Saturday, April 26, 2014

ဒီလိုလူငယ်လေးတွေ အများကြီးလိုပါတယ်

အသက် ၂၀ ၀န်းကျင် အရွယ်လူငယ်လေး တစ်ယောက်။ ပုံစံက ခပ်အေးအေး။ ဆံပင်ကို သပ်သပ်ရပ်ရပ် ဘေးခွဲ ခွဲထားတယ်။ ကားပေါ် မှာ ငြိမ်ငြိမ်သက်သက်ပဲ ဂျာနယ်ဖတ်နေတယ်။ ခရီးသွားမယ့်သူတွေထဲမှာ အုပ်စု တစ်စုပါတယ်။ သူတို.အုပ်စု ကားပေါ်တက်လာကတည်းက ကားပေါ်မှာ သူတို.ပဲရှိတဲ့အထာနဲ. အော်ကြီး ဟစ်ကျယ်  ပြောနေကြတယ်။ တစ်ခြား ခရီးသည်တွေကို ဖုတ်လေတဲ့ ငပိ ရှိတယ်
လို.တောင်မထင်တဲ့ပုံ။
ဖြစ်ချင်တော့ ကောင်လေးထိုင်ခုံက လူရမ်းကားအုပ်စုရှေ.တည့်တည့်ကခုံ။
တစ်ခြားခရီးသည်တွေရဲ့မျက်နှာတွေမှာကလူရမ်းကားအုပ်စုကိုကြည့်မရလို.တင်းနေတဲ့ပုံစံပေါက်နေ
ပေမယ့်ဒီကောင်လေးမျက်နှာကတော့ ပုံမှန်ပဲ။ အားလုံးကို ဥပက္ခာပြုထားတဲ့ပုံပေါက်နေတယ်။ ရုတ်တရက် ဂျာနယ်ဖတ်နေရင်းနဲ. သူ.နှာခေါင်းထဲမှာ ရာဘာနံ.တစ်ခုရလိုက်တယ်။ ဖိနပ်ကလာတဲ့ ရာဘာနံ.။
မသင်္ကာလို.နောက်လှည့်ကြည့်လိုက်တော့ နောက်ကအုပ်စုထဲကတစ်ယောက်ရဲ့ဖိနပ်ကသူ.ခေါင်းကို လာထိတော့မယ်။ သူ.ခုံပေါ်ကို နောက်ကနေ ခြေထောက်လှမ်းတင်ထားတာ။ ကောင်လေး က ရုတ်တရက် နောက်ကိုပြန်ကြည့်လိုက်တော့ "မင်းကဘာကြည့်တာလည်း"တဲ့။ မကျေနပ်ဘူး လား ဆိုတဲ့သဘော။ ဘေးကခရီးသည်တွေ ကောင်လေးအတွက် စိုးရိမ်သွားကြတယ်။ ကောင်လေးက တည်တည်ငြိမ်ငြိမ်ပဲ ပြုံးပြပြီး "ဘာမှမဟုတ်ပါဘူး.. အစ်ကိုကြီးတို.ပြောနေတာတွေကို စိတ်ဝင်စား လို. နောက်လှည့်ပြီး နားထောင်မလို.ပါ" လို.ပြောလိုက်တော့ လူရမ်းကားအုပ်စု သဘောကျသွား တယ်။ လူမိုက်တွေဆိုတာ အမြှောက်ကြိုက်တယ်မလား။

သူတို.စကားဝိုင်းထဲကို ကောင်လေးဝင်သွားတယ်။ ကောင်လေးပုံစံက သူတို.ပြောနေတာတွေကို
လေးစားအားကျနေတဲ့ပုံ။ သူတို.စကားပြောတာ နားထောင်နေရင်းနဲ. တစ်ခါတစ်ခါ "ဟုတ်လား .. မိုက်တယ်ဗျာ.. ခင်ဗျားတို.ကို အားကျတယ်" ဆိုတဲ့ အမြှောက်စကားလုံးလေးတွေ ထည့်ထည့်ပေးတယ်။ ဟိုအဖွဲ.ကလည်း သူတို.တပည့်တစ်ယောက်တိုးလာပြီဆိုပြီး ငါကွဆရာကြီးဆိုတဲ့ ပုံစံတွေပေါက်လာပြီး
ကောင်လေးကိုလည်း ခင်သွားတယ်။ လူမိုက်တွေဆိုတာ တပည့်လိုချင်ကြတယ်လေ။ရုတ်တရက် သူတို.အုပ်စုထဲကတစ်ယောက်က "ဆေးလိပ်သောက်ကြမယ်ကွာ"ဆိုပြီး စကားစတယ်။ Air-con ကားပေါ်မှာ ဆေးလိပ်သောက်ဖို.ပြောပြီဆိုကတည်းက အခြေအနေက မကောင်းတော့ပါဘူး။ အဲချိန်မှာ ကောင်လေးက

"ကျွန်တော်တစ်ခုလောက် အကြံပြုချင်ပါတယ်။ အစ်ကိုတို.ကို အကြံပြုတာပါ..
ဆရာဝင်လုပ်တာတော့မဟုတ်ပါဘူး။ အကိုတို.လို မီးကျောင်းမင်းတွေကို ကျွန်တော်လို ပုဇွန်ဆိတ်လေးက ရေခင်းလည်းမပြရဲပါဘူး။ ခုချိန် ကားပေါ်မှာ ဆေးလိပ်သောက်လို. အဆင်မပြေလောက်ဘူးအကိုတို.ရ။ဘာလို.လည်းဆိုတော့ ကားပေါ်မှာ အကိုတို. ... ကျွန်တော်တို.ရဲ့ မိဘအရွယ်လောက်ရှိတဲ့လူကြီးသူမတွေ ပါလာတယ်။ သူတို.က ဆေးလိပ်နံ.ခံနိုင်မှာမဟုတ်ဘူး။ အဲဒီတော့ ဒီလိုလုပ်။ ခု.. ကျွန်တော်တို. စကားဝိုင်းကို
ရပ်လိုက်မယ်။ နားကြမယ်။ မြို.ပေါ်ရောက်မှ ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင်ရင်း
အေးအေးဆေးဆေးထပ်ပြောကြတာပေါ့ဗျာ... ဘယ်လိုလည်း" ။ လူရမ်းကားအုပ်စု
ကောင်လေးရဲ့အကွက်ထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါပြီ။ ကောင်လေးရဲ့စကားကို ကန်.ကွက်မဲမရှိ သဘောတူကြတယ်။

တစ်ကယ်တော့ ကားပေါ်ကခရီးသည်တွေကို အေးအေးဆေးဆေး နားစေချင်တဲ့အတွက် ထက်မြက်တဲ့
ကောင်လေးက အရဲစွန်.လူရမ်းကားအုပ်စုထဲဝင်ရောပြီး ပြဿနာကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းသွားတာပါ။ ပထမရင်းနှီးမှုယူတယ်။ ဒုတိယ ကိုယ်လိုချင်သလို ပုံသွင်းလိုက်တယ်။ ကဲ.. အသက်၂၀ လူငယ်လေးတစ်ယောက်အနေနဲ.ပြဿနာတစ်ခုကို ဖြေရှင်းသွားပုံက ဘယ်လောက်အတုယူဖို. ကောင်းလည်းဗျာ။ ရန်ကုန်-ပွင့်ဖြူဆွဲတဲ့ "ရွှေပွင့်ဖြူ" အဝေးပြေးကားပေါ်မှာ ကြုံလိုက်ရတဲ့ တစ်ကယ့်အဖြစ်အပျက်လေးပါ။

ထိုက်သူ

No comments:

Post a Comment