Monday, April 28, 2014

မြန်မာနိုင်ငံနှင့် ဒီမိုကရေစီခရီးလမ်း

၂၀၁၀ ကနေ ...
၂၀၁၅ အထိ တာဝန်ယူနေတဲ့ ...
ဦးသိန်းစိန် အစိုးရ ဘာလဲလို့  မေးရင် ...
အသွင်ကူးပြောင်းရေး ...
ကြားခံ အစိုးရတစ်ရပ် ဖြစ်တယ်ဆိုတဲ့ အကြောင်း ...
ကျွန်တော် ပြောခဲ့ရေးခဲ့ဖူး ပါတယ် ...

ကောင်းပါပြီ ...
အသွင်ကူးပြောင်းရေး အစိုးရရဲ့ ...
ရည်မှန်းချက် တာဝန်တွေထဲက တစ်ခုဟာ ...
ဘာများ ဖြစ်နိုင်ပါမလဲ ...

စနစ်တစ်ခုက စနစ် တစ်ခု …
ခေတ်တစ်ခုက ခေတ် တစ်ခု …
သမိုင်း တစ်ခုက သမိုင်းတစ်ခု ကို ကူးပြောင်းချိန်မှာ …
စနစ်တကျ ချောချောမွေ့ မွေ့  …
ညင်သာစွာ ကူးပြောင်းသွားနိုင်ဖို့ ပဲ ဖြစ်နိုင်ပါတယ် ….

မြန်မာနိုင်ငံဟာ …
ဘယ်အချိန်တုန်းကမှ ….
ဒီမိုကရေစီ ရေခံမြေခံတွေ …
ကောင်းမွန် ထွန်းကား ခဲ့တဲ့  နိုင်ငံမဟုတ်ခဲ့ပါဘူး…

ကိုလိုနီခေတ်ဦး မှာ ကတည်းက ….
တောင်တန်း နဲ့ ပြည်မကို ခွဲခြားအုပ်ချုပ်ခံခဲ့ရပြီး ….
များပြားလှတဲ့  လူမျိုးစုတွေ …
အတိတ်သမိုင်း ဖြစ်ရပ်တွေ …
ဘေးပတ်ချာလည်က အင်အားကြီး နိုင်ငံကြီးတွေ …
အစွန်းရောက် လက်ဝဲ လက်ယာ အယူဝါဒတွေဟာ ….
လွတ်လပ်ရေး ရပြီး သုံးလ အကြာမှာပဲ …
ကမ္ဘာ့  အရှည်ဆုံး ပြည်တွင်းစစ်ကြီးကို …
မွေးဖွားပေးခဲ့ပါတယ် …

ဒီ စစ်နဲ့ အတူ …
မြန်မာ့နိုင်ငံရေးလောက မှာ လဲ …
ငါ နဲ့  မတူ ငါ့ ရန်သူ …
ရန်သူ ကို အပြတ်ရှင်းရမယ် ဆိုတဲ့  …
အစွန်းရောက် ရယ်ဒီကယ် အစွဲတွေဟာ…
ရှင်သန်ကြီးထွား ဖွံ့ ဖြိုး လာခဲ့ပါတယ် …

မြန်မာပြည်ဟာ …
၁၉၄၈ က ၁၉၆၂ အထိ ပါလီမန် ဒီမိုကရေစီ ခေတ် …
၁၉၆၂ က ၁၉၈၈ အထိ ဆိုရှယ်လစ် ခေတ် …
၁၉၈၈ က ၂၀၁၀ အထိ စစ်အစိုးရ ခေတ် …
စတဲ့ ခေတ်ကာလ ကြီး သုံးခုကို ဖြတ်သန်းခဲ့ရပါတယ် …

အဓိပ္ပာယ်ကတော့ ….
ဒီကနေ့ အသက် ၅၂ နှစ် ရှိတဲ့ သူ တစ်ဦးဟာ …
ပါလီမာန် ဒီမိုကရေစီ ခေတ်ကို ….
လုံးဝ မမီလိုက်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ ….

