့ မိုင်ရှည်အပြေးပြိုင်ပွဲပါ။ အနော်ရထာ၊ ဘုရင့်နောင်၊ အောင်ဇေယျဆိုတဲ့တပ်ရင်းသုံးရင်းအပြိုင်နွှဲကြတဲ့ပွဲပေါ့ဗျာ။ တနည်းဆိုရရင်မိမိရဲ့ 

ဂုဏ်သိက္ခာ၊ မိမိတပ်ခွဲရဲ့ ဂုဏ်သိက္ခာ၊  တပ်ရင်းရဲ့  ဂုဏ်သိက္ခာ၊ မိမိအပါတ်စဉ်ရဲ့ ဂုဏ်သိက္ခာ၊
စစ်တက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာကို အရိုးကြေကြေအရေခမ်းခမ်းမြှင့်တင်ကြတဲ့ပွဲပါ။ လေ့ကျင့်သား
ပြည့်ဝနေကြတဲ့ သန်မြန်ဖြတ်လတ်တဲ့ လူငယ်တွေရဲ့ ပြိုင်ပွဲဆိုတော့ တာထွက်တာနဲ့ 
အားသွန်းပြေး ကြတယ်။ ဒီလိုနဲ့ ကျတော်လဲ ပန်းဝင်တဲ့နေရာမှာ ရောက်နေခဲ့တယ်။
ကျတော်နဲ့ အတူ တာဝန်ရှိသူတွေရော အားလာပေးကြတဲ့ နှစ်ကြီးနှစ်ငယ်ဗိုလ်လောင်းတွေရော
ပန်းဝင်လာမယ့် ဗိုလ်လောင်းတွေကို အအေးတိုက်ပြီး ကြိုဆိုနေတဲ့ စစ်တက္ကသိုလ်ရဲ့ မိသားစု ၀င်တွေရော ပန်းဝင်တဲ့နေရာမှာ စုရုံးလျက် အားပေးနေကြတယ်။ တစ်ဖွဲ့ ကိုတစ်ရာခန့်  နဲ့ ခုနှစ် ဖွဲ့ တာလွှတ်တယ်။ မကြာခင်မှာပဲ ပထမဆုံးလွှတ်တဲ့အဖွဲ့ ရဲ့ First man ကိုမြင်နေရတယ် စစ်တီး ၀ိုင်း ကသူ့ ကိုဂုဏ်ပြုပြီး စစ်သီချင်းတီးမှုတ်တယ်အားပေးသူဗိုလ်လောင်းတွေကလည်းသောသောညံညံ ၀င်လာတဲ့ ဗိုလ်လောင်းကအနော်ရထာတပ်ရင်းကဆိုတော့ အနော်ရထာကဗိုလ်လောင်းတွေ ရဲ့ အားပေး သံက ဟိန်းထွက်နေတယ်။ နောက်တော့ တစ်ယောက်ပြီးတစ်ယောက် ၀င်လာကြ တယ်။ ဘေးကစီနီယာဗိုလ်လောင်းတွေကလည်း ပန်းဝင်လာတဲ့ နှစ်ငယ်ဗိုလ်လောင်းတွေနောက်လိုက်ပြေးပြီးအော်တယ်
"မင်းရှေ့ ကကောင်ကို ရအောင်လိုက်ကျော် မကျော်နိုင်ရင် မင်းညနေမနားရဘူး"
"နောက်ကကောင်ကျော်ရင် မင်းနာပြီမှတ် ကြားလား Second year"
အဲလိုနဲ့ ပန်းဝင်လာလိုက်ကြတာ ပထမအသုတ်ရဲ့ နောက်ဆုံးဗိုလ်လောင်းရောက်လာတဲ့အချိန်ပေါ့
ပန်းတိုင်က ဓါတ်မီးတိုင်နှစ်တိုင်စာပဲလိုတော့တယ်။ သူ့ ကိုကြည့်ရတာ သိပ်မပြေးနိုင်တော့ဘူး
ပန်းတိုင်ကိုမြင်ခါနီးတော့ စိတ်ကိုလျှော့ချလိုက်တယ်ထင်ပါတယ်။ ကြွက်တက်ပြီး ခွေကနဲ လဲကျသွားတယ်။
သာမာန်အပြင်က မာရသွန်ပြိုင်ပွဲတွေမှာဆိုရင်တော့ သူနာပြုတွေချက်ချင်းလာပြီး
ထမ်းထုတ်သွားမယ်လို့ ကျတော်ထင်တယ်။ ဒါပေမယ့် စစ်တက္ကသိုလ်မှာတော့ သူ့ နားကိုဝိုင်းလာတာ သူနာပြုတွေမဟုတ်ပဲ စီနီယာနှစ်ကြီးဗိုလ်လောင်းတွေဖြစ်နေတယ်။တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။
"Second year မင်းစိတ်ဓါတ်မရှိဘူးလား"
"ဟေ့ကောင်မင်းယောက်ကျားမဟုတ်ဘူးလား"
