Thursday, April 3, 2014

လိုက်ကြမလားကွယ့် သူငယ်ချင်းတို့ရေ..

တပ်ပိုင်မြေကို ကျူးကျော်နေထိုင်တဲ့ သမီးလေး ကျေးရွာ က မိသား စုတွေကို အစိုးရက နေရာ အစား
ထိုးပေးခဲ့ပေမယ့်လည်း အစိုးရပေးတဲ့ နေရာမှာ မနေနိုင်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့တိုင်း ရင်းသားလက်နက်ကိုင်  DKBA ခေါ်ဆောင် သွားမယ့်

 နေရာမှာ သွားရောက်နေထိုင်
မယ်လို့ သိရပါတယ်။ဒီလို သိရတော့ သြော်…အစိုးရစီမံပေးတဲ့ ကားလမ်းဘေးမှာ
မနေနိုင်လို့ တောထဲ သွားနေကြဖို့ ဆုံးဖြတ်ကြလေခြင်းလို့ ထင်မိပါရဲ့။ဒါဟာလည်း ကိုယ့်အတွေးနဲ့ ကိုယ်ပါလေ..။ DKBA က သမီးလေးကျေးရွာက အိမ်ထောင်စုတွေ ပြောင်းရွေ့ဖို့အတွက် ကို ၁၂ ဘီးကားကြီး ၅ စီးနဲ့ DKBA ဌာနချုပ်ရှိတဲ့ဆုံစည်းမြိုင်ကို ခေါ်သွားမယ်လို့ သိရတယ်။ ဒီတော့ တစ်ချက်စဉ်းစားမိတာ က သမီးလေးရွာကအိမ်ထောင်စုတွေကို DKBA ကတော့ ရည်ရွယ်ချက် နဲ့ အသုံးမကျပဲနဲ့တော့ ခေါ်မှာ မဟုတ်တန်ရာဘူး။

ဒီသမီးလေးကျေးရွာက အိမ်ထောင်စု ၆၄ စု အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကျေးရွာ သစ်တွေမှာမနေနိုင်ဘူးဆိုပြီးDKBA ခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်ပြီးတော့မှ.. ဓာတ်ရှင်ကားတွေထဲကလို ကျွန်မ မှားပါတယ်မေမေ လို့ ခြေထောက်လေးပြေးဖက် တဲ့ ဇာတ်ဝင် ခန်းလို့ တကယ့်လက်တွေ့က မလွယ်လှပါဘူး။ အမှန်တော့ DKBA က သမီးလေး အိမ်ထောင်စုတွေ ကို မေတ္တာ တည်းဟူသော စိတ်နဲ့တော့ ခေါ်ခဲ့ဟန် မဖြစ်တန်ရာဘူး။အဖွဲ့အစည်းအတွင်း မှာ ငြိမ်း ချမ်းရေးလိုလားတဲ့အုပ်စုနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးမလိုလားတဲ့ အုပ်စု ဆိုပြီး နှစ်စု ကွဲလွဲမှုတွေ ရှိနေတဲ့ DKBAမှာ လျော့နည်းလာတဲ့ အင်အားတွေ ဖြည့်တင်းဖို့လား ၊အခြား ရည်ရွယ်ချက်က ဘာလဲ ဆိုတာ DKBA တစ်ပါး ဘယ်သူမှ သိကြမှာတော့မဟုတ်ဘူး။ ဖွတ်ထွက်မှတောင်ပို့မှန်းသိ တယ်တော်..လို့ပြော ရရင် ဖွတ်ဆိုရင်ပြေးလို့ရသေးတာပါ့…ကျားထွက်လာမှ အနိစ္စသဘောနဲ့ ကိစ္စချောသွားမယ်မဟုတ်လား။

   အခုကတော့ ငါတို့ကို ၁၂ ဘီးကားကြီးနဲ့ ဂရုတစိုက်လာခေါ်တယ် ဆိုတဲ့အသိနဲ့ ပီတိ ဖြစ်ကောင်းဖြစ်နေချိန်မှာ ဒီစာက အပျက်သဘောဆောင်နေပေမယ့် သတိတရားလေးနဲ့ ဆင်ခြင်နိုင်ဖို့ပါ။ နောက်တစ်ခါ မကြာသေးခင်ကမှ ရခိုင်ဘက်မျာ ပြဿနာ တက်ထားတဲ့ NGO အဖွဲ့စည်းတွေကို DKBA အနေနဲ့ ဖိတ်ခေါ်ပြီး သမီးလေးအတွက် ကယ်ဆယ်မစတော်မူကြပါလို့ အလှူငွေတွေ ကောက်ခံတာတွေ လုပ်လာပြီး မျောက်ပြဆန်တောင်းလုပ်တော့ မှ မျောက်ကလေး ဘ၀ဟာ ခါးကြိုးတန်းလန်းနဲ့ ကူရာကယ်ရာမဲ့တဲ့ အသုံးတော်ခံဘ၀နဲ့ နေနေကြရမယ်ဆိုတာ သတိရစေချင်ပါတယ်။

မင်းနော်


No comments:

Post a Comment