Monday, April 28, 2014

DSA NEVER SURRENDER ရာဇ၀င်

★ DSA NEVER SURRENDER 
စစ်တက္ကသိုလ် ဘယ်တော့မှ 
လက်နက်မချ - ဒေါ်စိန်အေး 
ရင်ခွင်မှ သား တစ်ဦး၏ သွေးနှင့်
 ရေးခြစ်ခဲ့သော DSA ကျောင်းဆင်း စိတ်ဓာတ် >★ မြန်မာနိုင်မှာ ရောင်စုံ သောင်းကျန်းသူတွေ ဗကပတွေ နေရာအနှံ့ ကြီးစိုးနေခဲ့စဉ် - ဟိုး . . မဝေးသေးတဲ့ တစ်ချိန်တုန်းကပေါ့ - - -
★ မြန်မာ့ တပ်မတော်ရဲ့ ရှေ့တန်း စခန်းကုန်း တစ်ခုမှာတော့ . . DSA ကျောင်းဆင်းခါစ ဒုဗိုလ်လေး တစ်ဦးဟာ တပ်စုလေးတစ်စုကို ကွပ်ကဲရင်း၊ အင်အားများပြားလှတဲ့ ရန်သူတွေရဲ့ တိုက်စစ်အဟုန်ကို အံတုရင်း၊ မဆုတ်တမ်း

ခံစစ်ဆင် နေခဲ့တယ် . .
★ သောင်းကျန်းသူတွေ အနေနဲ့ အင်အားများစေကာမူ ရက်တိုတိုနဲ့ စခန်းကုန်းကို မသိမ်းပိုက်နိုင်သေးဘူးတဲ့ . . .
★ သောင်းကျန်းသူတွေက ' ဒုဗိုလ်လေးတို့ တပ်စု ရဲ့ စိတ်ဓာတ်ကို လေးစားကြောင်း၊ ဒါပေမယ့် သူတို့မှာ အင်အား ရိက္ခာ ကျည်ဆံ အလုံအလောက်ရှိတာကြောင့် အချိန်ကြာရင် ဒီစခန်းကို သူတို့ရမှာပဲ အဲဒီတော့ အခုကတည်းက လက်နက်ချမယ်ဆိုရင် အသက်ချမ်းသာရာပေးမယ် သူတို့တပ်ဖွဲ့မှာ ခေါင်းဆောင် တစ်နေရာလည်းပေးမယ် ' . . စသဖြင့် လှမ်းအော် ပြောကြသတဲ့ . .
★ ဒါပေမယ့် DSA ကျောင်းဆင်း ဒုဗိုလ်လေးနဲ့ မြန်မာ့တပ်မတော်သားတွေဟာ ရိက္ခပြတ် ကျည်ကုန် အသက်သေ တဲ့အထိ ရဲရဲတောက် မဆုတ်တမ်း ခံစစ် ဆင်ခဲ့ကြပါတယ် . .
★ နောက်ဆုံးမှာ သောင်းကျန်းသူတွေသည် စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြတယ် သေနတ် ဒဏ်ရာနဲ့ သွေးအိုင်ထဲမှာ လဲကျနေတဲ့ ဒုဗိုလ်လေးရဲ့ အလောင်းကို သူတို့ တွေ့ကြရတယ်
★ သွေးနဲ့ ရေးခြစ်ထားတဲ့ စာတစ်ကြောင်းကိုပါ သူတို့ မြင်ခဲ့ကြတယ် - ဒုဗိုလ်လေးရဲ့ သွေးနဲ့ ENGLISH လို ရေးခြစ်ထားတဲ့ စာတမ်းက -
' DSA NEVER SURRENDER (စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ) '
နောက်ပိုင်းမှာ ဒါက DSA ရဲ့ သမိုင်းဝင် ဆောင်ပုဒ် တစ်ခု ဖြစ်သွားခဲ့တယ်။
Min Myanmar

2 comments:

  1. လာမယ့် ၈ လပိုင်း ၁ ရက်နေ့ (1-8-2014) [friday] ဆိုရင် အမိ စစ်တက္ကသိုလ်ရဲ့ နှစ် ၆၀ ပြည့် မွေးနေ့ရောက်ပါပြီ .. နောင်တော်များ ညီငယ်များ အနေနဲ့ အမိ စစ်တက္ကသိုလ်အတွက် အမှတ်တရရှိစေမယ့် profile picture တွေကို ပြောင်းလဲပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ် .. profile picture ပြုလုပ်ရန်၊ ရရှိရန် အခက်အခဲဖြစ်သူများလည်း အဆင်ပြေစေဖို့ မိမိနှစ်သက်ရာ ရွေးချယ်ပြောင်းလဲနိုင်စေဖို့၊ profile pic တချို့ကို တင်ပေးလိုက်ပါတယ်ခင်ဗျာ .. link တွေကတော့ ..

    ReplyDelete
  2. link (1) https://www.facebook.com/photo.php?fbid=772427879475044&set=pcb.772432849474547&type=1&theater

    ReplyDelete