"စစ်တက္ကသိုလ်ကွ မင်းသေသွားတောင်လက်နက်ချလို့ မရဘူး ကြားလားဟေ့ကောင်"
"မင်းပန်းဝင်ကိုဝင်ရမယ်ကြားလား Second year"
"မင်းစိတ်ဓါတ်ဒါအကုန်ပဲလားကွ ဟေ့ကောင် မင်းမရှက်တတ်ဘူးလား"
ကျနော့်ဘေးနားက အားပေးနေတဲ့ ရဲမေတစ်ချို့ ပြောသံကြားရတယ်။
"ဟယ်...ဗိုလ်လောင်းလေးသနားပါတယ်"
"အေးဟယ် မညှာမတာပြေးခိုင်းနေတာ"
"ပြေးမှမပြေးနိုင်တော့တာ ပန်းဘယ်လိုလုပ်ဝင်မှာလဲ အဲဒါကိုအတင်းပြေးခိုင်းနေတယ်ဟယ်။"
"မပြေးနိုင်လဲ မပြေးခိုင်းနဲ့ တော့ပေါ့ ဘာဖြစ်တာကြနေတာပဲ။"
ကျတော်စိတ်ထဲကနေ သူတို့ ကိုပြန်ပြောမိလိုက်တယ်။
"ဟုတ်ပါတယ်...ဘာမှမဖြစ်ပါဘူး
ဒါပေမယ့် သူဟာလွယ်လွယ်နဲ့ အရှုံးပေးတတ်သွားလိမ့်မယ် "လို့ ပါ။
ကျတော်တွေးနေတုန်းမှာပဲ ခုဏက လဲကျနေတဲ့ဗိုလ်လောင်းဟာ ဒူးထောက်ပြီး
ထထိုင်လာတယ်။ သူ့ ကိုကြည့်ရတာတော်တော်မောနေပုံပါပဲ။ ဘေးကစီနီယာတွေကလည်း
"ဟုတ်ပြီ..ထစမ်း"
"အဓိကက စိတ်ဓါတ်ပဲကွ ပြေးစမ်း "
အစရှိသည်ဖြင့်အော်နေတယ်။ အဲအချိန်မှာ လဲနေတဲ့ဗိုလ်လောင်းက ကြွက်တတ်နေတဲ့ ခြေသလုံးကို သူ့ ဖိနပ်ကြိုးနဲ့ စည်းတယ်။ နောက်ပြီး ထော့နင်းထော့နင်းနဲ့ 
ပန်းတိုင်ဆီသို့ ထပြေးတယ်။ သူထပ်ပြီးလဲကျတယ်။ ပြန်ထတယ်။ ဘေးက အားပေးသံတွေက
မိုးထိညံနေတယ်။ ကျတော်တို့ လဲ သူ့ ကိုစိတ်ဝင်တစားကြည့်နေကြတယ်။နောက်ဆုံး
သူ အော်ပြီး ပန်းတိုင်ဆီသို့ ညှစ်ပြေးတဲ့အချိန် ကျတော်ကြက်သီးထမိတယ်။
D S A ကွ...........................................။
သူပန်းဝင်သွားတယ်။ ပန်းတိုင်မှာပဲ သူလဲကျတယ်။ ဆေးအဖွဲ့ က သူ့ ကိုထမ်းခေါ်သွားတာကျတော်တွေ့ တယ်။ရဲမေတွေဟာပန်းဝင်သွားတဲ့ ဗိုလ်လောင်းလေးကိုကြည့်ပြီး အံ့သြနေကြတယ်။ ခုနက သူ့ ကို ခြိမ်းခြောက် ကြိမ်းမောင်းနေတဲ့စီနီယာတွေက သူ့ နားရောက်လာပြီး သူ့ ကိုအားပေးနေကြတာတွေ့ လိုက်တယ်။ ကျတော့်ညီငယ်ဗိုလ်လောင်းတွေကို
ကျတော်လေးစားပါတယ်။
ဒီလိုနဲ့ ဒုတိယအသုတ်က First man ထပ်ပြီးပန်းဝင်လာပြန်တယ်။ စစ်တီးဝိုင်းကလဲ
ဂုဏ်ပြုသီချင်းတီးတယ်။ နောက်ကနေတစ်ရှိန်ထိုး ပန်းဝင်လာတဲ့ ဗိုလ်လောင်းတွေနဲ့ 
အားပေးသူတွေအသံဟာ ညံထွက်နေတယ်။ ကျတော်ကြည့်နေရင်းမှာပဲ အားပေးသံဟာ အရမ်းကျယ်လောင်စွာထွက်လာတာကိုသတိပြုမိတယ်။ အဲဒါနဲ့ လှမ်းကြည့်လိုက်တာ
ဗိုလ်လောင်းလေးတစ်ယောက် ရင်ဘတ်ကိုဖိပြီး ဖြေးဖြေးချင်းပြေးလာတာတွေ့ လိုက်ရတယ်။
အောင်ဇေယျတပ်ရင်းကပါ။ သူ့ ကိုအားလုံးက၀ိုင်းအားပေးတယ်။ ဘုရင့်နောင်က နောက်ဆုံးနှစ်ဗိုလ်လောင်းက သူ့ ဘေးကနေအားပေးနေတယ်