တိုင်းပြည်မှာ ရှိတဲ့ လူအများစုက ….
ဆိုရှယ်လစ် ခေတ် …
စစ်အစိုးရ ခေတ် တွေမှာပဲ ….
ကြီးပြင်းလာရတဲ့ အတွက် ….
လက်ရှိ ကာလမှာလဲ ….
ဒီခေတ် ဒီစနစ်တွေ ရဲ့ ….
စဉ်းစားတွေးခေါ်ပုံ အယူအဆတွေကပဲ …
လူအများစုကို လွှမ်းမိုးထားနေတုန်းလဲ ဖြစ်ပါတယ် ….

စနစ် က ဒီမိုကရေစီ …
လူတွေ က ဆိုရှယ်လစ် ….
စနစ်က ဒီမိုကရေစီ …
လူတွေ က အာဏာရှင် ဆိုလို့ ကတော့ ….
နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ် ဆိုတဲ့  စကားဟာ ….
ဟာသ သက်သက် မဖြစ်နိုင်လောက်ပါဘူး …

လက်ရှိ အသွင်ကူးပြောင်းရေး အစိုးရ ရဲ့  ….
အဓိကတာဝန်ဟာ …
ကိုယ် ကျင့်သုံးမယ့်  ဒီမိုကရေစနစ် နဲ့  …
လက်လျောညီထွေရှိမယ့် Mind Set တွေ ….
ဖွံ့ ဖြိုး ရှင်သန်လာစေရေး ပဲ ဖြစ်ပုံ ရပါတယ် …

ဒီ အစိုးရ လက်ထက် သုံးနှစ်အတွင်း …
ဘာတွေပြောင်းလဲ ခဲ့  ပြီးပါပြီလဲ ….
ဟုတ်ကဲ့  …
ကျွန်တော်တို့ စိတ်ဓာတ်တွေ အမြင်တွေ ….
အထိုက်အလျောက် ပြောင်းလဲ…
အတွေ့ အကြုံ ရခဲ့ ရပါပြီ …

ဥပဒေနဲ့ အညီ ဆန္ဒပြ တာဟာ …
တားဆီးဖို့  မသင့်တဲ့  အရာတစ်ခုလို့  …
အောက်ခြေ တာဝန်ရှိသူ ၀န်ထမ်းတွေပါ …
သဘောပေါက်စ ပြုလာသလို ….
ဆန္ဒထ ပြတိုင်း ….
လက်ခုပ်တဖြောင်းဖြောင်း တီးစရာမလိုဘူးလို့ လဲ …
ပြည်သူတွေ သဘောပေါက်စ ပြုလာပါပြီ ….

မင်း ပြောတာ မင်း လုပ်တာ ….
မင်း လွတ်လပ်ခွင့် ….
ငါ ပြောတာ ငါလုပ်တာ …
ငါ့ လွတ်လပ်ခွင့် …

မင်း လွတ်လပ်ခွင့် ဟာ …
ငါ့ လွတ်လပ်ခွင့် နဲ့ ထိပ်တိုက် တွေ့ ချိန်မှာ …
အဆုံးသတ် တယ် …
ငါ့ လွတ်လပ်ခွင့်ဟာ …
မင်း လွတ်လပ်ခွင့် နဲ့ ထိပ်တိုက်တွေ့ ချိန်မှာ …
အဆုံးသတ် တယ် ….
ဆို တဲ့  အဓိပ္ပာယ်ကို လဲ ….
ကျွန်တော်တို့ လက်တွေ့ သင်ယူနေကြရပါပြီ …