"ပြေးထားညီလေး ပန်းတိုင်ကိုမြင်နေရပြီ"
တပ်ရင်းမတူတာတောင် သူ့ ကိုအားလုံးက ၀ိုင်းအားပေးနေကြပါလားဆိုပြီး ကျတော့်
ဘေးနားရပ်နေတဲ့ ဗိုလ်လောင်းကိုမေးကြည့်တယ်။
"ဘာလို့ အဲလောက်အော်နေကြတာလဲကွ"
"သူကဒီနေ့ မနက်မှဆေးရုံဆင်းတာဗိုလ်ကြီး။ ဆေးနားရတာကို မနားပဲနဲ့  ၀င်ပြေးတာ။ သူ့ တပ်ခွဲအမှတ်လျော့မှာဆိုးလို့ တဲ့။
ကျန်းမာရေးကသိပ်မကောင်းသေးဘူး ။ အားလုံးက သူ့ ကို ပန်းမ၀င်နိုင်ဘူးလို့ ပဲထင်ထားကြတာ။
ပြေးနိုင်သလောက်ပဲပြေးဘို့ တောင် သူ့ တပ်ခွဲမှုးကမှာထားတာ။"
"အခုပန်းဝင်လာလို့ အားပေးနေကြတာ"
"အော်...ကောင်းပါတယ်ကွာ"
ဒီဗိုလ်လောင်းလေးရဲ့ စိတ်ဓါတ်ကိုလဲ ကျတော်လှိုက်လှိုက်လှဲလှဲချီးကျူးမိပါတယ်။ ဒီလိုနဲ့ ပဲကျတော်အတွေးနယ်ပယ်ချဲ့ မိတော့တယ်။
ဒါတွေဟာဘာကြောင့်လဲ။ အပြင်မှာဆိုရင်တော့
လဲကျနေသူကို ၀ိုင်းထူကြလိမ့်မယ်။ ကျတော်တို့ ဆီမှာတော့ လဲကျနေသူကို
ပြန်ထခိုင်းတယ်။ ညှာတာမှုကင်းမဲ့တယ် သနားကြင်နာစိတ်မရှိဘူးလို့ ထင်ကောင်းထင်နိုင်ကြလိမ့်မယ်။ ကျတော်တို့ တပ်မတော်ရဲ့ 
အဓိကအရာဟာ စိတ်ဓါတ်ပါပဲ။ ဘယ်အခြေနေရောက်ရောက် စိတ်ဓါတ်ကိုအမြင့်ဆုံးမှာ
ထားနိုင်ဘို့ အဓိကလေ့ကျင့်ပေးခဲ့ကြတယ်။ တက်ကျိုးရင် လက်ထိုးလှော်မယ်ဆိုတဲ့စိတ်ဓါတ်ကိုအရင်းတည်ပြီး ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြဘို့ 
အဓိကပါပဲ။ အပေါ်မှာကျတော်ပြောခဲ့တဲ့ ဗိုလ်လောင်းလေးတွေရဲ့  နုနယ်သေးပေမယ့်
သူတို့ စိတ်ဓါတ်ဟာ သံမဏိလိုဖြစ်နေတာကို ကျတော်ဝမ်းသာဂုဏ်ယူမိတယ်။
သေချင်သေပါစေ ရည်မှန်းချက်ပြီးမြောက်အောင်လုပ်မယ်ဆိုတဲ့စိတ်သူတို့ မှာရှိနေကြပြီ။
ကျတော့်စီနီယာတစ်ယောက်ပြောတာသတိရမိတယ်
"မင်းတို့ ကိုမဖြစ်နိုင်တာမခိုင်းဘူး
အေးဒါပေမယ့် မဖြစ်နိုင်တာကိုလည်း ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓါတ်တော့မွေးထားဘို့ လိုတယ်။ အဲဒါကလူသေရင်တောင်နာမည်မသေဘူးကွ "
တပ်မတော်ဆိုတာ တြိဂံပုံပါ ထိပ်ဆုံးထောင့်ရယ် အောက်က အနားတွေရယ်
ဘေးက ကွာကျသွားတဲ့ဘေးသားတွေရယ်ဟာ ဘာကြောင့်ခံယူချက်တစ်မျိုးတည်းဖြစ်နေကြသလဲဆိုရင် အဲဒီစိတ်ဓါတ်တွေတူညီမှုကြောင့်ပဲလို့ ကျတော်ထင်တယ်။
(တုံးတိုက်တိုက်ကျားကိုက်ကိုက်စိတ်ဓါတ်
လှေခွက်ချည်းကျန် အလံမလှဲသည့်စိတ်ဓါတ်
စွန့် လွှတ်စွန့် စားသည့်စိတ်ဓါတ်)
(စွမ်းဆောင်ရည်ရှိသူတို့ အဖို့ ကြီးလေးသောတာဝန်ဟူသည်မရှိ)
ထူးဝေ

No comments:

Post a Comment