ကျွန်တော်တို့  အတွက် …
ဒီအချိန် မှာ အရေးအကြီးဆုံးဟာ ….
ဘယ်သူ ဘယ်ဝါ သမ္မတ ဖြစ်ဖို့ ဆိုတာထက် ...
ဘာ ပြသနာမှ ကြီးကြီးမားမား မဖြစ်ဘဲ …
ဒီမိုကရေစီ စနစ်ကို …
အေးချမ်းငြင်သာစွာ ....
အဆင့်ဆင့် ကူးပြောင်းသွားနိုင်ဖို့ ပဲ ….
ဖြစ်ပါတယ် …

ကိုယ်ဖြစ်ချင်တာ မဖြစ်ရင် …
မဖြစ်ဖြစ်အောင် ….
ဥပဒေဘောင်ထဲက …
လွှတ်တော်ထဲက ….
နိုင်ငံရေးနည်းလမ်းနဲ့ ပဲ ကြိုးပမ်းရမှာပါပဲ …
တစ်ခြားနည်းလမ်းနဲ့  လုပ်ဆောင်ဖို့ ကို …
ဒီမိုကရေစီ စနစ်မှာ ခွင့်ပြုမထားပါဘူး ….

လိုချင်တာ မရရင်
လမ်းပေါ်တက် တိုက်ပွဲဆင်မယ် ဆိုတဲ့  ….
အယူအဆ ဟာ …
ဒီနေ့ ဒီခေတ်မှာ ...
လုံးဝ အပြီးသတ် စွန့် လွှတ်လိုက်သင့်ပါပြီ …

စနစ်တစ်ခုက စနစ်တစ်ခုကို ...
ကူးပြောင်းတယ်ဆိုတာ …
တကယ်ရော ….
လွယ်ကူတဲ့  ကိစ္စ တစ်ခု ဟုတ်ပါသလား…

ကမ္ဘာ့ နိုင်ငံ အများစု မှာတော့ …
သွေးထွက်သံယို အကြမ်းပတမ်း ဖြစ်ရပ်တွေ …
နောက်ကြောင်း ပြန်လှည့်သွားရတာတွေ နဲ့ ပဲ…
အဆုံးသတ် ရလေ့ ရှိတတ်ပါတယ် …

တကယ်လို့  ….
ကျွန်တော်တို့ စနစ်တကျ အသွင်ကူးပြောင်းနေတာ ….
အောင်မြင်သွားခဲ့ ရင်တော့ …
ကမ္ဘာ့ သမိုင်း မှာ ….
ထူးခြားတဲ့  Model အသစ်တစ်ခု ….
ဖြစ်လာနိုင်ဖွယ် ရှိပါတယ် …

ကျွန်တော်တို့ မှာ လိုအပ်နေတာကတော့ …
စိတ်ရှည်ပြီး မလောဖို့  …
အမြင်ကျယ်ဖို့ ပဲ ဖြစ်ပါတယ် …

ဥပမာ အနေနဲ့  ပြောရရင် ....
၂၀၁၀ အစိုးရ အသစ် တက်လာတဲ့ အချိန်မှာ ....
ဓာတ်ဆီကို နူန်းရှင် သတ်မှတ်ပြီး …
ပုဂ္ဂလိက ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ် …
လွှဲပြောင်းခါစမှာ …
ပုဂ္ဂလိက လုပ်ငန်းရှင်တွေ အနေနဲ့  ….
ဆီသယ်သဘောင်္တွေ ၊ ယာဉ်တွေ ….
ဆီလှောင်ကန်တွေ ၊ ဆီဆိုင်တွေ ၊ ၀န်ထမ်းတွေ …
တည်ဆောက် နေရသေးတဲ့ အတွက် …
ရလာဒ် က ချက်ချင်း ဖြစ်ပေါ်မလာပဲ ….
ဆီဆိုင်တွေမှာ ကျိတ်ကျိတ်တိုး …
တန်းစီခဲ့ရတဲ့  အချိန်ကာလတွေ…
သင်္ကြန်တွင်းဆို ….
ဆီဈေး ခေါင်ခိုက်နေအောင်တက်တဲ့ ကာလတွေကို …
မှတ်မိကြအုန်းမယ် ထင်ပါတယ် …

အခု လက်ရှိ အခြေအနေမှာတော့…
ဘယ်လိုများ ဖြစ်နေပါပြီလဲ …

တိုင်းပြည်ဟာ ...
တိုးတက်စ ပြောင်းလဲစ ပြုနေပြီ ဟုတ်မဟုတ် …
ပြန်စဉ်းစား ကြည့်စေချင်ပါတယ် …

တကယ်တော့ ဒီမိုကရေစီဆိုတာ …
ကျွန်တော်တို့ တိုင်းပြည်အတွက် …
ချီတက်စရာ အများကြီး ကျန်သေးတဲ့  …
ခရီးရှည်ကြီး တစ်ခုပဲ ဖြစ်ပါတယ် ..

တက်လာတဲ့ အစိုးရ အဆက်ဆက် …
ဒီမိုကရေစီ စနစ် အဓွန့် ရှည် ဖွံ့ ဖြိုးဖို့ …
လိုအပ်တဲ့ ရေခံမြေခံတွေ ပေါ်ပေါက်လာအောင် …
စိုက်လိုက်မတ်တတ် ဆက်လုပ်သွားရမှာပါ ….

ကိုယ် လုပ်နေတဲ့  ...
ကိုယ့် ပါတီ လုပ်နေတဲ့  လမ်း ဟာ ...
ဒီမိုကရေစီ ရေခံမြေခံ အခြေခံအဆောက်အအုံတွေ ...
ပို ဖွံ့ ဖြိုး တိုးတက်လာစေသလား ...
ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို ဆက်ကျင့်သုံးနေပြီး ....
လမ်းပိတ် တစ်ခုကို ဦးတည်နေသလားဆိုတာတော့ ...
ကိုယ့် ဖာသာကိုယ်ပဲ ...
ပြန် ဆန်းစစ်ကြည့်ဖို့  လိုပါတယ် ...

ဘယ်သူ ဘယ်ဝါ တက်မှ ဆိုတဲ့  …
ပုဂ္ဂိုလ်စွဲတွေ ပါတီစွဲတွေထက် …
တိုင်းပြည် ဖွံ့ ဖြိုးတိုးတက်ဖို့  အတွက် …
ပို အဆင်ပြေချောမွေ့ စေတဲ့  ….
ပို သေချာတဲ့  လမ်းကြောင်းကို ပဲ ...
လျှောက်လှမ်း ရွေးချယ်နိုင်ဖို့ …
နိုင်ငံရေး နယ်ပယ်ထဲက Player အားလုံးကို
တိုက်တွန်း လိုပါတယ် …

စစ်နည်းဗျူဟာ ဥပဒေသ တွေမှာ …
လျှင်မြန်မှုကို ဦးစားပေး ချီတက်ရင် …
လုံခြုံမှု လျော့နည်းပြီး …
မလိုလားအပ်တဲ့  အထိအခိုက် …
အဆုံးအရှုံးတွေ ဖြစ်ပေါ်စေပါတယ် …

လုံခြုံမှုကို ဦးစားပေးပြီး …
ရပ်သင့်တဲ့ နေရာရပ် …
ရှင်းသင့်တဲ့ ကုန်း ကို တက်ရှင်း …
ကားပေါ်က ဆင်းလျှောက်သင့်တဲ့ နေရာ လျှောက် …
စိတ်ရှည်ရှည် နဲ့  ချီတက်မယ် ဆိုရင် ….
နှေးပေမယ့် ....
အထိအခိုက် အကျအဆုံး ....
မရှိသလောက် နည်းပါးပြီး ...
နောက်ဆုံးမှာ ပန်းတိုင်ကို ခြေချမိတာပါပဲ ...

တစ်ခါတစ်လေမှာတော့ ....
ဝါ၀ါ မြင်တိုင်း ရွှေမထင်ဖို့ ပဲ ...
ဆိုချင်ပါတော့တယ် ခင်ဗျား ....

- ရဲမိုး

No comments:

Post a Comment